အပိုင်း(၁၃-၁)

4.7K 369 6
                                    

နင်...'စုဟုန်သူမကိုလက်ညှိုးတထိုးထိုးနဲ့ သူစိတ်ဆိုးလွန်းပြီးဘာမှကိုပြောမထွက်တော့ဘူး။သူတံခါးဖွင့်ပြီးအပြင်ထွက်လိုက်တော့တံခါးရှေ့မှာရှိ‌နေတဲ့ချောင်ချောင်ကသူ့မျက်နှာအမူအယာကိုကြည့်ကာ:'ဘာဖြစ်လို့လဲ?'
စုဟုန်ဒေါသထွက်နေတဲ့လေသံနဲ့ပြောလိုက်တယ်:'မင်းရဲ့သမီးလိမ္မာလေးကိုမေးကြည့်ရင်သိလိမ့်မယ်'
သူပြောတာလဲကြားရောချောင်ချောင်မျက်နှာဖြူဖျော့သွားပြီးကမန်းကတန်းပြန်ပြောလိုက်တယ်:'အားဟုန် စိတ်မဆိုးပါနဲ့။ကျွန်မသူနဲ့ပြောကြည့်ပါဦးမယ်'
စုဟုန်သူမပြောတာကိုဂရုမစိုက်ဘဲနဲ့ထွက်သွားလိုက်တယ်။
စုရန်စာကြည့်ခန်းကနေထွက်လာတော့:'အမေ ဝမ်ရှီရော?'
သူအောက်ထပ်မှာအိမ်အကူတစ်ယောက်နဲ့ထမင်းစားနေတယ်။သမီးနဲ့ပြောစရာရှိလို့ခဏလိုက်ခဲ့ဦး။
စုရန်သူမနဲ့အတူအခန်းထဲပြန်လိုက်သွား‌တော့ချောင်ချောင်ကသူမကိုပြတ်ပြတ်သားသားဘဲပြောလိုက်တယ်:'ရန်ရန် ဘာဖြစ်လို့သမီးအဖေကိုမကူညီချင်ရတာလဲ?'
'အမေ သူ....'
ချောင်ချောင်သူမစကားကိုဖြတ်ပြောလိုက်ကာ:'နင့်ရဲ့အကြောင်းပြချက်ကဘာလဲ နင်သူ့အတွက်ဘာတွေလုပ်ပေးခဲ့လဲငါဂရုမစိုက်ဘူး။ဘာဘဲဖြစ်ဖြစ်သူကနင့်အဖေဖြစ်နေတဲ့အတွက်သူတောင်းဆိုတာကိုနင်ကူညီပေးရမယ်'
'အမေ' စုရန်မျက်နှာပျက်သွားပြီးဘာပြန်ပြောရမလဲမသိဘူး‌ဖြစ်နေတယ်။
ချောင်ချောင်ကစိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်ဆိုင်ရာရောကျန်းမာတဲ့သူမဟုတ်ဘူး။စုရန်သူမကိုစိတ်ဆိုးအောင်လုပ်ဖို့မရည်ရွယ်ခဲ့ဘူး။စုရန် စုဟုန်ကိုဂရုမစိုက်လို့ရတယ်။ဒါပေမယ့်သူမကိုကျွေးမွေးစောင့်ရှောက်ခဲ့တဲ့‌ချောင်ချောင်ကိုတော့လစ်လျူရှုလို့မရဘူး။သူမတို့စုအိမ်ကိုမရောက်ခင်ကအမေတခုသမီးတခုဘဝနဲ့တစ်ယောက်ကိုတစ်ယောက်မှီခိုခဲ့ကြရတာ။
ချောင်ချောင်မှာအမှားမရှိဘူး။သူမမှားတာဆိုလို့စုဟုန်ကိုချစ်လွန်းတာဘဲရှိတယ်။စုဟုန်ကိုချစ်လွန်းလို့သူမကိုယ်သူမစိတ်လွတ်သွားတဲ့အထိဘဲ။
စုဟုန်သူမကိုအကြိမ်ကြိမ်နာကျင်စေခဲ့ပြီးဘာဂုဏ်ပုဒ်မှမပေးခဲ့တာတောင်စုဟုန်အတွက်ဆိုသူမဘာမဆိုလုပ်ရဲတယ်။နှစ်ပေါင်းများစွာလူတွေရဲ့ပြောဆိုတာကိုခံပြီးမိသားစုနဲ့သူငယ်ချင်းတွေနဲ့ဖယ်ကျင်ထားတာကိုလဲခံခဲ့ရတယ်။
စုရန်ကတော့ချောင်ချောင်သူမကိုချစ်တယ်ဆိုတာကိုယုံကြည့်တယ်။
ချောင်ချောင် စုရန်ကိုမချစ်တာလဲမဟုတ်ဘူး။ဂရုမစိုက်တာလဲမဟုတ်ဘူး။သူမနှလုံးသားထဲမှာတော့ထာဝရ စုရန် စုဟုန်ကိုမယှဉ်နိုင်ဘူး။
တခါတလေလဲချောင်ချောင်ရဲ့စိတ်အခြေ‌အနေကကောင်းနေတယ်။
'ဘာလို့ငါ့စကားကိုတောင်မနာခံရတာလဲ?'ချောင်ချောင် စုရန်လက်နှစ်ဖက်ကိုကိုင်လိုက်ပြီးသူမမျက်လုံးတွေကစုရန်ကိုကြည့်နေကာ:'ဘာလို့ငါ့အတွက်မစဉ်းစားပေးရတာလဲ?ငါသူ့ကိုအခက်အခဲတွေအများကြီးဖြတ်ကျော်ပြီးစောင့်ခဲ့ပြီးမှခုမှတူတူရှိရတာ။နင် ငါတို့နှစ်ယောက်ကိုခွဲချင်တာလား?ဟုတ်တယ် နင်ကငါတို့ကိုခွဲချင်နေတာဘဲ?အားလုံးကငါတို့ကိုခွဲချင်နေပေမယ့် ဘာလို့နင်ကပါလဲ?'
စုရန် သူမကိုကြည့်ပြီးတစ်ခုခုမှားနေပြီဆိုတာသိလိုက်တယ်။သူမလက်တွေနဲ့သူ့ပုခုံးကိုကိုင်လိုက်ပြီး:'အမေ စိတ်ထိန်းပါဦး သမီးပြောတာအရင်နားထောင်ပါဦး'
ချောင်ချောင် သူမလက်တွေကိုအားနဲ့ဖယ်လိုက်ပြီးအနောက်ကိုတဖြေးဖြေးဆုတ်သွားတယ်။စုရန် သူမကိုစိတ်ပူပြီးလှမ်းဆွဲချင်ပေမယ့် သူမလက်ထဲတုတ်တစ်ချောင်းဘယ်လိုရောက်လာလဲစုရန်သတိမထားမိလိုက်ဘူး။အဲ့ဒီတုတ်နဲ့ရုတ်တရက်စုရန်ရဲ့ကျောကိုလှမ်းရိုက်လိုက်တယ်။
ဒါစုရန်ကိုရိုက်တာပထမဆုံးမဟုတ်ဘူး။အရင်တုန်းကတော့သူမရှောင်လိုက်တယ်။ဒါပေမယ့်သူမရှောင်လေလေသူ့စိတ်တွေကပိုဆိုးလေလေဖြစ်မှာကိုစုရန်သိနေတယ်။သူမရဲ့အရင်စိတ်ရောဂါတွေပြန်ပေါ်လာမှာစိုးတဲ့အတွက်စုရန်မရှောင်တော့ဘူး။
ပြီးခဲ့တဲ့နှစ်တွေမှာသူမတဖြေးဖြေးကောင်းလာနေပြီ။သူမပြန်မဖြစ်တော့ဘူးလို့စုရန်ထင်နေခဲ့တာ။
'ဘာလို့နင်ကပါငါ့ကိုဒီလိုလုပ်ရတာလဲ?ဘာလို့လဲ?'ချောင်ချောင် ပြောပြောပြီးရိုက်နေတယ်။
'အမေ..'စုရန်သူမအားကိုမတောင့်ခံနိုင်တော့ဘဲကြမ်းပြင်ပေါ်ကိုဒူးထောက်ကျတဲ့အထိကိုအရိုက်ခံနေရတယ်။

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးजहाँ कहानियाँ रहती हैं। अभी खोजें