အပိုင်း(၁၉-၂)

4.5K 302 4
                                    

ဧည့်ခန်းထဲမှာထိုင်နေတဲ့ချန်ကျင်လဲကြားသွားပြီး ခေါင်းမော့ပြီးသူမကိုကြည့်လိုက်တယ်။သူ့မျက်နှာမှာတော့လှောင်ပြုံးနဲ့ပေါ့။

စုဟုန် စုန့်မိသားစုအိမ်ကိုဆက်လာမှတော့ စုရန်မကိုင်ချင်ပေမယ့်လဲ ဖုန်းကိုင်လိုက်ရတယ်။

သူမဖုန်းကိုင်ပြီးနောက် စုဟုန်ပြောလာတယ်: 'ရန်ရန် ဒီလောက်တောင်ဖုန်းအများကြီးခေါ်ထားတာ။ဘာလို့သမီးဖုန်းကိုကိုင်မယ့်လူမရှိတာလဲ? သမီးတခုခုဖြစ်နေတာလားလို့စိတ်ပူသွားတာဘဲ'

စုဟုန်ကအမြဲတမ်းအဲ့ဒီအတိုင်းဘဲ။သူမကိုသဘောမကျပေမယ့်လဲ စိတ်ပူသလိုအမြဲဟန်ဆောင်နေတာ။

'သမီးအဆင်ပြေပါတယ်' စုရန်သူ့ရဲ့ရည်ရွယ်ချက်ကိုသိနေလို့ သူဘာလို့ဖုန်းခေါ်လဲဆိုတာကိုမမေးတော့ဘူး။

ဧည့်ခန်းကဆိုဖာပေါ်မှာထိုင်နေတဲ့ချန်ကျင်က သူလုပ်စရာရှိတာကိုလုပ်နေပေမယ့်လည်း သူမကိုခဏခဏလှည့်‌ကြည့်နေတယ်။

'ရန်ရန် အရင်တုန်းကအဖေပြောထားတဲ့ကိစ္စကိုလေ စုန့်ထင်ယွီကိုပြောပြီးပြီးလား?'

စုရန်ငြိမ်နေတာကိုသူသတိထားမိသွားတော့ စကားဆက်ပြောလိုက်တယ်: 'အဲ့ဒီနေ့ကအဖေလွန်သွားတယ်ဆိုတာသိပါတယ်။ အဖေသမီးကိုတောင်းပန်ဖို့ဆက်လိုက်တာပါ။ဒဏ်ရာရောဘယ်လိုနေသေးလဲ?သမီးအမေစိတ်အခြေအနေကိုလဲသိရဲ့သားနဲ့။သူရိုက်တော့ဘာလို့မရှောင်တာလဲ?'

'အဖေ့မှာအမေ့ကိုအဲ့လိုပြောပိုင်ခွင့်မရှိဘူး။သူ့ကိုဒီလိုဖြစ်အောင်လုပ်တာဘယ်သူမို့လို့လဲ?' စုရန် စုဟုန်စကားဆုံးတာကိုမစောင့်ဘဲ ‌အော်ပြီးပြန်ပြောလိုက်တယ်။

စုဟုန် ချောင်ချောင်အပေါ်ခံစားချက်မရှိဘူးဆိုတာသူမသိနေပေမယ့် ဒီလိုမျိုးပြောထွက်လိမ့်မယ်လို့ မထင်ထားဘူး။

စုရန်ရဲ့အော်တာကိုခံရတော့ စုဟုန်မကျေနပ်မနပ်ဖြစ်မိတယ်။ဒါပေမယ့်လဲ စုရန်ဆီမှာအကူအညီကိုတောင်းနေရတာမို့စိတ်ရှည်ရှည်ထားနေရတယ်။သူချောင်းဟန့်လိုက်ပြီးစိတ်ရှည်ရှည်နဲ့ပြန်ပြောလိုက်တယ်: 'ဟုတ်ပြီ ဟုတ်ပြီ ဟုတ်ပြီ။အဖေဒီအကြောင်းမပြောတော့ဘူး။ဒါပေမယ့် အဖေ့ရဲ့ရင်းနှီးမြှုပ်နှံမယ့်အကြောင်းကို စုန့်ထင်ယွီကို ပြောပေးဖို့လိုအပ်တယ်နော်။အဖေကြည့်ရ‌တာတော့ သူသမီးကိုဂရုစိုက်တဲ့ပုံဘဲ။အဲ့ဒီလောက်ပိုက်ဆံကတော့ ပြဿနာမရှိလောက်ပါဘူး...'

'အဖေသမီးကိုအထင်ကြီးနေပါပြီ။သူ့ရင်ထဲမှာသမီးအတွက်နေရာမရှိဘူး။အဲ့တာကြောင့် သမီးအဖေ့ကိုကူညီပေးနိုင်မှာမဟုတ်ဘူး။အရင်ကလဲပြောပြီးပြီ။အဖေလိုအပ်ရင်ကိုယ့်ဘာသာမေးကြည့်ပါလား'

ကြည့်ရတာစုဟုန်သည်းခံနိုင်စွမ်းကုန်သွားတဲ့ပုံဘဲ။သူ့အသံကဒေါသတွေပါလာကာ: 'ငါ့ဘာသာမေးလို့ရရင်အစောကြီးကတည်းကမေးပြီးပြီ။ဘာလို့နင့်ဆီကနေအကူအညီတောင်းရမှာလဲ? စုရန် အခုငါနင့်ကိုအမှန်ပြောဖို့ကိုကြောက်မနေတော့ဘူး။ငါအဲ့ဒီစီမံကိန်းကို လုပ်မယ်လို့စီစဉ်ပြီးသွားပြီ။ရက်အနည်းငယ်အတွင်းမှာ ပိုက်ဆံထည့်ဖို့လိုလိမ့်မယ်။ငါပိုက်ဆံမထည့်နိုင်ရင် နောက်ဆက်တွဲဘာဖြစ်လာမလဲနင်သိပါတယ်။အဆိုးဆုံးကငါထောင်ထဲဝင်ရမယ်။စုအိမ်လဲဒေဝါလီခံရမယ်။နင့်အမေလဲ နောက်ဆက်တွဲခံစားရမယ်။သူငါ့ကိုအရမ်းချစ်တော့ရူးသွားမှာတောင်ငါကြောက်တယ်'

စုရန်အရမ်းကိုစိတ်တိုသွားပြီး: 'ဘာလို့ဒီလောက်တောင်အရှက်မရှိရတာလဲ'

စုဟုန်ခြောက်ကပ်စွာရယ်လိုက်ပြီး : 'နင်စဉ်းစားပြီးသာလုပ်တော့' ပြီးတာနဲ့သူဖုန်းချသွားလိုက်တယ်

ဖုန်းထဲကနေ 'ဒူ ဒူ' ဆိုတဲ့အသံကိုကြားပြီး စုရန် စိတ်မအေးနိုင်တော့ဘူး။

သူမဖုန်းချပြီး မော့ကြည့်လိုက်တော့ချန်ကျင်လဲသူမကိုကြည့်ပြီးမေးလိုက်တယ်: 'နင့်အဖေဘာလို့နင့်ကိုရှာတာလဲ'

စုဟုန်နဲ့ပြောနေတာကို ချန်ကျင်သေသေချာချာမကြားပေမယ့်လဲ ဘာအကြောင်းလဲဆိုတာတော့ခန့်မှန်း‌မိနေတယ်။

တောင်းဆိုစရာလေးရှိလိုပါ။သာသာရဲ့အမနဲညီမလေးတွေဖွင်ထားတဲ့online shopping pageလေးကိုအပန်းမကြီးရင်like and shareလေးလုပ်ပေးသွားကြပါနော်။😍
မနက်ဖြန်ကျရင်liveလေးလဲလွှင့်ပြီးဖုန်းbillလဲဖောက်ပေးဦးမှာ

တောင်းဆိုစရာလေးရှိလိုပါ။သာသာရဲ့အမနဲညီမလေးတွေဖွင်ထားတဲ့online shopping pageလေးကိုအပန်းမကြီးရင်like and shareလေးလုပ်ပေးသွားကြပါနော်။😍မနက်ဖြန်ကျရင်liveလေးလဲလွှင့်ပြီးဖုန်းbillလဲဖောက်ပေးဦးမှာ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now