အပိုင်း(၆၉)

3.8K 292 4
                                    

'စုန့်ထင်ယွီ...'

'ဟင်?.'  သူခေါင်းငုံ့လိုက်ပြီး သူမနားထင်လေးကိုနူးညံ့ညင်သာတဲ့အနမ်းပေးလိုက်တယ်။

'ကျွန်မဘာလို့ကိုယ်ဝန်မရသေးတာလဲ?'

သူမထပ်ပြီးမစောင့်နိုင်တော့ဘူး။သူမတို့ညတိုင်းနီးပါးအတူတူအိပ်‌နေပြပေမယ့် ဘာလို့သူမကိုယ်ဝန်မရသေးတာလဲ?

သူမအဲ့ဒီအကြောင်းကိုတွေးမိသွားတော့ အိပ်ချင်စိတ်ပျောက်သွားတယ်။

'ဒီလိုကိစ္စမျိုးကအလျင်လိုလို့မရဘူးလေ'

'ကျန်မတို့အလျင်မလိုလို့မရဘူးလေ...' စုရန်အသံတိုးတိုးလေး‌နဲ့ပြောလိုက်တယ်။

'မင်းဘာတွေစိတ်ပူနေတာလဲဆိုတာကိုယ်သိပါတယ်။ဒါပေမယ့်အရေးအကြီးဆုံးကစိတ်အခြေအနေကိုထိန်းထားဖို့လိုတယ်'

စုရန်တိတ်ဆိတ်သွားပြီး သူ့ကိုမော့ကြည့်လိုက်တယ်။သူမကိုယ်‌သူမရော သူ့ကိုရောပြောနေသလိုနဲ့ပြောလိုက်တယ်: 'ကျွန်မဆရာဝန်ပေးတဲ့ကိုယ်ဝန်ရအောင်ကူညီပေးတဲ့ဆေးကိုလဲ စားနေတာဘဲကို...'

'ရှင့်မှာပြဿနာရှိနေတာများလား?'

ဒီလိုမေးခွန်းမျိုးယောကျာ်းတွေကိုမေးတာက သူတို့ရဲ့မာနကိုလာထိပါးနေသလိုဘဲ။စုန့်ထင်ယွီမျက်နှာမဲမှောင်သွားပြီး မျက်လုံးတွေလဲအေးစက်လာကာ: 'ကိုယ့်မှာပြဿနာရှိနေလားမရှိဘူးလားဆိုတာမင်းသေချာမသိသေးဘူးလား?မင်းသေချာမသိသေးရင် နောက်တစ်ခေါက်ထပ်လုပ်ကြမလား?'

အဲ့ဒီစကားကိုကြားတော့ စုရန်ကြောက်သွားပြီး သူမလက်ကိုအမြန်ယမ်းပြလိုက်ကာ: 'မလုပ်ပါဘူး။မလုပ်ပါဘူး။မလုပ်ပါဘူး....'

အခုသူမတကိုယ်လုံးလဲအားတွေမရှိတော့ဘူး။မနက်ဖြန်ကျရင်သူမအိပ်ယာမထနိုင်တာမျိုးမဖြစ်ချင်ဘူး။

စုန့်ထင်ယွီညည်းတွားလိုက်ပြီး သူမခါးကိုသူနဲ့နီးအောင်ဆွဲဖက်ထားလိုက်တယ်။ပြီးတော့သူမီးပိတ်လိုက်ပြီး ဆွဲဆောင်မှုရှိတဲ့အသံနဲ့ပြောလိုက်တယ်: 'အများကြီးမတွေးဘဲနဲ့အိပ်တော့'

စုရန်ခေါင်းညိတ်ပြီးမျက်လုံးတွေကိုမှိတ်လိုက်တယ်။

သူမကိုယ်သူမအရမ်းကိုဖိအားပေးလွန်းလွန်းလို့စုရန်စဉ်းစားမိတယ်။ပြီးတော့လဲအခုတလောသူမရဲ့ကျန်းမာရေးအခြေအနေလဲမကောင်းဘဲ သူမရာသီလာတာလဲမမှန်တာ‌တွေကြောင့် က‌လေးရဖို့ခက်ခဲနေတာဖြစ်မယ်။

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now