အပိုင်း(၉၃)

3.3K 243 5
                                    

သူမအိပ်ယာပေါ်မှာခဏလောက်ထိုင်နေပြီး ရုတ်တရက်အန်ချင်သလိုဖြစ်လာတယ်။သူမမျက်မှောက်ကြုတ်လိုက်ပြီး ရေချိုးခန်းထဲကိုအမြန်သွားလိုက်တယ်။ဒါပေမယ့်သူမအန်ထုတ်လိုက်တော့လဲဘာမှမထွက်လာခဲ့ဘူး။

သူမလက်ဆေးလိုက်ပြီး မျက်နှာသစ်လိုက်တော့မှ‌နည်းနည်းနေလို့ကောင်းသွားတယ်။

အခုဒုတိယကိုယ်ဝန်ဆောင်တော့လဲပထမတုန်းကလိုဘဲဖြစ်လိမ့်မယ်လို့သူမမထင်ထားဘူး။

ရေချိုးခန်းထဲကနေပြန်ထွက်တော့ စုရန်တစ်ကိုယ်လုံးအားမရှိတော့ဘူးလို့ခံစားလိုက်ရတယ်။သူမဖုန်းကိုယူပြီးကြည့်လိုက်တယ်။

Wechatမှာသူမမဖတ်ရသေးတဲ့messageတွေကိုတွေ့သွားတယ်။

ထျန်မီပို့ထားတာဘဲ။မနေ့တုန်းကဖုန်းကသူမဆီမှာမရှိတော့ ဒီmessageကိုသူမမတွေ့ခဲ့တာ။

မနေ့ကမနက်၉နာရီတုန်းကပို့ထားတာဘဲ။

ထျန်မီရေးထားတဲ့messageကိုစုရန်ဖွင့်ကြည့်လိုက်တော့: 'ရန်ရန် ချန်ဟွမ်အဖွားဒီမနက်အစောကလေးတင်ဘဲဆုံးသွားပြီ'

စုရန်လက်တွေတောင့်သွားပြီး သူမမျက်လုံးထဲမှာကြင်နာတတ်တဲ့မျက်နှာလေးတစ်ခုပေါ်လာတယ်။သူမမျက်နှာချက်ချင်းဖြူဖျော့သွားပြီး မျက်လုံးတွေလဲစိုစွတ်လာတယ်။

သူမငယ်ငယ်တုန်းကအငယ်ကမွေးတဲ့သမီးဆိုပြီး လူတွေကသူမကိုရှောင်ဖယ်ထားပြီး သူမနဲ့ဘယ်သူမှသူငယ်ချင်းမလုပ်ချင်ကြဘူး။သူမတို့ဘေးအိမ်မှာနေတဲ့အဖွားကဘဲသူမကိုရင်းရင်းနှီးနှီးဆက်ဆံခဲ့တာ။

အဲ့ဒီအဖွားကလင်ချန်ဟွမ်ရဲ့အဖွားဘဲ။

စုရန်သူမကိုအဖွား‌လို့ခေါ်ရင် သူကအမြဲပျော်ပြီးပြန်ထူးခဲ့တာ။သူမလိုတော်ပြီးလိမ္မာတဲ့မြေးမလေးကိုရတာက သူကံကောင်းတယ်ဆိုပြီးအမြဲပြောခဲ့တာ။

အဖွားပင်စင်မယူခင်တုန်းကမူလတန်းကျောင်းဆရာမလုပ်ခဲ့တာ။အဲ့ဒါကြောင့်စုရန်ကိုခေါ်ပြီးစာတွေသင်ပေး၊ပန်းချီဆွဲတာတွေသင်ပေးပြီး တစ်ခါတလေသူ့မြေးလင်ချန်ဟွမ်အကြောင်းကိုပြောပြလေ့ရှိတယ်။

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now