အပိုင်း(၁၂-၁)

4.7K 343 3
                                    

စုရန်နှုတ်ခမ်းကိုကိုက်ကာခေါင်းညှိတ်ပြလိုက်တယ်။
စုန့်ထင်ယွီနှုတ်ခမ်းထောင့်လေးတွေကွေးသွားပြီးစွဲမက်ဖွယ်အပြုံးလေးပေါ်လာကာ:'ဒါဆိုငါ့ကို တောင်းပန်လေ'
'....'စုရန်လဲဘာမှမတတ်နိုင်ဘဲ'ကျွန်မတောင်းပန်ပါတယ်။ကျွန်မနဲ့အတူစုအိမ်ကိုလိုက်ပေးပါလား?'
စုန့်ထင်ယွီရယ်လိုက်ပြီး:'စုရန် ဒါကတောင်းပန်တဲ့ပုံစံနဲ့လဲမတူပါလား'
စုန့်ထင်ယွီလွယ်လွယ်နဲ့သူမကိုသဘောမတူဘူးဆိုတာစုရန်သိတယ်:'ရှင်ကဘယ်လိုလုပ်စေချင်တာလဲ'
စုန့်ထင်ယွီကြမ်းပြင်ကိုညွှန်ပြပြီးသူမကိုကြည့်ကာပြောလိုက်တယ်:'ဒါမှမဟုတ်ရင် မင်းဒူးထောက်ပြီးတောင်းပန်လေ'
စုရန်ဒေါသထွက်သွားပြီးလက်သီးလေးတွေဆုပ်ကာအသက်ပြင်းပြင်းရှူလိုက်ပြီး:'စုန့်ထင်ယွီ ရှင်အရမ်းလွန်သွားပြီ'
သူမနဲ့အတူအိမ်လိုက်ဖို့သူ့မှာအစကတည်းကအစီအစဉ်မရှိဘူးဆိုတာသူမနောက်ဆုံးတော့သဘောပေါက်သွားတယ်။သူမကိုတောင်းပန်ခိုင်းတာကသူမကိုပျော်စရာအနေနဲ့ဘောထားတဲ့အတွက်ဘာလို့သူမအချိန်ကုန်ခံနေတော့မှာလဲ?
စုရန်ဆိုဖာပေါ်ကသူမအိတ်ကိုယူပြီးသူ့အခန်းထဲကထွက်လာခဲ့တယ်။
ကားပါကင်ရောက်တော့သူမဖုန်းမြည်လာတယ်။
စုဟုန်သူမတို့နှစ်ယောက်ကိုအကြာကြီးစောင့်နေပြီးရောက်မလာသေး‌လို့ဖုန်းထပ်ခေါ်လိုက်တယ်။
'ရန်ရန် စုန့်ထင်ယွီအလုပ်များနေတုန်းလား?ဘာလို့သူ့ကိုအိမ်ခေါ်မလာသေးတာလဲ?'
'သမီးလာနေပြီ'စုန့်ထင်ယွီသူမကိုအရှက်ခွဲခဲ့တာကိုပြန်တွေးကြည့်ပြီးသူမနှလုံးသားနာကျင်သွားတယ်။သူစုန့်ထင်ယွီကိုခေါ်မလာတဲ့အတွက်စုဟုန်ဘယ်လိုလုပ်မလဲဆိုတာသူမမသိတော့ဘူး။
ဒါပေမယ့်သူမဒီကိစ္စကိုရင်မဆိုင်ချင်ပေမယ့်ဝမ်ရှီစုအိမ်မှာရှိနေတဲ့အတွက်သူမစုအိမ်ကိုမသွားလို့မရဘူး။
စုအိမ်ကိုရောက်တော့ စုဟုန်နဲ့သူမအမေချောင်ချောင်တို့ဧည့်ခန်းမှာသူမတို့ကိုထိုင်စောင့်နေကြတယ်။စုန့်ဝမ်ရှီသူမကိုတွေ့တော့‌သူမဆီပြေးလာပြီး:'မေမေ နောက်ဆုံးတော့ရောက်လာပြီ'
စုဟုန်ဆိုဖာပေါ်မှာထိုင်နေပြီးသူမကိုကြည့်လိုက်ကာ:'ဘာလို့တယောက်တည်းလဲ?ထင်ယွီရော?'
စုရန်ဝမ်ရှီကိုချီလာလိုက်ပြီး:'သူ့ကိုရှာစရာမလိုတော့ဘူး။သူမလိုက်လာဘူး'
စုဟုန်ချက်ချင်းအမူအယာပြောင်းသွားကာ:'ဘယ်လိုဖြစ်တာလဲ?သူ့ကိုခေါ်လာဖို့နင့်ကိုငါမပြောခဲ့ဘူးလား?သူ့ကိုဘာလို့မခေါ်လာတာလဲ?နင်ငါ့စကားကိုမနာခံတာလား?'
အပေါ်ထပ်ကနေအေးစက်ပြီးလှောင်တဲ့လေသံနဲ့လူ‌တယောက်ပြောလိုက်ပြီး:'ဖေဖေ့စကားကိုသူဘယ်တော့ကနာခံခဲ့လို့လဲ?'
စုရန်အောက်ဆင်းလာတဲ့သူမရဲ့အဖေတူမအေကွဲအစ်မစုခိုင်ကိုလှမ်းကြည့်လိုက်တယ်။သူမရဲ့မျက်နှာမှာလှပတဲ့အပြုံးကိုတွေ့လိုက်ရတယ်။သူ့ပြုံးတာကစုရန်ကိုမြှောင့်ထိုးပင့်ကော်လုပ်လိုက်ရတဲ့အတွက်ဘဲဖြစ်တယ်။ပြီးတော့သူမထမင်းစားခန်းထဲသွားပြီး:'အစကတည်းကသူ့ကိုခေါ်လာဖို့သူမအစီအစဉ်မရှိခဲ့ဘူး။သူသမီးတို့ကိုဗိုက်ဆာအောင်သက်သက်စောင့်ခိုင်းထားတာ။ခုထမင်းစားကြရအောင်'
စုဟုန်မျက်နှာပိုပြီးပျက်သွားပြီးစုရန်ကိုကြည့်ကာ:'နင်ငါနဲ့‌အပေါ်လိုက်ခဲ့'
စုရန်သူနဲ့အပေါ်ကိုမသွားချင်ဘူး။သူစုန့်ထင်ယွီကိုရှာတာကောင်းတဲ့ကိစ္စတော့မဟုတ်နိုင်ဘူး။ဒါပေမယ့်ချောင်ချောင်ကသူမရင်ခွင်ထဲကနေဝမ်ရှီကိုယူလိုက်ပြီးသူမကိုတွန်းလိုက်ကာ:'ဘာလို့အပေါ်မသွားသေးတာလဲ?သမီးအဖေ့စကားကိုသေချာနားထောင်နော်'
သူမဘာမှပြန်မပြောတော့ဘဲသူ့နောက်ကိုလိုက်တက်သွားလိုက်တယ်။
စုဟုန်စာကြည့်ခန်းထဲဝင်သွားပြီးဆိုဖာပေါ်မှာထိုင်ချလိုက်တယ်။
'အဖေ'
'ရန်ရန် ထိုင်ဦး အဖေပြောစရာရှိတယ်'စုဟုန်မျက်နှာအ‌ခြေအနေပြန်ကောင်းလာပြီးသူ့မျက်နှာပေါ်မှာအပြုံးလဲပေါ်လာတယ်။
သူပြောချင်နေတာကစုန့်ထင်ယွီနဲ့သက်ဆိုင်နေတယ်ဆိုတာစုရန်သိတယ်။
'အဖေ ဘာကိစ္စရှိလို့လဲ?'
စုဟုန်သူမကိုကြည့်ပြီး:'ဒီပြဿနာကသမီးကူညီမှဖြစ်မှာ....'
စုရန်တိတ်ဆိတ်စွာဘဲနားထောင်နေလိုက်တယ်။ဘာလို့လဲဆိုတော့သူဆက်ပြောမှာကိုသိနေလို့ဘဲ။စုဟုန်ဘဲသူမကိုစုန့်မိသားစုထဲကိုလက်ထပ်ပေးဖို့အစီအစဉ်ချထားတာ။သူအကျိုးအမြတ်ရဖို့အတွက်လေ။သူ့သမီးအကြီးကိုလက်မထပ်ခိုင်းချင်တဲ့အတွက်သူမကိုဘဲအနစ်နာခံခိုင်းခဲ့တယ်။သူ့မျက်စိထဲမှာစုရန်ကိုအသုံးချစရာလို့ဘဲမြင်နေတယ်။
စုရန်ကိုတိတ်ဆိတ်စွာကြည့်ပြီးစုဟုန်သူ့လက်နှစ်ဖက်ကိုပွတ်ကာပြောလိုက်တယ်:'ဒီလိုလေ အဖေသိပ်မကြာခင်တုန်းကစီမံကိန်းအကြီးတခုကိုစလုပ်မယ်လို့စီစဉ်ထားတာ။ဒါပေမယ့်ကုမ္ပဏီရန်ပုံငွေကတခြားစီမံကိန်းမှာရင်နှီးမြှုပ်နှံထားတယ်လေ။ဒါပေမယ့်ခုအဖေတို့မှာအဲ့ဒီစီမံကိန်းကိုယူမလို့ပိုက်ဆံကမရှိဘူးဖြစ်နေတယ်။ဘဏ်ကလဲချေးငွေမပေးဘူးဆိုတော့...'
စုဟုန် စုန့်ထင်ယွီယွီကိုအိမ်ခေါ်ချင်တာကဒါ့ကြောင့်ကိုး။
'အဖေကစုန့်ထင်ယွီကိုအဖေ့ကိုပိုက်ဆံချေးပေးဖို့ကိုမေးချင်တာလား?'
စုဟုန်ချက်ချင်းခေါင်းညိတ်ပြလိုက်ပြီး:'ရန်ရန် အဖေ့ကိုကူညီမယ်မလား?'
'အဖေ သမီးတောင်းပန်ပါတယ်။ဒါကတော့သမီးမကူညီနိုင်ဘူး'

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now