အပိုင်း(၅၁)

4.4K 355 8
                                    

ပြီးတော့သူတို့နှစ်ယောက်ရဲ့အနေအထားကိုတခြားသူတွေကြည့်ရင်သံသယဖြစ်စရာပုံဖြစ်နေတယ်။

သူမချက်ချင်းအနောက်ကိုဆုတ်လိုက်‌တော့ အနောက်မှာဆိုဖာကခံနေတယ်။သူမအဲ့လိုလုပ်လိုက်တာကြောင့်ဆိုဖာလက်ကိုင်ကိုကျော်ပြီးကြမ်းပြင်ပေါ်ကိုကျမလိုဖြစ်သွားတယိ။

စုန့်ထင်ယွီ သူမခါးကိုဖက်ပြီးပြန်ဆွဲထားလိုက်တယ်။

'ဘယ်လိုဖြစ်ပြီးနမော်နမဲ့နိုင်ရတာလဲ?'

သူ့အသံကကူရာမယ့်နေတဲ့အသံပေါက်နေတယ်။

သူမခါးပေါ်ကသူ့လက်ကမာပြီးပူနေတဲ့သံချောင်းလိုမျိုးဖြစ်နေပြီး စုရန်အသားတွေပူလာသလိုမျိုးခံစားနေရတယ်။

သူမဒီလိုခံစားမှုမျိုးကိုမကြိုက်ဘူး။အဲ့ဒါကြောင့်သူမခါးပေါ်ကသူ့လက်ကိုဖယ်လိုက်တယ်။

'စုရန် မင်းတကယ်ဖယ်ချင်တာလား?'

'ရှင့်လက်ကိုလွှတ်လိုက်'

သူ့လက်ကနေရုန်းနေရတာနဲ့ သူမအခြေအနေကိုသူမမေ့သွားတယ်။သူမမျက်နှာလေးကိုစုန့်ထင်ယွီကြည့်လိုက်ပြီး: 'မင်းငါ့ကိုတကယ်လွှတ်လိုက်စေချင်တာလား?'

သူမမစဉ်းစားဘဲခေါင်းညိတ်ပြလိုက်တယ်။

စုန့်ထင်ယွီလဲလက်ကိုတကယ်လွှတ်လိုက်တယ်။

စုန့်ထင်ယွီလွှတ်လိုက်တော့မှ သူမခြေထောက်မခိုင်ဘဲ‌ပြုတ်ကျတော့မှာကိုသတိထားမိသွားတယ်။

သုမပြုတ်ကျတော့မှာကိုသိသွားပြီး စုရန်တိုးတိုးလေးအော်လိုက်မိတယ်။

ဒါပေမယ့်သူမပြုတ်ကျမသွားဘူး။စုန့်ထင်ယွီ သူမကိုပြန်ဆွဲထားလိုက်တယ်။ရုတ်တရက်ဆိုတော့သူလဲခြေထောက်မခိုင်တော့ဘဲ နှစ်ယောက်လုံးဆိုဖာပေါ်ကိုပြုတ်ကျသွားတယ်။

စုန့်ထင်ယွီကိုယ်ကြီး သူမပေါ်မှာပိနေတော့သူမအသက်ရှူလို့မရတော့လို့  အားသုံးပြီးရုန်းလိုက်ကာ: 'စုန့်ထင်ယွီ မတ်တပ်ရပ်လိုက်'

သူ့အပေါ်ကိုပြင်းပြင်းထန်ထန်ငြင်းဆန်ပြီးရုန်းကန်နေတာကိုစုန့်ထင်ယွီသဘောမကျဘဲ သူမလက်နှစ်ဖက်ကိုသူချုပ်ထားလိုက်ပြီး: 'စုရန် မင်းဘာလုပ်နေတာလဲ?'

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now