အပိုင်း(၆၄)

4.1K 334 4
                                    

သူမထိုင်တဲ့နေရာလဲပြန်ရောက်ရော သူမသန့်စင်ခန်းသွားတာကြာနေတာလို့လင်ချန်ဟွမ် စုန့်ဝမ်ရှီကိုခေါ်ပြီးလာရှာတော့မလို့။

'ရန်ရန် အဆင်ပြေရဲ့လား?'

'အဆင်ပြေပါတယ်' စုရန်ပြုံးပြလိုက်ပြီးဝမ်ရှီကိုချီလိုက်ကာ: 'သွားရအောင်'

ပိုင်ချီရွေ့ကိုစုန့်ဝမ်ရှီတွေ့သွားမှာစိုးလို့။

ဒီတစ်ခေါက်လင်ချန်ဟွမ်ပြန်လာတာကစုန့်ဝမ်ရှီကိုလာကြည့်တာသက်သက်ဘဲ။အခုသူလဲသက်သာသွားပြီးဆေးရုံကလဲဆင်းလာပြီဆိုတော့ သူနိုင်ငံခြားကိုပြန်သွားရဦးမယ်။

စုန့်ဝမ်ရှီဆိုတဲ့ကလေးလေးကလင်ချန်ဟွမ်နဲ့အရမ်းကိုရင်းနှီးတာ။ဘာလို့ဆိုစုန့်ဝမ်ရှီငယ်ငယ်လေးကတည်းကအတူတူရှိလာကြတာကိုး။အခုလဲသူ့ကိုလေယာဉ်ကွင်းကိုလိုက်ပို့ချင်လို့တဲ့။

အစကတော့သူ့ကိုလူများတဲ့နေရာတွေကိုစုရန်ခေါ်မသွားချင်ဘူး။သူတစ်ခုခုဖြစ်မှာစိုးလို့။ဒါပေမယ့်လဲဒီကလေးလေးကအရမ်းကိုခေါင်းမာပြီးသွားမယ်ချည်းဘဲပူဆာနေတာနဲ့စုရန်လဲလိုက်ပို့လိုက်ရတယ်။

သူမကိုအတင်းခေါ်သွားခိုင်းတာ။

လင်ချန်ဟွမ်နဲ့ခွဲရမှာကိုစုန့်ဝမ်ရှီဝမ်းနည်းပြီး သူ့ကိုမသွားစေချင်လို့လည်ပင်းကိုအတင်းဖက်ထားပြီး: 'အန်ကယ်လင် တရုတ်နှစ်သစ်ကူးကျရင်ပြန်လာမယ်မလား?'

တရုတ်နှစ်သစ်ကူးရောက်ဖို့ဘယ်လောက်မှမလိုတော့ဘူး။အဲ့ဒီအချိန်သူ့ကိုစုန့်ဝမ်ရှီပြန်‌လာစေချင်တယ်။ဒါမှသူ့ကိုထပ်တွေ့ရမှာကိုး။

'အန်ကယ်ပြန်လာမှာပေါ့' လင်ချန်ဟွမ် သူ့ခေါင်းလေးကိုပွတ်ပေးလိုက်ပြီး သူနဲ့လက်သန်းချင်းချိတ်ပြီးကတိပေးလိုက်ကာ: 'အန်ကယ်လင်ကတိပေးတယ်နော်။တရုတ်နှစ်သစ်ကူးကျရင်ပြန်လာမယ်လို့။အဲ့ဒါအပြင် အန်ကယ်သားအတွက်လက်ဆောင်တွေလဲဝယ်လာပေးမယ်'

'ကျေးဇူးတင်ပါတယ် အန်ကယ်လင်' စုန့်ဝမ်ရှီအရမ်းကိုပျော်နေပြီးမျက်နှာလေးပါတောက်ပနေတယ်။

လင်ချန်ဟွမ်ပြောပြီးတောစုရန်ကိုကြည့်လိုက်ပြီး: 'ရန်ရန် ဒီကိုခဏလာပါဦး။ကိုယ်ပြောစရာရှိလို့'

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now