အပိုင်း(၂၁)

4.5K 372 5
                                    

စုန့်ထင်ယွီပြန်ပြောလိုက်တယ်:  'အဲ့တာဆိုရင် မင်းကိုငါဘယ်လိုပြောစေချင်တာလဲ?ဒီလောက်နှစ်တွေအကြာကြီးမင်းတို့အားလုံး စုန့်မိသားစုဆီကနေအကျိုးအမြတ်တွေရနေခဲ့တာလေ။စုရန် သိပ်ပြီးလောဘမကြီးနဲ့လေ'

မျက်လုံးထဲမှာတော့လှောင်တဲ့အကြည့်တွေနဲ့ သူပြုံးလိုက်တယ်။သူ့ရဲ့လက်ချောင်းရှည်ကြီးတွေနဲ့ သူမမျက်နှာကိုပွတ်သက်လိုက်ပြီး:  'ပြီးတော့ဘယ်လိုအကြောင်းပြချက်နဲ့ မင်းငါ့ကိုမေးရဲတာလဲ?ငါကမင်းကိုပိုက်ဆံချေးပေးရအောင် မင်းကိုမင်းဘာထင်နေလို့လဲ?'

သူ့ရဲ့စကားတွေက သူမနှလုံးသားကိုအပ်နဲ့ထိုးနေသလိုမျိုးခံစားရတဲ့အတွက် စုရန်မျက်နှာလေးညှိုးကျသွားတယ်။

အဲ့တာကအရမ်းကြီးမနာကျင်ရပေမယ့် သူမအသက်ရှူဖို့တော့ခက်ခဲစေတယ်။

သူမခေါင်းငုံ့လိုက်ပြီးနှုတ်ခမ်းတွေသာကိုက်နေလိုက်တယ်။အချိန်အတော်ကြာမှ သူမ သူ့ကိုပြန်မော့ကြည့်လာပြီး:  ' ကျွန်မတောင်းပန်ပါတယ်။ကျွန်မကိုယ်ကျွန်မအထင်ကြီးမိသွားတယ်'

သူမကိုယ်သူမ အတတ်နိုင်ဆုံးတည်ငြိမ်နေအောင်ကြိုးစားခဲ့ပေမယ့် သူမရဲ့မျက်လုံးတွေကတော့နီလာခဲ့တယ်။

အဲ့တာအပြင် သူမရဲ့အသံကလဲကွဲအက်နေတယ်။

စုန့်ထင်ယွီလဲငြိမ်သက်စွာနဲ့နေခဲ့တယ်။သူ ပါးစပ်ကိုဖွင့်လိုက်ပြီး တစ်ခုခုပြောလိုက်ချင်ပေမယ့် နောက်ဆုံးမပြောဖြစ်ခဲ့ဘူး။ဘာလို့ဆိုတော့ စုရန်အခန်းအပြင်ထွက်သွားခဲ့လို့ဘဲ။

စုရန်ရဲ့သွယ်လျတဲ့နောက်ကျောကိုကြည့်ပြီး သူတုန်ယင်လာသလိုခံစားလိုက်ရတယ်။သူဆေးလိပ်မီးကို ငြိမ်းလိုက်ပြီး ကြမ်း‌ပြင်ပေါ်ကိုပစ်ချလိုက်တယ်။

အဲ့ဒီအချိန်မှာသူ့ဖုန်းကမြည်လာခဲ့တယ်။

သူဖုန်းယူပြီးကြည့်လိုက်တော့ ဒီနေ့ချန်ကျင်ပြောတဲ့ ချီရွေ့ဖြစ်နေတယ်။

သူဖုန်းကိုဖြေလိုက်တယ်:  'ဘာလို့အစောကြီးနိုးနေတာလဲ?'

အမေရိကမှာဆိုရင် ခုမှမနက်၆နာရီ၇နာရီလောက်ဘဲရှိဦးမယ်။

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now