အပိုင်း(၁၁-၂)

4.7K 367 0
                                    

အဲ့လိုလုပ်လိုက်‌တဲ့အတွက်အသံအကျယ်ကြီးထွက်သွားတယ်။
စုန့်ထင်ယွီကဒီလောက်အသံကျယ်နေရင်စုရန်နိုးသွားမယ်လို့ထင်နေပေမယ့်သူမမနိုးဘဲဆက်အိပ်ပျော်နေခဲ့တယ်။
'စုရန် ထတော့'သူ သူမကိုနှိုးနေပေမယ့်သူမကတော့အိပ်ပျော်နေတုန်းဘဲ။
စုန့်ထင်ယွီသူ့ရဲ့ရှည်လျားလှတဲ့လက်ချောင်း‌တွေနဲ့မျက်ခုံးနှစ်ဖက်ကိုထိလိုက်တယ်။သူ့လက်တွေနဲ့သူမပါးလေးကိုပုတ်ကာနှိုးချင်ပေမယ့်စုရန်လက်တွေကအိပ်နေရင်းလည်စည်းပုဝါကိုဖယ်လိုက်သလိုဖြစ်သွားတယ်။အဲ့လိုလုပ်လိုက်တော့စုန့်ထင်ယွီသူမလည်ပင်းပေါ်ကနမ်းထားတဲ့အမှတ်ကိုတွေ့သွားတယ်။
စုန့်ထင်ယွီရပ်နေရင်းနဲ့သူ့စိတ်ကတော့မြင်ကွင်းတခုကိုမြင်ယောင်လာတယ်။
မနေ့ညတုန်းကစုန့်ရန်သူ့ရဲ့ရင်ခွင်ထဲမှာရှိနေတဲ့မြင်ကွင်းဘဲဖြစ်တယ်။
အစကတော့စုန့်ထင်ယွီ စုရန်ကိုထိဖို့ကိုစိတ်မပါခဲ့ပေမယ့် နောက်ဆုံးမှာတော့သူ့စိတ်ကိုမထိန်းချုပ်နိုင်ခဲ့ဘူး။
သူစုရန်အပေါ်ကိုထိန်းချုပ်မှုလွတ်သွားမယ်လို့မထင်ထားခဲ့ဘူး။
ဒါကတကယ်ဘဲမဖြစ်သင့်ဘူး။
သူ့မှာအရိုင်းစိတ်တွေဝင်နေတာကိုသတိထားမိတော့ချက်ချင်းဘဲအတွေးတွေကိုရပ်လိုက်တယ်။သူ့ရဲ့လက်တွေနဲ့သူမရဲ့ပါးလေးကိုပုတ်ပြီးနှိုးလိုက်တယ်။စုရန်ရဲ့နူးညံ့ပြီးချောမွေ့နေတဲ့ပါးလေးတွေကသူ့ကိုလန့်သွားစေတယ်။
နောက်တကြိမ်သူစုရန်ကိုသေသေချာချာကြည့်လိုက်တယ်။စုရန်လက်တွေကိုခေါင်းအုံးပြီးအိပ်နေတယ်။သူမမှာရှည်လျားလှတဲ့မျက်တောင်တွေရယ်နှာတန်လေးတွေကသေးသေး‌သေးလေးနဲ့စင်းစင်းလေးရယ်နီမြန်းနေတဲ့နှုတ်ခမ်းလေးတွေရယ်ရှိတယ်။
စုန့်ထင်ယွီကတော့လက်ဆက်လှတဲ့ချယ်ရီသီးလေးနဲ့တူတယ်လို့တွေးမိတယ်။
စုရန်ကမိန်းမလှလေးဆိုတာကိုတော့သူလက်ခံတယ်။
ဒါပေမယ့်သူမကလှပေမယ့်မာယာတွေများတာကိုလဲသူသိတယ်။သူမကသူ့ရည်ရွယ်ချက်တွေပြည့်ဖို့အတွက်ဘာမဆိုလုပ်နိုင်တယ်လေ။
လွန်ခဲ့တဲ့လေးနှစ်ကကိစ္စတွေကိုပြန်တွေးမိတော့စုန့်ထင်ယွီမျက်နှာအေးစက်သွားပြီးသူစုရန်ရဲ့မေးစေ့ကိုအားနဲ့ဆုပ်ကိုင်လိုက်တယ်။
အဲ့လိုလုပ်လိုက်တော့စုရန်လဲနောက်ဆုံးနိုးလာခဲ့တယ်။
သူမနိုးလာတဲ့အမူအယာကထိန့်လန့်နေပုံရပြီးမျက်တောင်တွေကိုပုတ်ခက်ပုတ်ခက်လုပ်ကာနှုတ်ခမ်းတွေကလဲအနည်းငယ်ဖွင့်ဟနေပြီးစိတ်လှုပ်ရှားတာကိုပြနေတယ်။
စုန့်ထင်ယွီသူမမေးဖျားလေးကိုအတင်းဆုပ်ကိုင်ထားလိုက်ပြီး:'အိမ်မက်ထဲမှာတောင်မင်းလူတွေကိုမြှူဆွယ်ဖို့သတိရသေးတယ်နော်။စုရန် မင်းရဲ့အကျင့်ကိုပြင်ဖို့ကတော်တော်ခက်တာဘဲ'
စုရန်ကောင်းကောင်းနိုးလာတော့စုန့်ထင်ယွီရဲ့အေးစက်နေတဲ့အသံနဲ့ပြောနေတာကိုကြားပြီးသူမမျက်နှာဖြူဖျော့သွားတယ်။
စုရန်စိတ်ငြိမ်အောင်လုပ်လိုက်ပြီးသူ့ရဲ့လက်တွေကိုဖယ်ထုတ်လိုက်တယ်။သူမရဲ့လည်စည်းတွေကိုလဲသေသေချာချာပြန်ပတ်လိုက်တယ်။
စုန့်ထင်ယွီနှာခေါင်းရှုံ့လိုက်ပြီးထိုင်လိုက်ကာ:'မင်းဒီကိုဘာကိစ္စနဲ့လာတာလဲ?'
'ရှင်ပြန်လာတာကိုကျွန်မအဖေသိတော့ရှင့်ကိုစုအိမ်မှာညစာကျွေးချင်လို့တဲ့'
စုန့်ထင်ယွီဖိုင်တွေကိုကြည့်နေရင်းနဲ့သူမပြောတာကိုကြားတော့အေးစက်စွာရယ်လိုက်ပြီး:'ငါ့မှာအရေးမပါနဲ့လူတွေနဲ့တွေ့ဖို့အချိန်မရှိဘူး'
သူ့လေသံကအမုန်းတွေနဲ့ပြည့်နေတယ်။သူမတောင်းဆိုတာကိုသူအလွယ်တူသဘောမတူဘူးဆိုတာသူမသေချာသိနေတယ်။
ဒါပေမယ့်ဒီနေ့စုန့်ထင်ယွီကိုခေါ်မလာရင်စုဟုန်ပြဿနာရှာမှာကိုသူမသိနေတယ်။
'ကျွန်မအဖေမှာတခြားရည်ရွယ်ချက်မရှိပါဘူး။ဒီအတိုင်းထမင်းဖိတ်ကျွေးချင်တာပါ။စုန့်ထင်ယွီ ကျွန်မမျက်နှာကိုထောက်ပြီးလက်ခံပေးလို့မရဘူးလား'
'မင်းမျက်နှာကိုထောက်ပေးရမယ်'စုန့်ထင်ယွီပုံစံကဟာသတခုကိုကြားရသလိုမျိုးဖြစ်နေပြီး:'မင်းငါ့ရှေ့မှာပြစရာမျက်နှာရောရှိရဲ့လား'
စုရန်မျက်နှာပျက်သွားတယ်။ဒါလဲမှန်တာဘဲ။သူ့ရှေ့မှာသူမဘာသိက္ခာရှိလို့လဲ?သူ့မျက်လုံးထဲမှာတော့သူမကအရှက်မရှိတဲ့မိန်းမဘဲ။
'သူဝမ်ရှီကိုခေါ်သွားပြီးပြီ...'
စုန့်ထင်ယွီ ကြည့်နေတဲ့ဖိုင်ကိုချထားလိုက်ပြီး:'မင်းတကယ်ငါ့ကိုသွားစေချင်တာလား'

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now