အပိုင်း(၁၃၆)

1.9K 150 6
                                    

သူမဘေးကလူကတော်တော်ကိုစကားများတာဘဲ။သူမသူ့ကိုလှည့်ကြည့်လိုက်ပြီး: 'ကျွန်မကိုလာမနှောင့်ယှက်နဲ့။ကျွန်မရုပ်ရှင်ကြည့်မလို့'

စုန့်ထင်ယွီ: '....'

စုန့်ထင်ယွီကဒီလိုရုပ်ရှင်ကားတွေကိုသိပ်မကြိုက်ဘူး။သူကြည့်မယ်လို့သဘောတူခဲ့တာကသူမကိုအဖော်ပြုပေးချင်လို့။သူမကြောက်လို့အော်မယ်အချိန်ကိုဘဲသူစောင့်နေခဲ့တာ။သူမသူ့ရင်ခွင်ထဲကိုဝင်လာလို့ရှိရင်သူလဲပြန်ဖက်ထားမယ်ဆိုပြီးတွေးနေတာ။အရမ်းကိုလှပပြီးစိတ်ကူးယဉ်ဆန်မှာဘဲ။

ဒါပေမယ့်ရုပ်ရှင်ပြီးတဲ့အထိကိုစုရန်သူ့ကိုတစ်ခါမှလှည့်မကြည့်ခဲ့ဘူး။သူမ ရုပ်ရှင်က်ိုဘဲစူးစိုက်ကြည့်နေကာ သူဘေးမှာရှိနေတယ်ဆိုတာကိုတောင်မေ့နေတဲ့ပုံဘဲ။

တစ်နာရီခွဲကြာတော့ရုပ်ရှင်ပြီးသွားတယ်။စုန့်ထင်ယွီ သူ့ဘေးကအတွဲကြောင့်သူ့နားတွေတောင်မီးပွင့်သွားတော့မယ်လို့ခံစားနေရတယ်။ကောင်မလေးကအော်နေပြီးသူ့ရည်းစားကိုအတင်းဖက်ထားတာ။စုန့်ထင်ယွီကတော့သူတို့အားကျရုံကလွဲပြီးဘာမှမတတ်နိုင်ဘူး။

သူတို့ရုပ်ရှင်ရုံကနေပြန်ထွက်လာတော့ကိုးနာရီဘဲရှိသေးတယ်။သူတို့တွေညဈေးကိုလည်မလို့သွားလိုက်တယ်။အဲ့ဒီမှာလူတွေကအရမ်းကိုများပြီး ဈေးသည်တွေရောမုန့်ဆိုင်တွေရောအများကြီးဘဲ။နည်းနည်းတော့ဆူညံပေမယ့်စုရန်ကတော့အရမ်းကိုကြိုက်တယ်။

ဒီဈေးကိုဟောင်ကာင်ရဲ့ညဈေးယဉ်ကျေးမှုဆိုပြီးသတ်မှတ်ထားကြတာ။

ဟောင်ကောင်မြို့ဟောင်းရဲ့အထူးခြားဆုံးကတော့လမ်းရဲ့တစ်ဖက်ဆီမှာကြော်ငြာဘုတ်တွေကိုထောင်ထားပြီး ဘုတ်ပြားတစ်ခုဆီကပုံစံနဲ့အရောင်မတူကြဘူး။ဘုတ်ပြားတွေကညမရောက်မချင်းတောက်ပနေတာ အရမ်းကိုလှပတဲ့မြင်ကွင်းတစ်ခုဘဲ။

အခုစုရန်ဗိုက်ပြည့်နေတော့ ဘာမှထပ်မစားတော့ဘူး။

အချိန်လဲရောက်ရောစုန့်ထင်ယွီသူမလက်ကိုဆွဲပြီး: 'သွားကြရအောင်'

စုရန်လဲခေါင်းညိတ်ပြလိုက်တယ်။ဒီလူကဟိုတယ်ကိုကြိုတင်ဘိုကင်လုပ်ထားလို့သူမနားရအောင်ခေါ်သွားမလို့ထင်တယ်။

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now