အပိုင်း(၁၅-၂)

4.8K 362 1
                                    

အဲ့ဒီအချိန် ရုတ်တရက်အခန်းမီးလင်းလာတော့ သူမမျက်လုံးတွေကိုမှေးစင်းကာမီးဘယ်သူဖွင့်လဲဆိုတာရှာကြည့်လိုက်တယ်။အဲ့ဒီမှာ ဆိုဖာပေါ်မှာထိုင်နေပြီးသူမကိုစိုက်ကြည့်နေတဲ့စုန့်ထင်ယွီကိုသတိထားမိသွားတယ်။
သူမလန့်သွားတယ်။
သူမနေ့ကအိမ်မပြန်မသွားဘူးလား?ဆိုဖာပေါ်မှာတစ်ညလုံးအိပ်နေတာလား?
'ရှင်...'
သူ့မျက်နှာအမူအယာမကောင်းဘူး။ကြည့်ရတာတစ်ညလုံးဆိုဖာပေါ်မှာအိပ်တော့ကောင်းကောင်းအိပ်မရလို့နဲ့တူတယ်။အခန်းထဲကအခြေအနေကတစ်ခုခုထူးဆန်းနေတယ်လို့စုရန်ခံစားနေရတယ်။သူတို့နှစ်ယောက်ကလင်မယားတွေပေမယ့်တကယ်တန်းကသူစိမ်းနဲ့မခြားဘူးလေ။
စုန့်ဝမ်ရှီသာမရှိရင်ဒီတစ်သက်လုံးသူတို့နှစ်ယောက်ဘာပတ်သက်မှုမှရှိမှာမဟုတ်ဘူး။
သူမစကားဆုံးအောင်မပြောရသေးခင်မှာဘဲစုန့်ထင်ယွီဆိုဖာပေါ်ကနေထလာပြီးသူမဆီကိုလျှောက်လာလိုက်တယ်။သူမရှေ့မှာသူရပ်လိုက်တော့ သူမအနောက်ကိုအော်တိုဆုတ်သွားလိုက်တယ်။
စုန့်ထင်ယွီလက်ကသူမအနာကိုရှောင်ပြီးသူမခါးလေးကိုကိုင်ကာသူမရဲ့လှုပ်ရှားမှုကိုရပ်လိုက်တယ်။
သူ့ရဲ့မျက်လုံးတွေကသူမမျက်နှာလေးကိုကြည့်ပြီး:'စုရန် ငါကကြောက်စရာကောင်းတဲ့လူရိုင်းကောင်ကြီးနဲ့တူနေလို့လား?'
သူတို့နှစ်ယောက်နီးကပ်လွန်းလို့သူ့ရဲ့လေနွေးငွေ့တွေကိုသူမမျက်နှာပေါ်မှာခံစားမိနေတယ်။အဲ့ဒီတော့မှသူမရင်တွေခုန်နေတယ်ဆိုတာကိုသတိထားမိသွားတယ်။
'ဘာ ဘာကိုလဲ..'ဒီတစ်ခါတော့သူဘာပြေချင်လဲသူမနားမလည်ဘူး။
'ဘာလို့မင်းငါ့ကိုတွေ့တဲ့အချိန်တိုင်း ချက်ချင်းပုန်း‌ချင်နေရတာလဲ?'စုန့်ထင်ယွီရဲ့ရှည်လျားတဲ့လက်ချောင်းတွေနဲ့သူမပါးပြင်နားကဆံပင်တွေကိုကိုင်ပြီးကစားနေကာ:'မင်းအရင်ကငါ့ရှေ့ကိုလာရတာကိုကြိုက်တယ်မဟုတ်ဘူးလား?'
သူလွန်ခဲ့တဲ့လေးနှစ်ကကိစ္စကိုပြောနေတယ်ဆိုတာသူမသိသွားပြီး သူမမျက်နှာပျက်သွားတယ်။အရင်တုန်းက စုဟုန်သူမကို သူ့ရှေ့ကိုအမြဲခေါ်သွားခဲ့တယ်။သူမငြင်းရင် သူချောင်ချောင်ကိုစုအိမ်ကနေမောင်းထုတ်မယ်လို့ခြိမ်းခြောက်ခဲ့တယ်။
စုရန် သန်မာချင်ယောက်ဆောင်ပြီးပြုံးပြလိုက်ကာ:'ရှင်ပြောသလိုရှင်ကအန္တရာယ်ရှိတဲ့သားရိုင်းကောင်မဟုတ်တဲ့အတွက်ကျွန်မကဘာလို့ရှင့်ကိုကြောက်ရမှာလဲ?ကျွန်မကဒီအတိုင်းရှင်နဲ့အတူရှိရတာကိုကျင့်သားမရသေးလို့ပါ'
'ကျင့်သားမရသေးဘူးပေါ့လေ?'စုန့်ထင်ယွီမျက်ခုံးတွေကိုတွန့်ကွေးလိုက်ပြီး သူမအနားကိုတစ်ဖြေးဖြေးတိုးလာပြီးသူမနှုတ်ခမ်းနဲ့တစ်မီလီမီ‌တာလောက်မှာရပ်လိုက်တယ်။နည်းနည်းလေးလှုပ်တာနဲ့သူမနှုတ်ခမ်းကိုသူထိမိတော့မယ်။
သူအသံတိုးတိုးလေးနဲ့တမင်တကာပြောလိုက်တယ်:'ဒါဆိုမင်းကျင့်သားရအောင်သင်ရတော့မှာပေါ့။ဘာလို့ဆိုတော့ အနာဂတ်မှာငါတို့ဒီထက်ပိုပြီးရင်းနှီးတဲ့ဟာတွေကိုလုပ်ရဦးမှာ'
သူမတို့ရဲ့ကိုယ်ခန္တာတွေယှက်နွယ်ပြီးအတူတူရှိရမှာကိုသူပြောချင်တာစုရန်သိတယ်။သူမအဲ့တာကိုမကြိုက်ဘူး။သူမလက်တွေနဲ့သူ့ဆက်တိုးမလာရအောင်သူ့ရင်ဘက်‌ကိုတွန်းလိုက်ပြီးသူ့ရဲ့ချောမောတဲ့မျက်နှာကိုကြည့်ကာ:'အဲ့တာကမလိုအပ်တော့တာလဲဖြစ်နိုင်တယ်လေ။ခုတောင်ကျွန်မကိုယ်ဝန်ရှိနေပြီလားမသိဘူး။ဥက္ကဌစုန့်ကစွမ်းတယ်မလား?အရင်တုန်းကတစ်ခါတည်းနဲ့တောင်ဝမ်ရှီကိုရသေးတာဘဲ...'

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now