အပိုင်း(၁၃၂)

2.4K 188 4
                                    

ပိုင်ချီရွေ့ခါးခါးသီးသီးရယ်လိုက်ပြီး: 'ဒါကကျွန်မနေထိုင်စားသောက်ဖို့လမ်းတစ်ခုက်ိုသူ့ဆီကနေတောင်းဆိုထားတာ။သူနဲ့ကျွန်မတွဲနေသေးတယ်ဆိုရင်အနုပညာလောကထဲကိုပြန်ဝင်ဖို့ကလွယ်သွားပြီလေ။မဟုတ်လို့ရှိရင်ထွက်သွားတာလေးနှစ်တောင်ရှိပြီကို ဘယ်လိုလုပ်ပြီးဒီလိုမျိုးအလွယ်တကူထပ်ဝင်နိုင်မှာလဲ?အဲ့ဒါကြောင့်ကျွန်မအနုပညာလောကမှာပြန်ပြီးမအောင်မြင်မချင်းလမ်းခွဲတာကိုလျှို့ဝှက်ထားပေးဖို့သူနဲ့သဘောတူညီမှုယူထားတာ...'

'အိုး...ဒီလိုကိုး...' ချန်မိန်းကလေးလဲ
ပိုင်ချီရွေ့ကကံဆိုးလွန်းတယ်လို့ခံစားနေရပြီး: 'သူကလမ်းခွဲမယ်လို့ပြောတာနဲ့နင်ကသဘောတူလိုက်တာဘဲလား?နင်ဘာလို့ဒီလောက်တောင်အရတာလဲ?နင်သာစုန့်ထင်ယွီကိုပိုင်ဆိုင်ထားလို့ရှိရင်ဒီတစ်ဘဝလုံးဘာမှပူစရာမလိုတော့ဘူး။အဲ့ဒီအဖွားကြီးသေတာကိုစောင့်ပြီးရင်နင်ပိုပြီးရာထူးတက်လာဦးမှာ'

အဲ့ဒီတုန်းမဒမ်စုန့်ကြောင့်သာမဟုတ်ရင်ပိုင်ချီရွေ့ကစုန့်မိသားစုထဲကိုဝင်လို့ရမယ်လို့ချန်မိန်းကလေးကအမြဲထင်နေခဲ့တာ။အဲ့ဒါကြောင့်စုန့်ထင်ယွီကိုပိုင်ချီရွေ့လက်မလွှတ်သင့်ဘူးလို့သူမထင်တယ်။ဒါမှမဒမ်စုန့်သေတဲ့အချိန်က်ိုစောင့်ပြီး စုရန်နေရာကိုဝင်ယူလို့ရမှာလေ။

'ကျွန်မလဲလမ်းမခွဲချင်ပါဘူး။ဒါပေမယ့်အမလဲစုန့်ထင်ယွီအကြောင်းကိုသိနေတာဘဲ။သူ့ကိုဆက်ပြီးတွယ်ကပ်နေရင် ဘာကောင်းကျိုးမှရှိမှာမဟုတ်ဘူး။အားလုံးကိုဆုံးရှုံးသွားမှာ။အဲ့ဒါကြောင့်အခုခဏလေးလွှတ်ထားပေးတာ....'

ချန်မိန်းကလေးလဲခေါင်းညိတ်လိုက်ပြီး: 'မတတ်နိုင်ဘူး အခုဘာနည်းလမ်းမှမရှိ
တော့တာ။အနည်းဆုံးတော့နင့်အပေါ်မှာသူအပြစ်တင်စိတ်ရှိနေသေးတော့ နင်အခြေမကျမချင်းလမ်းခွဲတဲ့သတင်းကိုချက်ချင်းမကြေငြာသေးဘဲစောင့်ပေးတာပေါ့။အဲ့ဒါဆိုရင်လဲသူ့ကိုဖုန်းဆက်လိုက်ပြီးနင်နဲ့အတူတူဟန်ဆောင်ပေးဖို့အကူအညီတောင်းလိုက်လေ'

စုန့်ထင်ယွီကအဲ့လိုမျိုးတွေကိုအရမ်းမုန်းတာ။သူမတို့တွဲနေတုန်းကတောင်အဲ့လိုနေ့မျိုးမှာသူမသူနဲ့တစ်ခါမှမကုန်ဆုံးဖူးဘူး။သူမတစ်ခုခုလိုချင်ရင်သူပိုက်ဆံဘဲပေးလိုက်တယ်။ဒါပေမယ့်သူsurpriseလက်ဆောင်ပေးမှာကိုတော့မျှော်လင့်မိတာပေါ့။

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now