အပိုင်း(၇၀)

4K 268 2
                                    

ထန်ဇီချူသူ့ကိုအထဲကိုဆွဲခေါ်လာပြီး စုန့်ထင်ယွီလဲဝင်လာပြီးမှတံခါးကိုပိတ်လိုက်တယ်။အဲ့ဒီလူရဲ့လက်ကိုပြန်လွှတ်လိုက်တယ်။အဲ့ဒီလူကကြောက်နေပြီး: 'မင်းတို့ကဘယ်သူတွေလဲ?'

'မင်းငါတို့ကိုမသိဘူးလား?မင်းမျက်လုံးပြူးပြီးသေချာကြည့်သင့်တယ်'
ထန်ဇီချူပြုံးပြီးပြောလိုက်တယ်။

အဲ့ဒီလူလဲလက်နှစ်ဖက်နဲ့မျက်စိကိုသေချာပွတ်ကြည့်လိုက်တော့မှ သူ့ရှေ့မှာဘယ်သူရှိနေလဲဆိုတာကိုသေချာမြင်လိုက်ရတယ်။သူ့မျက်နှာပြောင်းသွားပြီး ကွန်ပျူတာကိုအမြန်ပြေးပိတ်လိုက်တယ်။

ဒါပေမယ့် ထန်ဇီချူကသူ့ထက်မြန်ပြီး သူကိုပြန်ဆွဲထားလိုက်ပြီး အရင်နေရာမှာဘဲပြန်ထားလိုက်တယ်။

'ဒီမှာဘဲနေပြီးမလှုပ်နဲ့။မဟုတ်ရင်ငါ့အကြောင်းသိလိမ့်မယ်'

အဲ့ဒီလူကမလှုပ်ရဲပေမယ့် အပြည့်အဝလုံခြုံတယ်လို့မခံစားရတော့ သူ့မျက်လုံးတွေကကွန်ပျူတာပေါ်မှာဘဲရှိနေတယ်။

ထန်ဇီချူကွန်ပျူတာရှေ့ကိုခဏသွားကြည့်လိုက်တယ်။ပြီး‌တော့စုန့်ထင်ယွီဘက်ကိုလှည့်ပြီး: 'ဥက္ကဌစုန့် ဒီမှာပါ။IPတူတူဘဲ'

စုန့်ထင်ယွီလဲသွားကြည့်လိုက်ပြီး ကြမ်းပြင်ပေါ်မှာထိုင်နေတဲ့အဲ့ဒီလူကိုလှည့်ကြည့်လိုက်ကာ: 'ငါ့မိန်းမရဲ့သတင်းတွေကိုမင်းတင်နေတာလား?'

အဲ့ဒီလူပုံစံကကူရာကယ်ရာမယ့်နေတဲ့ပုံနဲ့: 'ဥက္ကဌစုန့် အဲ့ဒါကကျွန်တော်နဲ့မဆိုင်ပါဘူး....'

စုန့်ထင်ယွီသူ့ဆီကိုသွားလိုက်ပြီး သူ့အင်္ကျီ‌ကော်လာကိုဆွဲလိုက်တယ်။စုန့်ထင်ယွီမျက်နှာကတော့ပြုံးနေပေမယ့် မျက်လုံးတွေကတော့အေးစက်နေပြီး: 'မင်းနဲ့မဆိုင်ဘူးပေါ့လေ?ဘာလို့postတွေအားလုံးကမင်းရဲ့IPကိုပြနေတာလဲ?'

'ဥက္ကဌစုန့်...' အဲ့ဒီလူကဒုက္ခရောက်တော့မှာကိုကြောက်နေပြီး: 'အဲ့တာကျွန်တော်နဲ့မဆိုင်ပါဘူး။တစ်ယောက်ယောက်ကလုပ်ခိုင်းတာပါ။ပြီးတော့လဲကျွန်တော်တစ်ယောက်တည်းမဟုတ်ပါဘူး။လူတွေအများကြီးရှိတယ်။တကယ်ပြောတာပါ။ကျွန်တော်ကအဲ့ဒီထဲကတစ်ယောက်ပါ...'

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now