အပိုင်း(၁၈၀)

1.7K 114 1
                                    

ရုတ်တရက်သူ့ကိုခေါ်တဲ့အသံကိုကြားလိုက်ရတယ်။

သူလှည့်ကြည့်လိုက်တော့ရေချိုးခန်းထဲကနေစုရန်ခေါင်းလေးထွက်လာကာ: 'ထင်ယွီ ကျွန်မကိုညအိတ်ဝတ်စုံလေးယူလာပေးဦး။ကျွန်မယူဖို့မေ့သွားလို့'

'အခန်းထဲမှာကိုယ်တစ်‌ယောက်ဘဲရှိနေတာကိုမင်းဒီအတိုင်းထွက်လာလို့ရတယ်။ဘာကိုကြောက်နေတာလဲ?' စုန့်ထင်ယွီပြုံးပြီးပြောလိုက်တယ်။

စုရန်ထပ်ပြောလိုက်တယ်: 'မြန်မြန်လုပ်ပါ'

စုန့်ထင်ယွီဆိုဖာကနေထပြီးညအိတ်ဝတ်စုံကိုသွားယူလိုက်တယ်။ရေချိုးခန်းတံခါးဖွင့်ထားတော့သူအထဲကိုဝင်လာလိုက်တယ်။ရေချိုးခန်းထဲကမြင်ကွင်းကိုမြင်တော့သူနှာခေါင်းသွေးတွေတောင်ထွက်ချင်သွားတယ်။

စုရန်ပုဝါနဲ့ကိုယ်ပေါ်ကရေတွေကိုသုတ်နေပြီးဆံပင်အရှည်ကြီးကိုလဲပုခုံးပေါ်ကိုဖြန့်ချထားတယ်။ဆံပင်တွေကစိုနေတုန်းဘဲ။

စုန့်ထင်ယွီညအိတ်ဝတ်စုံကိုသူမအနားကိုယူသွားပေးလိုက်တယ်။သူမမျက်နှာတွေနီနေပေမယ့်သူ့ကိုပြန်ကြည့်နေလိုက်တယ်။သူမသူ့ကိုအပြင်ကိုမထွက်သွားခိုင်းဘူး။

စုန့်ထင်ယွီသူမလက်ထဲကပုဝါကိုဘေးဖယ်ထားလိုက်ပြီးသူမကိုအင်္ကျီဝတ်ပေးလိုက်တယ်။သူကြယ်သီးတွေကိုတစ်လုံးချင်းတပ်နေလိုက်တယ်။

သူလုပ်နေတာကနှေးနေပေမယ့်စုရန်သူ့ကိုမတားဘူး။သူတို့တွေတိတ်နေကြပေမယ့်သူတို့နှစ်ယောက်ကြားကအပူချိန်ကမြင့်တက်နေတာကိုခံစားလို့ရတယ်။

စုန့်ထင်ယွီကြယ်သီး‌တပ်ပေးပြီးသွားတော့သူမဘက်ကစပြီးသူ့လည်ပင်းကိုဖက်ကာသူ့နားနားမှာကပ်ပြောလိုက်တယ်: 'အခုရှင်ကျွန်မကိုချီနိုင်သေးလား?'

စုန့်ထင်ယွီရယ်လိုက်ပြီး: 'ဘာလို့မချီနိုင်ရမှာလဲ?မင်းကိုယ်ဝန်ရှိနေလို့ကိုယ်မချီနိုင်တော့ဘူးလို့ထင်နေတာလား?'

'ကျွန်မက20kgတောင်မှရှိနေပြီ'

'မင်းကပိန်နေတုန်းဘဲ' စုန့်ထင်ယွီသူမပုခုံးကိုဖက်လိုက်ပြီး သူလက်တွေကရုတ်တရက်သူမရင်ဘက်ကိုရောက်သွားကာ: 'ကံကောင်းလို့ ဒါကတော့ပိုကြီးလာတယ်....'

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now