အပိုင်း(၁၇၅)

1.7K 147 2
                                    

'ဆေးရုံကဘယ်မှာလဲ?'

ချန်မိန်းကလေးပုခုံးကိုချန်ကျင်အတင်းဆုပ်ကိုင်ထားလို့သူမပုခုံးတွေတောင်နာနေပြီ။သူမချန်ကျင်လက်ထဲကနေလွတ်အောင်ရုန်းလိုက်တယ်။သူမဘာလို့ပိုင်ချီရွေ့တက်နေတဲ့ဆေးရုံကိုပြောပြရမှာလဲဆိုတာကိုစဉ်းစားမရဘူးဖြစ်နေတယ်။

ချန်ကျင်ဘာလို့ဒီလောက်တောင်စိတ်လှုပ်ရှားနေတာလဲဆိုတာကိုသူမမသိဘူး။ပိုင်ချီရွေ့နဲ့ချန်ကျင်နဲ့ကဘာမှမတော်တာကိုသူကဘာလို့ဒီလောက်တောင်စိတ်လှုပ်ရှားနေရတာလဲ?ချန်ကျင်မျက်နှာတွေတောင်ဖြူဖျော့သွားသလိုဘဲ။

သူမဘာမှမပြောရသေးခင်မှာဘဲချန်ကျင်အမြန်ပြန်ထွက်သွားတယ်။ချန်ကျင်ကိုင်လာတဲ့စွပ်ပြုတ်ဘူးကပြုတ်ကျသွားပြီးသူမကိုတောင်စင်သွားတယ်။

ချန်ကျင်အမြန်ဘဲဆေးရုံကိုသွားလိုက်တယ်။

ပိုင်ချီရွေ့ဘယ်အခန်းမှာတက်နေတာလဲဆိုတာကိုမေးပြီးသွားလိုက်တယ်။အခန်းထဲက‌နေဝမ်းနည်းပြီးအော်ငိုနေတဲ့အသံကိုချန်ကျင်ကြားလိုက်ရတယ်။

သူမလဲစိတ်ပူပြီးတံခါးကိုအမြန်ဖွင့်လိုက်တော့အခန်းထဲကပိုင်ချီရွေ့ဘေးမှာဆရာဝန်တွေ၊သူနာပြုတွေအများကြီးရှိနေတာကိုတွေ့သွာတယ်။

သူနာပြုတွေကပိုင်ချီရွေ့ကိုကုတင်ပေါ်မှာဘဲနေရအောင်ချုပ်ထားကြတယ်။သူမစိတ်အခြေအနေကမတည်ငြိမ်တော့သူမစိတ်ငြိမ်သွားအောင်ဆရာဝန်ကစိတ်ငြိမ်ဆေးထိုးပေးလိုက်တယ်။

သူမတဖြေးဖြေးစိတ်ပြန်ငြိမ်လာတယ်။

ဆရာဝန်ကချန်ကျင်ကိုလဲတွေ့ရော: 'လူနာနဲ့ဘာတော်တာလဲ?'

'အဒေါ်ပါ' ပိုင်ချီရွေ့ကိုချန်ကျင်ကြည့်လိုက်ပြီး: 'ဒေါက်တာ သူဘယ်လိုနေလဲ?အဆင်ရောပြေရဲ့လား?'

'သူရှော့ခ်အကြီးကြီးရသွားလို့ပါ။သူဒါကိုလောလောဆယ်လက်မခံနိုင်သေးလို့စိတ်မတည်မငြိမ်ဖြစ်နေတာပါ။အော် ဟုတ်သားဘဲ သူရဲ့ခန္ဓာကိုယ်ကိုသေသေချာချာဂရုစိုက်ပေးဖို့လိုတယ်'

'ကောင်းပါပြီ'

ပိုင်ချီရွေ့ဒီလိုဖြစ်ရတာဘာကြောင့်လဲဆိုတာကိုချန်ကျင်မသိသေးဘူး။ပိုင်ချီရွေ့ကုတင်ပေါ်မှာလှဲနေပေမယ့်မအိပ်ဘဲမျက်နှာကျက်ကိုကြည့်ပြီးငိုနေတယ်။

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now