အပိုင်း(၉၅)

2.9K 192 0
                                    

နောက်ဆုံးတော့လင်ချန်ဟွမ်ခေါင်းမော့လာခဲ့တယ်။သူ့ရဲ့နက်မှောင်နေတဲ့မျက်လုံးတွေကနီရဲနေပြီ။သူမနေ့ညကတစ်ညလုံးမအိပ်ထားဘူးနဲ့တူတယ်။

'မင်းတို့အရင်ပြန်နှင့်ကြ ကိုယ်ဒီမှာခဏနေဦးမယ်'

သူ့ဆံပင်တွေစိုနေတာကိုစုရန်သတိထားမိသွားတယ်။နှင်းရေကြောင့်စိုသွားတာဖြစ်မယ်။သူဒီကိုရောက်နေတာကြာပြီဆိုတာကိုစုရန်သိတယ်။မနက်အစောကြီးထဲကဒီကနေဘယ်မှမသွားတာဖြစ်နိုင်တယ်။

တောင်ပေါ်မှာကပိုအေးတာကို သူဒီမှာအကြာကြီးဘယ်လိုနေနေတာလဲမသိဘူး။

'ထျန်မီ စုရန်ကိုအိမ်ပြန်ခေါ်သွားလိုက်' လင်ချန်ဟွမ်အသံတွေကွဲအက်နေပြီး သူ့ရဲ့ပုံမှန်အသံမဟုတ်တာကိုသူမတို့သိနိုင်တယ်။

'ရှင်ကျွန်မတို့နဲ့အိမ်ပြန်လိုက်ခဲ့' စုရန်ခေါင်းခါပြီးအိမ်ပြန်ဖို့ကိုငြင်းလိုက်တယ်။

'မြန်မြန်ပြန်ကြတော့' လင်ချန်ဟွမ်အသံကျယ်လာတယ်။

စုရန်လဲခေါင်းမာမာနဲ့: 'ရှင်ဒီမှာဘဲနေတော့မယ်ဆိုရင်ကျွန်မတို့လဲအဖော်ပြုပေးမယ်'

'ရန်ရန်...' ဒီမှာအရမ်းအေးပြီးလေတွေကလဲဆက်တိုက်ကိုတိုက်နေတာ။လေကမျက်နှာကိုလာတိုက်ရင်အရမ်းကိုနာတာ။အခုထျန်မီခြေတွေလက်တွေလဲအေးစက်နေပြီ။စုရန်သာဒီမှာကြာကြာနေလို့ရှိရင်ဖျားတော့မှာကိုသူမစိတ်ပူနေတယ်။သူ့မရဲ့ဗိုက်ထဲကကလေးအတွက်လဲမကောင်းဘူး။

စုရန်သူမကိုကြည့်ပြီးဘာမှလဲ‌မပြောဘူးလှုပ်လဲမလှုပ်ဘူး။သူမလဲဗိုက်ထဲကကလေးကိုစိတ်ပူတာပေါ့။ဒါပေမယ့်လင်ချန်ဟွမ်သူမကိုဒီမှာအကြာကြပေးမနေဘူးဆိုတာကိုစုရန်သိတယ်။

လင်ချန်ဟွမ်လဲသူမကိုလှည့်ကြည့်လိုက်ပြီး သူ့ကုတ်အင်္ကျီကိုချွတ်ကာသူမပခုံး‌ပေါ်မှာခြုံပေးလိုက်တယ်။

'ရန်ရန် ကိုယ့်ကိုကိုယ်အရှုံးသမားတစ်ယောက်လို့ထင်တယ်...'

'ဘာလို့အဲ့လိုမျိုးပြောရတာလဲ?ရှင်ကအရှုံးသမားမဟုတ်ပါဘူး။ရှင်ကအရမ်းကိုတော်နေပါပြီ...' စုရန်အသံကနူးညံ့ညင်သာနေပြီး: 'ချန်ဟွမ် ရှင်ကအရမ်းကိုတော်တဲ့လူပါ'

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now