အပိုင်း(၉၇)

2.9K 234 7
                                    

သူမလက်ကိုသူကိုင်ထားလိုက်ပြီး: 'ရန်ရန်စိတ်မပူပါနဲ့။အားလုံးအဆင်ပြေသွားမှာပါ။မင်းလဲအဆင်ပြေပြီးကလေးလဲအဆင်ပြေမှာပါ။မင်းအဖျားကျသွားအောင်ကိုယ်ကူညီပေးမှာပါ။ဒါကြောင့်စိတ်မပူပါနဲ့နော်?'

စုရန်ကြည့်ရတာတော်တော်အိပ်မောကျနေတဲ့ပုံဘဲ။သူမလက်တွေကိုသူစောင်ထဲကိုထည့်ပေးလိုက်ပြီးသူမဆံပင်တွေကိုနားကြားထဲကိုညှပ်ပေးလိုက်တယ်။ပြီး‌တော့
သူမမျက်နှာလေးကိုသူစိုက်ကြည့်နေလိုက်တယ်။သူ့နှလုံးသားကအေးချမ်းသွားတယ်လို့ခံစားလိုက်ရတယ်။ဒီလိုခံစားချက်မျိုးကစုရန်နဲ့မှသူခံစားရတာ။

သူ့လက်ညှိုးလေးနဲ့သူမမျက်နှာလေးကိုပွတ်သပ်ပေးနေလိုက်တယ်။

အခုအချိန်သူ့စိတ်ထဲမှာစုရန်ငယ်ငယ်လေးတုန်းကပုံစံလေးကိုပြန်မြင်ယောင်လာတယ်။သူမရဲ့ပုံစံမျိုးစုံကိုဘဲ။သူခေါင်းကိုတစ်ဖြေးဖြေးငုံ့လိုက်ပြီး သူဘာလုပ်နေမိမှန်းတောင်သူကိုယ့်သူမသိဘူး။သူ့နှလုံးသားကခိုင်းစေတဲ့အတိုင်းကိုသူလုပ်လိုက်တာ။

သူမနှုတ်ခမ်းလေးကိုသူနမ်းလိုက်တယ်။

အဲ့ဒီအချိန်မှာသူ့အနောက်ကနေတစ်ခုခုကျကွဲသံကိုကြားလိုက်ရတယ်။လင်ချန်ဟွမ်အနောက်ကိုလှည့်ကြည့်လိုက်တော့ရေခဲအိတ်နဲ့ပန်းကန်‌တွေကိုကိုင်လာတဲ့ထျန်မီကိုတွေ့သွားတယ်။သူမကိုင်လာတာတွေကအကုန်လုံးကြမ်းပြင်ပေါ်ကိုပြုတ်ကျနေပြီး ထမင်းတွေလဲပြန့်ကျဲနေတယ်။

လင်ချန်ဟွမ်စုရန်ကိုကြိုက်နေတယ်ဆိုတာကိုသူမသိပေမယ့်လဲ အခုလိုမျိုးတိုက်ရိုက်ကြီးတွေ့လိုက်ရတော့လဲအံ့ဩသွားမိတယ်။

လင်ချန်ဟွမ်မရည်ရွယ်ဘဲလုပ်လိုက်မိတယ်ဆိုတာကိုလဲသူမသိတယ်။

လင်ချန်ဟွမ်သူမကိုလှည့်ကြည့်လိုက်တော့ သူမလဲသတိပြန်ဝင်လာပြီး မျက်နှာကိုဘယ်နားထားရမှန်းမသိဘူးဖြစ်နေတယ်။ကြမ်းပြင်ပေါ်မှာကျနေတာတွေကိုသူကသိမ်းနေလိုက်တယ်။သိမ်းနေရင်းနဲ့သူမမှန်ပြတင်းပေါက်ကိုကြည့်လိုက်မိပြီးလုပ်နေတာတွေရပ်သွားတယ်။သူမမျက်မနှာအေးခဲသွားတယ်လို့ခံစားလိုက်ရတယ်။

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now