အပိုင်း(၁၀၅)

3.1K 221 0
                                    

ထန်ဇီချူခေါင်းညိတ်ပြလိုက်ပြီးအခန်းထဲကနေထွက်သွားလိုက်တယ်။

စုန့်ထင်ယွီအရက်သောက်နိုင်တဲ့နှုန်းကတော်တော်ကောင်းတယ်။အရင်တစ်ခေါက်တုန်းကလုကျန့်နဲ့အရက်သောက်ကြတုန်းကသူမမူးဘူး။သူမလှုပ်ချင်တာနဲ့ဆိုဖာပေါ်မှာထိုင်ပြီးမျက်လုံးတွေမှိတ်ထားလိုက်တာ။ပြီးတော့လုကျန့်စုရန်ကိုဖုန်းဆက်နေတာကိုကြားတော့သူပိုပြီးမလှုပ်ချင်တော့ဘူး။စုရန်လာကြိုတာကိုသူစောင့်နေလိုက်တာ။

ဒီညရောသူမသူ့ကိုလာခေါ်ပေးမှာလား?

သူမမလာရင်လဲမလာလောက်ဘူး။

စုန့်ထင်ယွီနက်ခ်တိုင်ကိုဖြည်လိုက်ပြီးဆိုဖာပေါ်ကိုပစ်တင်လိုက်တယ်။

'နင်ဘာလို့ဒီလိုပုံစံမျိုးဖြစ်နေရတာလဲလို့ငါမေးနေတာ?ဒီလောက်ပါးပါးလေးဝတ်ပြီးလူမရှိတဲ့နေရာကိုဘာလို့ရောက်နေရတာလဲ?နင့်ကားကရော?နင်ပစ္စည်းအလုခံရတာလား?' ၁၀စင်တီမီတာရှိတဲ့ဒေါက်ဖိနပ်ကိုစီးထားတဲ့အရပ်ရှည်ရှည်နဲ့မိန်းမက စုလိုင်ကိုကြည့်ပြီးရယ်နေလိုက်တယ်။

'ဒီအကြောင်းကအရှည်ကြီးရှင်းပြရမှာဆိုတော့နောက်မှဘဲနင့်ကိုပြောပြတော့မယ်....'

အရပ်ရှည်ရှည်နဲ့လူတစ်ယောက်သီးသန့်အခန်းထဲကနေထွက်သွားတာကိုစုလိုက်တွေ့ပြီးပြောနေတဲ့စကားရပ်သွားတယ်။

အဲ့ဒီလူကအမဲရောင်အနောက်တိုင်းဝတ်စုံနဲ့အဖြူရောင်ရှပ်အင်္ကျီကိုဝတ်ထားတယ်။

ဘယ်သူလဲဆိုတာကိုစုလိုင်စဉ်းစားနေစရာမလိုဘူး။

သူမဒီမှာစုန့်ထင်ယွီကိုတွေ့လိမ့်မယ်လို့မထင်ထားဘူး။

သူလဲအခန်းအပြင်ကိုထွက်လာရော စောစောကသူလုပ်ခဲ့တာကိုစဉ်းစားမိပြီးသူမကိုတွေ့သွားမှားစိုးလို့တစ်ဖက်ကိုလှည့်လိုက်တယ်။

စုန့်ထင်ယွီကတော့သူမတို့ဘက်ကိုလှည့်မကြည့်ဘဲတစ်နေရာကိုသွားလိုက်တယ်။

သူမတိတ်နေတာကိုဘေးနားကမိန်းမကကြည့်ပြီးပြောလိုက်တယ်: 'ဘာဖြစ်လို့လဲ?မြန်မြန်လာ ဟိုမှာအားလုံးကငါတို့ကိုစောင့်နေကြတယ်'

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now