အပိုင်း(၁၇-၁)

4.7K 361 0
                                    

သူ့မျက်လုံးထဲမှာ စုရန်ကအထီးကျန်တာကိုမခံစားနိုင်လို့ယောက်ျားတွေကိုလိုက်မြှူဆွယ်ရတာကြိုက်တယ်လို့ထင်နေတာမလား?
သူမအရမ်းကိုဒေါသထွက်သွားပေမယ့်ရယ်လိုက်ကာ:'ဥက္ကဌစုန့် စိတ်အေးအေးထားပါ။ကျွန်မဘယ်လောက်ဘဲမထိန်းချုပ်နိုင်ပါစေ ကျွန်မမတို့ကွာရှင်တဲ့အထိစောင့်မှာပါ'
အစကတော့ သူမပြောလိုက်တဲ့စကားကစုန့်ထင်ယွီကိုစိတ်သက်သာရာရစေလိမ့်မယ်လို့ထင်ခဲ့တာ။ဒါပေမယ့်မမျှော်လင့်ဘဲနဲ့ သူ့မျက်နှာကပိုဆိုးသွားတယ်။
အဲ့ဒီအချိန်မှာတံခါးခေါက်သံကြားလိုက်ရတယ်။
လင်ချန်ဟွမ်ဆရာဝန်ကိုခေါ်လာခဲ့တယ်။
နောက်နေ့စုရန်ကို မဒမ်စုန့်ရဲ့လူတွေအိမ်ပြန်ဖို့လာခေါ်ခဲ့တယ်။သူမရဲ့အခြေအနေကဆေးရုံမှာနေလဲဆရာဝန်တွေကဘာမှမလုပ်ပေးနိုင်ဘူး။သူမက ဒီအတိုင်းနားဖို့ဘဲလိုအပ်နေတာ။အဲ့တော့အိမ်မှာနားရင်စောင့်ရှောက်မယ့်လူတွေများတော့သူမအတွက်ပိုတောင်ကောင်းသေးတယ်။
စုရန်ရဲ့အနာအကြောင်းကိုစုန့်ထင်ယွီဘာမှမပြောထားတဲ့အတွက်သူမကျေးဇူးတင်နေမိတယ်။အဲ့တာကြောင့်မဒမ်စုန့်ကဘာဖြစ်တာလဲမေးတော့ သူမပန်းအိုးကိုအမှတ်မထင်တိုက်မိပြီးကွဲသွားလို့ဆိုပြီးလိမ်ပြောလိုက်တယ်။
ချောင်ချောင်ရဲ့ရောဂါအကြောင်းကိုစုရန်သူများတွေကိုမသိစေချင်ဘူး။အဲ့ဒါထက်သူမကိုမကောင်းဆိုရွားလို့မထင်စေချင်ဘူး။
အရင်တုန်းက ချောင်ချောင်လက်မထပ်ရသေးဘဲနဲ့ကလေးရတော့ ချောင်မိသားစုကနေခွဲခြားဆက်ဆံမှုတွေခံရပြီးမောင်းထုတ်ခံလိုက်ရတယ်။သူမအသက်ကြီးလာတော့လဲစုရန် သူမကိုအဲ့လိုမျိုးထပ်ပြီးမခံစားစေချင်ဘူး။
စုန့်ဝမ်ရှီကိုကျတော့ စုန့်ထင်ယွီသတိပေးထားတော့ သူဘာတစ်ခွန်းမှမပြောဘူး။
သူမကျောပေါ်ကိုပန်းအိုးကျကွဲတာကိုမဒမ်စုန့်မယုံပေမယ့် ဘာမှထပ်မမေးခဲ့ဘူး။
မနေ့တုန်းကကိစ္စကြောင့်စုန်ဝမ်ရှီ စုရန်ကိုအဲ့လိုမျိုးထက်ဖြစ်မှာကိုစိတ်ပူပြီး သူမအခန်းကိုလာပြီးတံခါးကနေချောင်းကြည့်ပြီးဘာမှမဖြစ်တာတွေ့တော့မှ သူစိတ်အေးသွားတယ်။
ဒါပေမယ့်မဒမ်စုန့် က စုရန်နားဖို့လိုနေတယ်လို့မှာထားတော့သူအခန်းထဲတော့မဝင်လာဘူး။
စုရန်တံခါးဝမှာချောင်းနေတဲ့ အရိပ်သေးသေးလေးကိုတွေ့တော့ရယ်လိုက်ပြီး:'ဝမ်ရှီ ဒီကိုလာပါဦး'
စုန့်ဝမ်ရှီအခန်းထဲဝင်လာပြီးဖိုနပ်ကိုချွတ်ကာကုတင်ပေါ်တက်လိုက်ပြီး:'မေမေ သားကြောင့်နိုးသွားတာလား?'
'မဟုတ်ပါဘူး။မေမေအိပ်တာများပြီး အိပ်ချင်စိတ်မရှိတော့လို့ပါ' စုရန်ညင်သာစွာပြောလိုက်တယ်။
စုန်ဝမ်ရှီတစ်ခုခုပြောချင်နေပုံနဲ့ခေါင်းလေးမော့ပြီး သူမကိုကြည့်ကာ ချီတုံချတုံဖြစ်နေပေမယ့်နောက်ဆုံးတော့ပြောလိုက်တယ်:'မေမေ ဘာလို့ဘွားဘွားကမေမေ့ကိုရိုက်တာလဲ?'
ချောင်ချောင်ကိုအဲ့လိုပုံစံမျိုးတွေ့တာစုန့်ဝမ်ရှီအတွက်ကပထမဆုံးဘဲ။သူ့အတွက်အဲ့ဒီပုံရိပ်ကမေ့ဖို့ခက်ခဲလိမ့်မယ်။
စုန့်ဝမ်ရှီ ချောင်ချောင့် အပေါ်မကောင်းတဲ့အမြင် ရှိနေမှာကိုစုရန်မလိုလားဘူး။
'ဘာလို့ဆိုတော့မေမေအမှားလုပ်ခဲ့လို့ပေါ့'

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now