အပိုင်း(၆၃)

3.9K 303 1
                                    

သူမမျက်နှာဘယ်မှာထားရမှန်းမသိတော့ဘဲ  စောင်ကိုခေါင်းအထိဆွဲခြုံလိုက်က: 'ကျွန်မအိပ်ချင်ပြီ'

စုန့်ထင်ယွီစောင်ကိုဖယ်လိုက်ပြီး အန္တရာယ်ရှိတဲ့အပြုံးပြုံးလိုက်ကာ : 'နေ့တိုင်းလုပ်ရမယ့်အလုပ်မပြီးသေးတာကိုဘာအိပ်မှာလဲ?'

စုန့်ထင်ယွီကတိထပ်ပျက်ပြန်ပြီ။ပိုင်ချီရွေ့လဲအိမ်မှာမနေချင်တာနဲ့ သူငယ်ချင်းတွေကိုခေါ်ပြီး လျှောက်လည်ကြတယ်။

မိန်းကလေးတွေစိတ်အခြေအနေမကောင်းရင်ဈေးဝယ်ထွက်တာကအကောင်းဆုံးဘဲ။

သူတို့အမေရိက‌မှာနေတုန်းကလဲ စုန့်ထင်ယွီကသူမသုံးစွဲတာကိုဘာမှမပြောခဲ့ဘူး။သူ့ကဒ်ကိုပေးပြီးသူမသုံးချင်သလောက်သုံးလို့ရတယ်။စုန့်ထင်ယွီဘာတစ်ခုမှသူမကိုပြန်မမေးခဲ့ဘူး။

အခုပြန်လာတော့လဲ သူမအပေါ်ကိုသူမတရားဘလို့ခံစားရလို့ထင်တယ် ချက်စ်ထုတ်ပေးပြန်တယ်။

ပိုက်ဆံပေးတာကလွဲရင် ဆေးရုံဆင်းပြီးကတည်းကသူမဆီကိုမလာခဲ့ဘူး။တခါတလေလာရင်လဲ ညစာလေးခဏစားပြီး တခါမှသူမနဲ့အတူတူမနေခဲ့ဘူး။

ပိုင်ချီရွေ့လဲပိုပြီးစိတ်ပူလာတယ်။သူမတစ်ခုခုလုပ်လိုက်လို့ရှိရင်အခြေအနေပိုဆိုးသွားမှာလဲကြောက်တယ်။

ဒီနေ့ သူမပွဲဦးထွက်တုန်းကခင်ခဲ့ကြတဲ့သူငယ်ချင်းတွေနဲ့အတူတူအန်မြို့ကshopping centerမှာလျှောက်လည်ကြပြီး သူမအများကြီးဝယ်လာခဲ့တယ်။သူမစိတ်အခြေအနေကောင်းလာတယ်လို့ခံစားရပေမယ့်အတွေးတွေကဟိုကိုပြန်ရောက်သွားလို့ စိတ်ကမကြည်တော့ပြန်ဘူး။

သူတို့တစ်ခုခုစားဖို့ဆိုင်ရှာလိုက်ကြတယ်။သူမလဲစားချင်စိတ်သိပ်မရှိဘူး။သူမသူငယ်ချင်းတွေစကားပြောနေကြပေမယ့်သူမကတော့ စကားကိုတိုတိုဘဲပြန်ဖြေနေလိုက်တယ်။

သူမပျင်းလာပြီးဟိုဟိုဒီဒီကိုကြည့်လိုက်မိတော့တစ်နေရာမှာသူမအကြည့်တွေရပ်သွားတယ်။

'နင်ဘာကြည့်နေတာလဲ?'

သူမတို့နဲ့မလှမ်းမကမ်းကစားပွဲကိုပိုင်ချီရွေ့လက်ညှိုးထိုးပြလိုက်ပြီး: 'အဲ့တာစုရန်မလား?'

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးDove le storie prendono vita. Scoprilo ora