အပိုင်း(၇)

5.2K 407 0
                                    

သူမတချက်လန့်သွားပြီးခေါင်းမော့ကာစုန့်ထင်ယွီကိုကြည့်လိုက်တယ်။စုန့်ထင်ယွီကအရက်ပြန်ပုလင်းအဖုံးကိုဖွင့်ပြီးသူမနဲ့မျက်နှာချင်းဆိုင်မှာထိုင်ပြီးသူမရဲ့ဒဏ်ရာရနေတဲ့ခြေထောက်ကိုယူပြီးသူ့ဒူး‌ပေါ်ကိုတင်လိုက်တယ်။
စုန့်ထင်ယွီလှုပ်ရှားပုံကကျွမ်းကျင်လှတယ်။ပထမဆုံးအရက်ပြန်နဲ့သူမဒဏ်ရာကိုအရင်ဆေးပြီးမှဆေးထည့်ပြီးပလာစတာကပ်ပေးလိုက်တယ်။ပြီးသွားတော့မှသူမရဲ့ခြေထောက်ကိုပြန်ချပေးလိုက်တယ်။
စုရန်သူမရဲ့ဒူးကိုကြည့်ပြီးနောက်ရှေ့မှာရှိနေတဲ့စုန့်ထင်ယွီကိုကြည့်လိုက်ပြီး:'ကျေးဇူးပါ'
စုန့်ထင်ယွီကလဲသူမကိုပြန်ကြည့်နေပြီး:'မင်းမှာဒဏ်ရာရှိနေတာဘာလို့မပြောတာလဲ'
'ဘာမှမဖြစ်ပါဘူး' စုရန်စုန့်ဝမ်ရှီကိုစိတ်မပူစေချင်တာလဲပါတယ်။
စုန့်ထင်ယွီမျက်ခုံးကိုပင့်လိုက်ပြီး:'ဒီလောက်ဒဏ်ရာကြီးပြီးသွေးတွေအများကြီးထွက်နေတာကိုဘာမှမဖြစ်ဘူးလို့ပြောတယ်ပေါ့လေ?'
သူမဘာမှမပြောဘဲနေတော့စုန့်ထင်ယွီသူ့ရဲ့လက်တွေကိုဆိုဖာလက်ကိုင်ပေါ်မှာတင်လိုက်ပြီးနှုတ်ခမ်းမဲ့ကာမကျေနပ်တဲ့အမူအယာနဲ့:'လင်ချန်ဟွမ် ကမင်းရည်းစားမလား?'
'မဟုတ်ပါဘူး'ခုမှဘဲစုရန်သိတော့တယ်ဘာလို့သူစားသောက်ဆိုင်မှာသူမကိုအဲ့လိုကြည့်နေလဲဆိုတာ။သူကသူမနဲ့လင်ချန်ဟွမ်ကိုရည်းစားတွေလို့ထင်နေတာကိုး။
စုန့်ထင်ယွီသူမပြန်‌ဖြေတာကိုကြားပြီးရယ်လိုက်ကာ:'စုရန်မင်းသိလားလူတွေကမြန်မြန်ငြင်းလေသူရဲ့စိတ်ထဲမှာတခုခုမဟုတ်တာကိုကြံနေတာကိုဖော်ပြနေတယ်ဆိုတာ?'
ခုချိန်မှာစုန့်ထင်ယွီပျော်နေတယ်လို့စုရန်ခံစားနေရတယ်။ဖြစ်နိုင်တာကတော့သူမမှာရည်းစားရှိနေတယ်ဆိုတော့သူတို့သေချာပေါက်ကွာရှင်းဖြစ်မှာမို့လို့ထင်တယ်။
လင်ချန်ဟွမ်အလုပ်ကိစ္စနဲ့ခရီးထွက်တာကြာပြီဆိုတော့စုရန်အပြောင်းအလဲတွေနဲ့တွေ့ကြုံနေရတာကိုမသိဘူးဖြစ်နေတယ်။
ဒါ့ကြောင့်ဝမ်ရှီ့‌ရောဂါအကြောင်းကိုလဲမသိသလိုနောက်ဆုံးနည်းနဲ့ဝမ်ရှီ့ကိုကယ်မယ့်အစီအစဉ်ကိုလဲမသိပေ။
သူတို့ကော်ဖီဆိုင်မှာတွေ့ဖို့လုပ်ထားကြတယ်။ဆောင်းရာသီရဲ့နေရောင်ခြည်ကပြတင်းပေါက်ကိုထိုးဖောက်ဝင်ရောက်လာပြီးပြတင်းပေါက်အနီးမှာထိုင်နေတဲ့မိန်ကလေးရဲ့ဆံပင်နဲ့ခန္ဓာကိုယ်ပေါ်ကိုကျရောက်နေကာသူမတကိုယ်လုံးတောက်ပနေတယ်။လင်ချန်ဟွမ်ဒီမြင်ကွင်းကို‌မြင်တော့လှပတဲ့ပန်းချီကားတချပ်လိုခံစားလိုက်ရတယ်။
'အဲ့ဒီတော့စုန့်ထင်ယွီပြန်လာတာဒီကိစ္စကြောင့်လား?'လင်ချန်ဟွမ်ကမေးလိုက်တယ်။
'ဟုတ်တယ်'စုရန်ခေါင်းညိတ်ပြလိုက်ပြီး:'ငါတို့နှစ်ယောက်လုံးcheck-upလုပ်ပြီးပြီ။ဒီရက်ပိုင်းအတွင်းပြင်ဆင်ထားဖို့လိုတယ်လေ။ဖန်ပြွန်သန္ဓေသားယူတာအများကြီးပြင်ဆင်ရမှန်းခုမှဘဲသိတော့တယ်။
စုရန်စကားမဆုံးသေးခင်လင်ချန်ဟွမ်ကစကားဖြတ်ပြောပြီးသူ့ပုံစံကစိတ်လှုပ်ရှားနေကာ:'ရန်ရန် ခုနကဘာပြောလိုက်တာလဲ?ဖန်ပြွန်သန္ဓေသား၏ဟုတ်လား?'
စုရန်ခါးသီးစွာရယ်လိုက်ပြီး:'စုန့်ထင်ယွီကသူရဲ့ချစ်သူအ‌ေပါ်သစ္စာရှိချင်တာကိုး။အဲ့တာကြောင့်ဖန်ပွန်သန္ဓေသားယူတာမဆန်းပါဘူး'လင်ချန်ဟွမ်တခုခုဖြစ်နေတာကိုခံစားမိပြီးသူမခဏရပ်လိုက်ကာ:'ချန်ဟွမ် ဘာဖြစ်လို့လဲ'
လင်ချန်ဟွမ်ခေါင်းခါပြလိုက်ပြီးအရင်တုန်းကအတိုင်းဘဲသူမနှာခေါင်းလေးကိုဖျစ်လိုက်တယ်။ပြီးတော့သူတခုခုပြောမလို့လုပ်လိုက်တဲ့အချိန်မှာဘဲစုရန်ဖုန်းမြည်လာတယ်။
သူမဖုန်းကိုင်ပြီးနောက်မှာလင်ချန်ဟွမ်ကိုတခုခုပြောလိုက်တယ်:'ချန်ဟွမ် ငါသွားရတော့မယ်။အဘွားခေါ်နေလို့'
'ကိုယ်လိုက်ပို့ပေးမယ်လေ'လင်ချန်ဟွမ်လဲသူမနဲ့အတူထလိုက်တယ်။
စုရန်ရယ်လိုက်ကာသူမပစ္စည်းတွေကိုယူပြီးကုတ်အင်္ကျီဝတ်လိုက်ရင်းနဲ့:'မပို့နဲ့တော့။ဒီကိုလာတော့ကားယူလာခဲ့လို့'
သူမစုန့်အိမ်တော်ကိုပြန်ရောက်‌တော့တခုခုဖြစ်နေတာကိုခံစားမိလိုက်တယ်။မဒမ်စုန့်လဲစိတ်ဆိုးနေတဲ့ပုံပေါ်ကာသူမလဲချန်ကျင်နဲ့စုန့်မင်ဟွမ်တို့ဘေးကဆိုဖာပေါ်မှာထိုင်လိုက်တယ်။သူမshoeဖိနပ်နဲ့အိမ်စီးဖိနပ်ကိုလဲလိုက်ပြီးမှမဒမ်စုန့်ဘေးနားသွားပြီး:'အဘွား အဖေ အဖေ'
မဒမ်စုန့်ခေါင်းမော့ပြီးသူမကိုကြည့်ကာသူ့ဘေးကလွတ်နေတဲ့နေရာကိုညွှန်ပြလိုက်ပြီး:'ရန်ရန် အဲ့မှာထိုင်ပါဦး'
စုရန်စိတ်လှုပ်ရှားစွာနဲ့ထိုင်လိုက်ရတယ်။မဒမ်စုန့်လဲသူမဆီကိုဖိုင်တခုလှမ်းပေးပြီး:'ကြည့်ပါဦး အဲ့တာဘာလဲလို့'
သူမလဲဖိုင်ကိုဖွင့်ကြည့်လိုက်တော့မှအထဲမှာဘာရှိလဲဆိုတာကိုမြင်ပြီးမျက်နှာဖြူဖျော့သွားတော့တယ်။ဖိုင်ထဲမှာသူမနဲ့စုန့်ထင်ယွီတို့ဖန်ပြွန်သန္ဓေသားအတွက်စစ်ဆေးထားတဲ့စာရွက်စာတမ်းတွေဖြစ်ပြီးခုအဲ့တာကိုမဒမ်စုန့်တို့သိသွားပြီလေ။
စုန့်မင်ဟွမ်စုရန်ကိုကြည့်ပြီးလေးနက်တဲ့အသံနဲ့မေးလိုက်တယ်:'ရန်ရန် ဘာလို့အောင်မြင်နိုင်ချေနည်းတဲ့နည်းလမ်းကိုလိုအပ်ရတာလဲ?'
မဒမ်စုန့်အေးစက်စွာရယ်လိုက်ပြီး:'မေးနေဖို့လိုသေးလား။စုန့်ထင်ယွီအတင်းလုပ်ခိုင်းတာနေမှာပေါ့'
ချန်ကျင်လဲသူမပါးစပ်ကိုဖွင့်ပြီး:'အမေကလဲဒီကိစ္စကသေသေချာချာလဲမစုံစမ်းရသေးဘဲနဲ့။စုန့်ထင်ယွီနဲ့မပတ်သက်တာလဲဖြစ်နိုင်တာဘဲ။
မဒမ်စုန့်သူမကိုကြည့်လိုက်ပြီး:'စုန့်ထင်ယွီနဲ့မသက်ဆိုင်တာဘယ်လိုဖြစ်နိုင်မှာလဲ?သူကလွဲပြီးဒီလိုနည်းလမ်းကိုဘယ်သူစဉ်းစားမိမှာလဲ?သူဟိုသရုပ်မပိုင်ချီရွေ့ကြောင့်ဒီလိုနည်းလမ်းကိုသုံးတယ်ဆိုတာငါမသိဘူးထင်နေတာလား?အဲ့ဒီသရုပ်ဆောင်မအတွက်ဆိုရင်သူဘာမဆိုလုပ်နိုင်တယ်။
မဒမ်စုန့်ပြောနေတာခဏရပ်ပြီးချန်ကျင်ကိုညွှန်ပြကာ:'နင်စုန့်ထင်ယွီကိုဖုန်းဆက်ပြီးအိမ်ကိုခုချက်ချင်းပြန်လာခိုင်းလိုက်'
မဒမ်စုန့်အမိန့်ကိုချန်ကျင်မနာခံဘဲမနေရဲဘူး။ခုတော့မဒမ်စုန့်ခိုင်းတဲ့အတိုင်းစုန့်ထင်ယွီကိုအိမ်ပြန်လာခိုင်းဖို့သူမလုပ်လိုက်ရတယ်။
စုရန်ဦးနှောက်ထဲမှာရှုပ်ထွေးနေတယ်။ဘယ်လိုဖြစ်လို့စုန့်မိသားစုသူမတို့အစီအစဉ်ကိုရှာတွေ့သွားလဲနားမလည်နိုင်ဘူးဖြစ်နေတယ်။ခုသိသွားပြီဆိုတော့နောက်တကြိမ်ဖုန်းကွယ်ဖို့ဆိုတာမဖြစ်နိုင်တော့ဘူး။
မဒမ်စုန့်စိတ်နဲ့ဆိုရင်ဒီနေ့တော့ပွဲကြီးပွဲကောင်းဖြစ်ဦးမယ်။
ခဏကြာတော့တော့စုန့်ထင်ယွီပြန်လာပြီးဧည့်ခန်းမှာရှိနေတဲ့လူတွေကိုကြည့်ရင်းဝင်ထိုင်လိုက်တယ်။သူကနှုတ်ခမ်းကိုကွေးလိုက်ပြီး:'ဒီနေ့ဘာနေ့မို့လို့အကုန်လုံးစုနေကြတာလဲ?'
မဒမ်စုန့်မျက်နှာတည်နေပြီးစားပွဲပေါ်ကဖိုင်အိတ်ကိုစုန့်ထင်ယွီရှေ့ကိုပစ်ပေးလိုက်ပြီး:'ထင်ယွီ ဒါဘာလဲဆိုတာကိုဖြေရှင်းချက်လေးပေးပါဦး?'
စုန့်ထင်ယွီသူ့ရဲ့ရှည်လျားတဲ့လက်တွေနဲ့ဖိုင်အိတ်ကိုယူပြီးဖွင့်ကြည့်လိုက်တယ်။အထဲကဘာလဲဆိုတာသိပြီးတော့သူပထမဆုံးစုရန်ကိုလှည့်ကြည့်လိုက်တယ်။သူ့ရဲ့အကြည့်တွေကအေးစက်ပြီးကြောက်စရာကောင်းနေတယ်။
'စုရန် မင်းကိုငါလျှော့တွက်မိသွားတာဘဲ'
သူမဒီသတင်းတွေကိုစုန့်မိသားစုကိုပေးလိုက်တယ်လို့စုန့်ထင်ယွီထင်နေတာစုရန်သိလိုက်ပြီ။သူမသူ့ကိုပြန်ကြည့်လိုက်တဲ့အချိန်မှာမျက်နှာကဖြူဖျော့နေပေမယ့်ဘာမှပြန်မပြောခဲ့ဘူး။ဒီအချိန်မှာသူမဘာပြောပြောစုန့်ထင်ယွီယုံမှာမှမဟုတ်တာ။ပြီးတော့ခုကပြန်ပြီးဖြေရှင်းချက်ပေးဖို့အချိန်ကောင်းလဲမဟုတ်သေးဘူး။
သူပြောတာကိုကြားပြီးမဒမ်စုန့်ပိုစိတ်ဆိုးသွားကာ:'မင်းကဒီပြဿနာတွေကိုလုပ်ထားပြီးသူများကိုအပြစ်တင်ချင်နေတာလား?မင်းသားတယောက်လုံးကိုကယ်ရမယ်ဆိုတာမင်းသိသေးလား?မင်းသားရဲ့အသက်ကိုစတေးချင်လို့လား?မင်းရဲ့မျက်စိထဲမှာဝမ်ရှီကအဲ့ဒီသရုပ်ဆောင်ကောင်မလောက်တောင်အရေးမကြီးဘူးလား?'
ပိုင်ချီရွေ့ကmodelလောကကနေမှဇာတ်လမ်းတွေသရုပ်ဆောင်ပြီးအောင်မြင်လာတာ။စုန့်ထင်ယွီနဲ့ပတ်သက်ပြီးနောက်မှာသူမဘာရုပ်ရှင်မှမရိုက်တော့ဘဲနဲ့တချို့productတွေအတွက်brand ambassadorဘဲလုပ်ဖြစ်တော့တယ်။မဒမ်စုန့်ကမျိုးရိုးမြင့်ထဲကဆင်းသက်လာတာဆိုတော့သူမမျက်စိထဲမှာသရုပ်ဆောင်တွေကိုသဘောမကျတဲ့အတွက်အဲ့ဒီတုန်းကစုန့်ထင်ယွီနဲ့ပိုင်ချီရွေ့တို့ကိုသဘောမတူခဲ့ဘူး။
စုန့်ထင်ယွီရဲ့ချောမောနေတဲ့မျက်နှာအေးစက်သွားပြီး:'အဘွား ရွေ့ရွေ့မှာနာမည်ရှိပါတယ်'
မဒမ်စုန့်သူပိုင်ချီဘက်ကနေကာကွယ်ပြောဆိုနေတာကိုကြည့်ပြီးပိုစိတ်ဆိုးသွားကာ:'သူမှာနာမည်ရှိတော့ရောဘာဖြစ်လဲ?သူကသရုပ်ဆောင်ဘဲမဟုတ်ဘူးလား?စုန့်ထင်ယွီ ဒါအဘွားနောက်ဆုံးသတိပေးတာဘဲ။အဘွားနှလုံးသားထဲမှာဝမ်ရှီကအားလုံးထက်ပိုပြီးအရေးကြီးတယ်။သူ့ကိုဘယ်လိုမှအထိအခိုက်မခံနိုင်ဘူး...'
စုန့်ထင်ယွီအကြည့်တွေကလဲပိုပြီးအေးစက်လာကာ:'ကျွန်တော်လဲသူ့ကိုအသက်ရှင်စေချင်ပါတယ်။ဒါပေမယ့်ဒီမိန်းမကိုထိဖို့ကိုလက်မခံနိုင်ဘူး။အဘွားသိလားဒီမိန်းမကကျွန်တော့ကိုစိတ်မချမ်းသာအောင်လုပ်နေတယ်ဆိုတာ?'

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now