အပိုင်း(၅၀)

4.5K 343 9
                                    

စဉ်းစားစရာမလိုဘူးအနံ့ရကတည်းကဘယ်သူ့ကုတ်လဲဆိုတာသူမသိတယ်။

အရမ်းကိုရင်နှီးလွန်းတဲ့ စုန့်ထင်ယွီဟာမှမဟုတ်ရင်ဘယ်သူ့ဟာဖြစ်ဦးမှာလဲ?

သူမကုတ်ကိုယူပြီးဆိုဖာပေါ်ကိုပစ်တင်လိုက်တယ်။သူမဖိနပ်စီးပြီးစုန့်ဝမ်ရှီဘေးနားကိုသွားလိုက်တယ်။သူမနိုးသေးဘူးဆိုတာကိုတွေ့သွားတယ်။

အပြင်မှာနေရောင်ခြည်ကလဲအရမ်းကိုတောက်ပနေတယ်။

လူနာခန်းထဲမှာ သူမနဲ့စုန့်ဝမ်ရှီနှစ်ယောက်ဘဲရှိတယ်။စုန့်ထင်ယွီကတော့ဘယ်သွားလဲသူမမသိပေမယ့် သိလဲမသိချင်ဘူး။ပိုင်ချီရွေ့တစ်ခုခုဖြစ်လို့သွားတာနေမှာပေါ့။ဘယ်လိုဘဲဖြစ်ဖြစ် ပိုင်ချီ‌ရွေ့ကသူ့နှလုံးသားထဲမှာအရေးကြီးဆုံးလူဘဲလေ။ဘယ်လိုလုပ်ပြီးသူမကိုသူတစ်ခုခုအဖြစ်ခံမှာလဲ။

စုန့်ဝမ်ရှီဘေးမှာထိုင်ဖို့စုရန်ခုံဆွဲလိုက်တဲ့အချိန်မှာတံခါးပွင့်လာတယ်။

ဝင်လာတဲ့လူကစုန့်ထင်ယွီဘဲ။

စုရန်နိုးနေတာကိုတွေ့တော့သူအံ့ဩသွားတယ်။သူမနည်းနည်းလောက်ထပ်အိပ်ဦးမယ်လို့ စုန့်ထင်ယွီထင်နေတာ။

စုန့်ထင်ယွီအိတ်တွေအများကြီးကိုင်ပြီးအထဲဝင်လာကာ တံခါးကိုဖြည်းဖြည်းလေးပြန်ပိတ်လိုက်တယ်။သူအိတ်တွေကိုစားပွဲပေါ်တင်လိုက်ပြီးအထဲကဟာတွေကိုထုတ်လိုက်တယ်။

မနက်စာတွေဘဲ။

'မင်းနိုးနေပြီဆိုတော့ မနက်စာလာစားလိုက်ဦး'

စုရန်စားပွဲကိုလှမ်းကြည့်လိုက်တော့ သူမရဲ့အကြိုက်ဆုံးစားသောက်ဆိုင်ကအကြိုက်ဆုံးမနက်စာဖြစ်နေတယ်။သူမအံ့ဩသွားတာကိုမထိန်းနိုင်ခဲ့ဘူး။စုန့်ထင်ယွီဘယ်လိုလုပ်ပြီးသူမအကြိုက်ကိုသိနေတာလဲ?

စုရန်လဲရုတ်တရက်သတိရသွားတယ်။ချောင်ချောင်သူမကိုရိုက်လိုက်တဲ့အချိန်တုန်းကလင်ချန်ဟွမ်ဒီမနက်စာတွေကိုဝယ်လာတဲ့အချိန်မှာစုန့်ထင်ယွီလဲရှိနေခဲ့တာဘဲ။

ဒါဆို ဒါကတိုက်ဆိုင်မှုလား ဒါမှမဟုတ်...

သူတကူးတကအဲ့ဒီမှာသွားဝယ်ခဲ့တာလား?

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးDär berättelser lever. Upptäck nu