အပိုင်း(၈၈)

3.1K 206 2
                                    

သူ့အပြုံးကအရမ်းကိုကြည့်လို့ကောင်းနေတာကြောင့်စုလိုင်လဲစိတ်ဆိုးရမလားမဆိုးရဘူးလားဆိုပြီးအခက်တွေ့နေတယ်။သူမကအဖြူရောင်ဂါဝန်တိုလေးဝတ်ထားတော့အခုသူမဂါဝန်မှာဝိုင်အရောင်တွေစွန်းပြီးဆံပင်တွေရောတကိုယ်လုံးစိုရွှဲ‌နေတယ်။

'ရှင်....' သူမစိတ်ဆိုးလွန်းလို့စကားတောင်ပြောမထွက်တော့ဘူးဖြစ်နေတယ်။

'မင်းမသွားသေးဘူးလား?' စုန့်ထင်ယွီ သုမကိုကြည့်ပြီးမေးလိုက်တယ်။

စုလိုင်စိတ်ဆိုးလွန်းလို့တကိုယ်လုံးတုန်ယင်နေပေမယ့် စုန့်ထင်ယွီလှည့်ကွက်ထုတ်သုံးလိုက်တာကိုသိတော့ သူ့ရှေ့မှာအရမ်းကြီးပေါက်ကွဲမပြရဲဘူး။အဲ့ဒါကြောင့်သူမနှုတ်ခမ်းတွေကိုကိုက်ပြီး ထွက်သွားလိုက်ရတယ်။

သူမလဲအခုမှတံခါးဝမှာစုရန်ရပ်နေတာကို‌တွေ့သွားတယ်။စုရန်သူမတို့ကိုကြည့်နေမှာသေချာတယ်။

အရင်တုန်းကသူမကိုယ်သူမစုရန်ထက်ပိုပြီးအဆင့်မြင်တယ်လို့မှတ်ထားခဲ့တာ။ဒါပေမယ့်စောစောတုန်းကဖြစ်သွားခဲ့တာကို စုရန်မြင်သွားခဲ့တယ်ဆိုတာကိုသိသွားတော့ သူမရင်ထဲမှာမုန်းတီးမှုတွေနာကြည်းမှုတွေနဲ့ပြည့်နှက်နေတယ်။သူမစုရန်ရှေ့ကနေလဲဖြတ်သွားရော စုရန်ကိုမုန်းတီးတဲ့အကြည့်တွေနဲ့ကြည့်သွားလိုက်တယ်။

စုရန်လဲရယ်စရာကောင်းတယ်လို့ထင်တယ်။သူစုန့်ထင်ယွီကိုမြူဆွယ်တာမအောင်မြင်တာကို သူမနဲ့ဘာဆိုင်လို့လဲ။

'မင်းအဲ့ဒီမှာရပ်ပြီးဘာလုပ်နေတာလဲ?အထဲကိုမဝင်လာတော့ဘူးလား?'

စုန့်ထင်ယွီလဲသူမကိုတွေ့သွားပြီးအေးစက်တဲ့လေသံနဲ့ပြောလိုက်တယ်။

စုရန်တံခါးပိတ်လိုက်ပြီးအထဲကိုဝင်လာပြီး ပြုံးပြလိုက်ကာ: 'ကျွန်မလာတာစောသွားလား?'ရှင်ရဲ့အခွင့်အရေးကောင်းကိုဖျက်ဆီးမိသလိုဖြစ်သွားလား?'

စုန့်ထင်ယွီနက်ခ်တိုင်ကိုဖြုတ်ပြီးဆိုဖာပေါ်ကိုပစ်တင်လိုက်ကာ: 'ကိုယ်နေတဲ့နေရာကိုမင်းဘယ်လိုထင်နေတာလဲ?လူတိုင်းကဝင်ချင်ဝင်လို့ရတဲ့နေရာလိုလား?'

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now