အပိုင်း(၁၁၈)

2.7K 217 0
                                    

စုရန်သူ့ကိုတွန်းလိုက်ပေမယ့်အကျိုးမထူးဘဲ: 'ဘယ်မိန်းကလေးကအကြာကြီးကိုယ်ဝန်မရှိလို့လဲ?သူတို့တွေအကုန်လုံးကဒါတွေကိုဖြတ်ကျော်ရတာဘဲ'

'ဟုတ်တာပေါ့။မိန်းကလေးတွေအားလုံးကအချိန်တူတူဘဲကိုယ်ဝန်ရှိကြတာ။ဒါပေမယ့်သူ့တို့ယောက်ျားတွေကသူတို့ပြဿနာကိုဘယ်လို‌ဖြေရှင်းကြလဲ?'

စုန့်ထင်ယွီစကားပြောနေရင်းနဲ့သူ့ရဲ့အေးစက်နေတဲ့နှုတ်ခမ်းပါးလေးတွေကသူမလည်ပင်းနားမှာကပ်နေတယ်။စုရန်လဲယားလာလို့ရှောင်နေရတယ်။သူမပုခုံးလေးကိုသူကိုင်လိုက်ပြီး: 'လိုက်မလှုပ်နေနဲ့'

'ဟာသတွေလာလုပ်မနေနဲ့' စုရန်ကူရာကယ်ရာမဲ့စွာနဲ့ပြောလိုက်တယ်: 'မြန်မြန်ထတော့။ကျွန်မအိပ်ချင်နေပြီ'

'စုရန် မင်းကရက်စက်လွန်းတယ်။အရမ်းကိုရက်စက်လွန်းတယ်...'

စုန့်ထင်ယွီထပ်ထပ်ပြီးပြော‌နေကာသူမပုခုံးလေးကိုဖက်ထားလိုက်တယ်။သူခေါင်းငုံ့ပြီးသူမညှပ်ရိုးကိုနမ်းလိုက်တယ်။အစကတော့နမ်းတာဘဲနောက်တော့အားနဲ့စုပ်လိုက်တယ်။

စုရန်အော်ပြီးသူ့ကိုတွန်းထုတ်လိုက်တယ်။သူမလက်တွေနဲ့လည်ပင်းကိုကိုင်လိုက်ပြီး: 'စုန့်ထင်ယွီ ရှင်ရူးနေပြီလား?'

သူမကုတင်ပေါ်ကနေဆင်းပြီးမှန်အရှေ့ကိုသွားလိုက်တယ်။သူမရဲ့အသားဖြူဖြူပေါ်မှာအနီရောင်အမှတ်ကြီး။ဒီလူကတမင်တကာလည်စင်းပုဝါနဲ့ဖုံးလို့မရတဲ့နေရာ‌ကိုရွေးနမ်းလိုက်တာ။အခုနီနေတာဆိုတော့မနက်ဖြန်ကျရင်သေချာပေါက်အမှတ်ဖြစ်နေမှာ။

သူမသူ့ကိုလှည့်ကြည့်လိုက်တော့ကိုယ်တော်ချောကကုတင်ပေါ်မှာပြုံးပြီးထိုင်နေတယ်။

'အိပ်ကြရအောင်' သူ့ကြည့်ရတာစိတ်ကျေနပ်သွားတဲ့ပုံနဲ့ကုတင်ပေါ်ကအိပ်ယာကိုပုတ်ပြီးသူမကိုခေါ်နေတယ်။

စုရန်အိပ်ယာပေါ်ကိုထပ်ပြီးတက်သွားလိုက်ပြီးသူ့ကိုသတိပေးလိုက်တယ်: 'စုန့်ထင်ယွီ ရှင်ဒီလိုထပ်လုပ်မယ်ဆိုရင်ကျွန်မတခြားအခန်းမှာတကယ်သွားအိပ်လိုက်မှာ'

သူတစ်ခါနှစ်ခါလုပ်ရင်ရတယ်။ဒါပေမယ့်နေ့တိုင်းလုပ်နေရင်တော့သူမသည်းခံနိုင်မှာမဟုတ်တော့ဘူး။

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now