အပိုင်း(၁၇၆)

1.5K 107 0
                                    

'စုန့်ထင်ယွီကဘာလို့မလာရတာလဲ?

'ဒါတွေအားလုံးကအဲ့ဒီမိန်းမစုရန်ကြောင့်ဘဲ..' မနေ့တုန်းကစုရန်ဖျားနေလို့စုန့်ထင်ယွီသူမဘေးမှာတစ်နေကုန်နေပေးနေတာကိုချန်ကျင်မေ့သွားတယ်။ပိုင်ချီရွေ့ဖုန်းဆက်တဲ့အချိန်သူအခန်းထဲမှာရှိနေမှာ။စုရန်အတွက်ပိုင်ချီရွေ့ကိုဂရုမစိုက်ဘဲပစ်ထားခဲ့တယ်ပေါ့လေ။

စုရန် ဒီမိန်းမကိုသူမဒီအတိုင်းမလွှတ်ထားဘူး။သူမကပိုင်ချီရွေ့ရဲ့ယောက်ျားကိုလဲလုသွားတဲ့အပြင်ပိုင်ချီရွေ့ကိုလဲဒီအခြေအနေထိရောက်အောင်တွန်းပို့ခဲ့တယ်ပေါ့။

ဘာအကြောင်းကြောင့်သူမရဲ့သမီးကဒီလိုမျိုးခံစားနေရပြီးစုရန်ကတော့အကောင်းတွေကိုခံစားနေရပြီးစုန့်တစ်မိသားစုလုံးကသူ့ကိုရတနာတစ်ပါးလိုမျိုးတန်ဖိုးထားနေကြတယ်။

သူမမျက်လုံးတွေကအမုန်းတွေနဲ့ပြည့်နှက်နေတယ်။

မနေ့ညတုန်းကအဖျားကြီးထားတော့စုရန်တစ်ကိုယ်လုံးချွေးတွေနဲ့နံစော်နေတယ်လို့ခံစားနေရတယ်။မနေ့ညတုန်းကစုန့်ထင်ယွီသူမကိုအင်္ကျီလဲပေးထားပေမယ့်လဲသူမဆံပင်တွေကမသန့်ရှင်းဘူးလို့ခံစားနေရတယ်။

အဲ့ဒါကြောင့်သူမလဲနိုးလာရောရေချိုးခန်းကိုသွားပြီးခေါင်းသွားလျှော်လိုက်တယ်။

ဒါပေမယ့်အခုသူမရဲ့‌အခြေအနေက‌‌ခါးကိုင်းပြီးခေါင်းလျှော်တာထက်ရေချိုးရတာဘဲပိုအဆင်ပြေတယ်။ကလေးကငါးလတောင်ရှိနေပြီလေ။

သူမအခက်အခဲဖြစ်နေတုန်းစုန့်ထင်ယွီရေချိုးခန်းထဲကိုဝင်လာခဲ့တယ်။

သူမဘာမှမဝတ်ထားတော့အော်လိုက်ပြီး
ပုဝါကိုယူပြီးသူမကိုယ်ကိုဖုံးလိုက်ကာသူ့ကိုဒေါသတကြီးပြောလိုက်တယ်: 'စုန့်ထင်ယွီ ရှင်မဝင်လာခင်ဘာလို့တံခါးမခေါက်ရတာလဲ?'

စုန့်ထင်ယွီလက်ပိုက်ပြီး: 'မင်းအထဲဝင်သွားတာကြာနေလို့ကိုယ်ကမင်းတစ်ခုခုဖြစ်နေတယ်ထင်ပြီးစိတ်ပူသွားလို့ပါ'

သူပြောနေတဲ့ပုံကလုပ်သင့်လုပ်ထိုက်တာကိုလုပ်လိုက်ရတဲ့ပုံစံနဲ့။

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now