'မေမေ မနေ့ညတုန်းက ဖွားဖွားကြီးသားကိုဟွမ်ဟိုင်မြို့ရဲ့ဓါတ်ပုံတွေကိုပေးကြည့်တာ အရမ်းကိုလှတာဘဲ...' အတူတူပျော်ရမယ်ဆိုတော့ စုန့်ဝမ်ရှီမျက်လုံးတွေပျော်ပြီးအရောင်လက်နေတယ်။
'မနက်စာစားပြီးရင် သမီးပစ္စည်းတွေမြန်မြန်ထည့်လိုက်ဦး' မဒမ်စုန့်ပြောလိုက်တယ်။
'.....ဟုတ်ကဲ့.....'
သူဒီခရီးကိုသွားဖို့အရမ်းကိုစိတ်အားထက်သန်နေတာကိုတွေ့ပြီး သူမ သူ့ကိုစိတ်ပျက်လက်ပျက်ဖြစ်မသွားစေချင်ဘူး။ပြီးတော့လဲဟွမ်ဟိုင်ကအရမ်းကိုလှပတဲ့နေရာဖြစ်ပြီး တောင်ပိုင်းမှာတည်ရှိတယ်။သူကအမှန်တော့ကျွန်းငယ်လေးဘဲ။အစကတော့တခြားမြို့ကပိုင်ဆိုင်ပေမယ့် အပိုင်းတွေခွဲလိုက်တဲ့အခါမှာ တစ်ဦးချင်းစီအုပ်ချုပ်တဲ့နယ်မြေဖြစ်လာတယ်။
စုရန်လဲတစ်ခါမှတော့မသွားဖူးပေမယ့် လူတိုင်းကဟွမ်ဟိုင်ရဲ့အလှကိုသိကြတယ်။
မနက်စာစားပြီးတော့ စုန့်ထင်ယွီ လုပ်စရာကိစ္စလေးရှိလို့ ကုမ္ပဏီကိုခဏသွားလိုက်တယ်။စုရန်လဲအခန်းထဲမှာသူမပစ္စည်းတွေကိုထုပ်ပိုးနေလိုက်တယ်။စောစောတုန်းကဟွမ်ဟိုင်ရဲ့အပူချိန်ကိုသူမစစ်ကြည့်ပြီးပြီ။မနက်ပိုင်းမှာတော့ဒီမှာနဲ့ကွာခြားမှုမရှိဘူး။
၂၀ဒီဂရီလောက်တော့ရှိလိမ့်မယ်။အန်မြို့မှာတော့ဆောင်းတွင်းကိုရောက်နေပေမယ့် ဟွမ်ဟိုင်မှာတော့နွေရာသီဘဲရှိသေးတယ်။
စုရန်လဲနွေရာသီဝတ်စုံတွေကိုထည့်လိုက်တယ်။သူမခရီးဝေးသွားခဲတော့ သူမပစ္စည်းတွေထည့်နေတဲ့အချိန်မှာ ဘာတွေထပ်ထည့်ရဦးမလဲလို့အကြိမ်ကြိမ်စဉ်းစားနေမိတယ်။
အဲ့ဒီအချိန်မှာတံခါးခေါက်သံကြားတော့ စုရန်လဲ စုန့်ဝမ်ရှီကိုကြည့်ပေးနေတဲ့
အန်တီဖန်ထင်ပြီး လှည့်မကြည့်ဘဲပြောလိုက်တယ်: 'ဝင်လာခဲ့ပါ'သူမအရှေ့မှာလာရပ်တော့မှအဲ့ဒီလူကချန်ကျင်ဖြစ်နေတာကိုသိသွားတယ်။
ချန်ကျင်မျက်နှာကပုပ်သိုးနေပြီး သူမကိုဘာမှမပြောဘဲကြည့်နေလို့ သူမလဲနှုတ်ဆက်လိုက်တယ်: 'အမေ'
BẠN ĐANG ĐỌC
နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူး
Lãng mạnSummary လေးနှစ်ကြာလက်ထပ်ပြီးတဲ့နောက် စုရန်နဲ့စုန့်ထင်ယွီတို့ကြားမှာအချစ်ဆိုတာမရှိခဲ့ပါဘူး။စုရန်ရဲ့ကိုယ်ဝန်ကြောင့်အတင်းအကျပ်လက်ထပ်ပေးခြင်းခံခဲ့ရတာပါ။စုန့်ထင်ယွီထင်ခဲ့တာကစုရန်ကစုန့်အိမ်ကိုဝင်လာဖို့အတွက်ရည်ရွယ်ချက်ရှိရှိနဲ့လှည့်စားခဲ့တဲ့မြေခွေးလိုမိန်း...