အပိုင်း(၁၇၉)

1.8K 138 2
                                    

'နင့်သမီးကိုအနိုင်ကျင့်တဲ့ခေါင်းဆောင်ဟွာကိုဒေါသမထွက်ဘူးလား?သူ့အပြစ်ပေးခံရသင့်တယ်လို့မထင်ဘူးလား?နင်ဘာလို့ငါ့ကိုမတောင်းဆိုတာလဲ?စုန့်ထင်ယွီကိုရောကူညီပေးဖို့မတောင်းဆိုဘူးလား...'မဒမ်စုန့်ဖြေးဖြေးချင်းပြောလိုက်တယ်။

ချန်ကျင်မျက်ရည်တွေကိုသုတ်လိုက်ပြီး: 'သမီးလဲအဲလိုဖြစ်စေချင်ပါတယ်။ဒါပေမယ့်ဒီကိစ္စသာပေါ်သွားရင်ပိုင်ချီရွေ့ဒီလောကမှာဘယ်လ်ိုဆက်နေမလဲ?သူအနုပညာလောကကနေထွက်မသွားချင်ဘူးတဲ့။အဲ့ဒီမှာဘဲသူဆက်နေချင်တယ်တဲ့။သူမရဲ့ဂုဏ်သိက္ခာကိုထိန်းကာကွယ်ရမှာပေါ့။သမီးသာတစ်ခုခုလုပ်ရင်သူသမီးကိုထပ်မတွေ့တော့ဘူးတဲ့...'

'ဒါဆိုနင်ဒီအတိုင်းဘဲထားလိုက်တော့မယ်ပေါ့?' မဒမ်စုန့်ခေါင်းခါလိုက်ပြီး: 'ချန်ကျင် ဒါကနင့်စတိုင်နဲ့မတူဘူးနော်...'

သူမစတိုင်နဲ့သာဆိုရင်အဲ့ဒီလူတွေကိုဒီအတိုင်းထားမှာမဟုတ်ဘူး။ပြီးတော့သူမသမီးအရင်းကြီးကိုအနိုင်ကျင်ခဲ့တာလေ။

ဒါပေမယ့်ဒီနှစ်ရက်လုံးသူမငြိမ်နေတယ်။

'အမေ လူတွေကအမြဲပြောင်းလဲနေတာလေ။ပြီးတော့ချီရွေ့သမီးကိုထပ်မတွေ့တော့မှာကိုပိုကြောက်တယ်...' ချန်ကျင်ရှိုက်သံနဲ့ပြောလိုက်တယ်။

'ဒါဆိုရင်နင်ဒီအတိုင်းဘဲထားလိုက်တော့မယ်ပေါ့?ပြီးတော့ပိုင်ချီရွေ့ကိုလွယ်လွယ်နဲ့အနိုင်ကျင့်ခွင့်ပေးလိုက်တော့မယ်ပေါ့?'

'သမီးလဲမသိတော့ဘူး....' ချန်ကျင်ဘာလုပ်ရမှန်းမသိဖြစ်နေကာ: 'သမီးဘာလုပ်သင့်လဲဆိုတာကိုမသိတော့ဘူး။သမီးကသူ့ကိုကောင်းကောင်းမွန်မွန်ဘဲရှိစေချင်တာ...'

'ကောင်းပြီလေ။နင့်အခန်းကိုနင်ပြန်နှင့်တော့။ငါလဲဒီကိစ္စကိုမပေါက်ကြားစေချင်ဘူး။ငါနင့်မိဘတွေကိုလေးစားလို့နင့်ကိုစုန့်အိမ်မှာပေးနေထားတာ။ဒါပေမယ့်နင့်ကိုထပ်သတိပေးလိုက်မယ်။ဒီအိမ်မှာနင့်နေရာက်ိုနင်မသိရင်နောက်မှချမ်းသာပေးဖို့ကိုမတောင်းဆိုနဲ့' မဒမ်စုန့် ချန်ကျင်နဲ့စကားထပ်မပြောချင်တော့ဘူး။

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးTempat cerita menjadi hidup. Temukan sekarang