အပိုင်း(၉၁)

3.3K 241 19
                                    

'ကျွန်တော်အခုအဲ့ဒီကိုလာခဲ့မယ်'

စုန့်ထင်ယွီခုံကနေထပြီးဘာမှမပြောဘဲထွက်သွားလိုက်တယ်။

စုန့်ထင်ယွီထွက်သွားပြီးတော့အန်ကန်ဝမ်လဲထွက်သွားဖို့လုပ်လိုက်ပြီး: 'ဒါဆိုရင်မမလေးကျွန်တော်လဲသွားလိုက်ပါဦးမယ်'

စုရန်လဲအသိပြန်ဝင်လာပြီးခေါင်းညိတ်ပြလိုက်တယ်။

စုန့်ထင်ယွီဆေးရုံကိုကားမောင်းသွားလိုက်တယ်။တစ်လမ်းလုံးချန်ကျင်ဖုန်းဆက်ပြီး သူမလာမှာကြောက်လို့မြန်မြန်လာဖို့ကိုဘဲပြောနေတယ်။

'ကျွန်တော်လမ်းမှာရောက်နေပြီ။သူရောအခြေအနေဘယ်လိုလဲ?'

'မသိသေးဘူး။သူအခုထိခွဲစိတ်ခန်းထဲမှာဘဲရှိသေးတယ်...' ချန်ကျင်ငိုပြီးပြောနေတယ်: ' သူကလေးပျက်ထားတာမကြာသေးတာကိုအခုလဲထပ်ဖြစ်ပြန်ပြီ။သူဘာလို့ဒီလောက်‌တောင်သနားစရာကောင်းရတာလဲ..'

စုန့်ထင်ယွီမျက်မှောင်ကြုတ်လိုက်ပြီး: 'ဟုတ်ပါပြီ။အမေငိုမနေပါနဲ့တော့။သူအဆင်ပြေသွားမှာပါ။ကျွန်တော်လဲခဏနေရောက်တော့မှာ'

သူဖုန်းချလိုက်ပြီး ကားကိုအရှိန်မြှင့်ပြီးမောင်းလိုက်တယ်။၁၀မိနစ်လဲကြာရောဆေးရုံကိုရောက်သွားတယ်။

ချန်ကျင်လဲခွဲစိတ်ခန်းအရှေ့မှာစောင့်နေတယ်။

သူလာတာလဲတွေ့သွားရော သူမထိန်းချုပ်ထား‌တာတွေလွတ်သွားပြီး: 'ချီရွေ့သာတစ်ခုခုဖြစ်သွားရင်ငါဘယ်လုပ်ရမလဲ?'

သူမစကားတွေကထူးဆန်းနေတယ်လို့စုန့်ထင်ယွီ‌ထင်နေပေမယ့်လဲ အခုကအရေးကြီးတဲ့အခြေအနေမှာဆိုတော့သူလဲအများကြီးမစဉ်းစားလိုက်တော့ဘူး။သူမပိုင်ချီရွေ့ကိုစိတ်ပူလွန်းလို့ပြောတယ်လို့ဘဲထင်လိုက်တယ်။

သူတို့တွေကနှစ်ပေါင်းများစွာခင်လာခဲ့ကြတာကိုး။

ချန်ကျင်ကသူ့ကိုပိုင်ချီရွေ့နဲ့ဘဲအတူတူရှိစေချင်ခဲ့တာ။အရင်ကရောအခုရောဘဲ။

စုန့်ထင်ယွီလက်ကိုင်ပုဝါယူပြီး‌သူ့ကိုပေးလိုက်ကာ: 'သူအဆင်ပြေသွားမှာပါ။ကျွန်တော်အာမခံပါတယ်'

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now