အပိုင်း(၉၆)

3K 233 2
                                    

လင်ချန်ဟွမ်ဖုန်းကလဲဆက်သွယ်မှုဧရိယာပြင်ပတဲ့။သူတို့နှစ်ယောက်လုံးကိုဖုန်းဆက်လို့မရဘူး။

သူမျက်နှာကပိုပိုပြီးဆိုးလာတယ်။သူမတ်တပ်ရပ်ပြီးစာကြည့်ခန်းထဲကနေထွက်လာခဲ့တယ်။သူလဲအပြင်ရောက်ရောအန်တီဖန်နဲ့တွေ့လို့သူမကိုမေးလိုက်တယ်: 'စုရန်မပြန်လာသေးဘူးလား?'

'အကိုလေး မမလေးပြန်မလာသေးပါဘူး'

မဒမ်စုန့်အခန်းကိုသူထပ်ပြီးသွားလိုက်ကာ: 'အဖွား ဘာလို့စုရန်ကလင်ချန်ဟွမ်ကိုသွားရှာရတာလဲ?'

မဒမ်စုန့်လဲသူ့ကိုကြည့်လိုက်ပြီး: 'မင်းသူ့ကိုဖုန်းမဆက်ကြည့်ဘူးလား?'

'ဆက်လို့မရဘူး'

'ဖုန်းပိတ်ထားလို့လား?'

'မဟုတ်ဘူး။ဆက်သွယ်မှုဧရိယာပြင်ပတဲ့'

မဒမ်စုန့်လဲမျက်မှောင်ကြုတ်လိုက်ပြီး: 'ဘယ်လိုဖြစ်နိုင်မှာလဲ?မြို့အတွင်းမှာဘဲကို ဘာလို့ဧရိယာပြင်ပလို့ပြောရတာလဲ?'

'သူ့ကိုဘာလို့သွားရှာရတာလဲ?လင်ချန်ဟွမ်ဘာဖြစ်လို့လဲ?'

မဒမ်စုန့်ပြောပြလိုက်တယ်: 'လက်ချန်ဟွမ်အဖွားဆုံးသွားတာ။စုရန်ငယ်ငယ်လေးတုန်းက သူတို့နဲ့ဘေးချင်းကပ်နေခဲ့ကြပြီးသူတို့တွေတော်တော်လေးရင်နှီးခဲ့ကြတာ။ဒါပေမယ့်မြို့တွင်းမှာဘဲကိုသူမဖုန်းကိုဆက်လို့မရတာမဖြစ်နိုင်ဘူး...' သူမအပြင်ကရာသီဥတုကိုကြည့်လိုက်ပြီးစိတ်ပူလာကာ: 'အပြင်မှာနှင်းတွေကျနေတယ်။ဒီနေ့မိုးလေဝသသတင်းမှာတော့ဒီညနှင်းပိုပြီးကျမယ်ပြောတယ်...'

စုန့်ထင်ယွီမျက်နှာဖြူဖျော့သွားပြီး: 'ကျွန်တော်သူ့ကိုသွားရှာလိုက်မယ်'

မဒမ်စုန့်လဲသူ့နောက်ကနေအော်ပြောလိုက်တယ်: 'မင်းဘယ်မှာသွားရှာမလို့လဲ?သူမဘယ်မှာလဲဆိုတာကိုမင်းမသိဘဲနဲ့...'

'ကျွန်တော်လင်အိမ်မှာအရင်သွားရှာလိုက်မယ်'

စုန့်ထင်ယွီလှည့်မကြည့်တော့ဘဲနဲ့ ကုတ်ကိုဝတ်ပြီးကားသော့ကိုယူကာထွက်လာခဲ့လိုက်တယ်။

ထန်ဇီချူကိုလင်ချန်ဟွမ်အဖွားရဲ့နာရေးကဘယ်နေရာမှာလဲဆိုတာကိုသူမေးပြီးသွားကြည့်ခဲ့ပေမယ့် စုရန်အဲ့ဒီမှာမရှိဘူး။အဲ့ဒါနဲ့လင်ချန်ဟွမ်အမေအိမ်ကိုသူသွားလိုက်တယ်။

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now