အပိုင်း(၉၉)

3.1K 224 1
                                    

ထျန်မီလဲကြောင်ပြီးရပ်ကြည့်နေပြီးမှ ကုတ်အင်္ကျီကိုအမြန်ဝတ်လိုက်ပြီး လင်ချန်ဟွမ်ကုတ်အင်္ကျီကိုလဲသူ့ကိုပေးလိုက်ကာ: 'သွားရအောင်။ငါတို့လဲအောက်ဆင်းကြရအောင်။စုန့်ထင်ယွီ စုရန်ကိုခေါ်ပြီးအောက်ဆင်းသွားပြီ။ငါတို့လဲ စုရန်ကိုစောင့်ရှောက်ပေးလို့ရအောင် သူတို့အနောက်ကနေလိုက်ကြရအောင်'

မနေ့ညတုန်းကလဲနှင်းတွေအများကြီးကျထားတဲ့အပြင်အခုကလဲရာသီဥတုသိပ်မကောင်းသေးတာဖြစ်လို့ တစ်ခုခုဖြစ်သွားရင်မကောင်းဘူး။

လင်ချန်ဟွမ်လဲမနေ့ညကမအိပ်ထားတော့မျက်နှာချောင်နေပြီး နှုတ်ခမ်းလဲဖြူဖျော့နေတယ်။သူခေါင်းညိတ်လိုက်ပြီးကုတ်အင်္ကျီယူကာနှစ်‌ယောက်သားထွက်လာခဲ့ကြတယ်။

စုရန်ကိုကုန်းပိုးပြီးစုန့်ထင်ယွီတောင်အောက်ကိုဆင်းလာခဲ့တယ်။ထျန်မီတို့ကသူ့တို့အနောက်ကနေလိုက်လာခဲ့ကြတယ်။သူတို့တွေတောင်အောက်ကိုဖြေးဖြေးချင်းဆင်းနေကြတယ်။သူတို့လဲအောက်ကိုရောက်ရော သူတို့ကားမှာနှင်းတွေဖုံးနေတာကိုတွေ့သွားတယ်။

စုန့်ထင်ယွီ စုရန်ကိုအောက်ကိုချထားလိုက်ပြီး ထျန်မီကိုကြည့်ကာ: 'သူ့ကိုခဏလောက်ထိန်းပြီးကိုင်ထားပေးဦး'

သူစက္ကူတွေကိုရှာပြီးကားပေါ်ကနှင်းတွေကိုသုတ်လိုက်ကာ ကားထဲကအပူပေးစက်ကိုဖွင့်လိုက်တယ်။ကားထဲမှာနွေးအောင်လုပ်ပြီးတော့မှစုရန်ကိုသွားပြန်ချီပြီးကားထဲကိုထည့်ကာ သူလဲကားပေါ်ကိုတက်ပြီးမောင်းထွက်သွားလိုက်တယ်။

ထျန်မီလဲလင်ချန်ဟွမ်လက်ကိုဆွဲပြီး: 'စိတ်မပူပါနဲ့။စုရန်အဆင်ပြေသွားမှာပါ။မနေတုန်းကအန်တီရောအားလုံးကရောနင့်ကိုရှာနေကြတာ။နင်ကတော့ဖုန်းပိတ်ထားခဲ့တယ်။သူတို့တွေအကုန်လုံးနင့်ကိုစိတ်ပူနေကြတာ။နင်အိမ်ပြန်ပြီးအဖွားကိုပို့ပေးရမှာပေါ့....'

လင်ချန်ဟွမ်လဲသူမပြောတာကြားလားမကြားလားတော့မသိဘူး။စုန့်ထင်ယွီတို့ကားမြင်ကွင်းကနေပျောက်သွားတဲ့အထိကိုသူရပ်ကြည့်နေခဲ့တယ်။

စုရန်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားပြီးသူမလဲနိုးလာရောနေ့လည်သုံးနာရီတောင်ရှိနေပြီ။

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now