အပိုင်း(၅)

5.3K 417 0
                                    

သူမတို့လိုချင်တာရဖို့ကအဓိကဘဲလေ။ဘယ်လိုနည်းလမ်းကိုသုံးမလဲဆိုတာကအရေးမကြီးဘူးမဟုတ်လား။
'အဲ့တာဆိုရင်ကောင်းတာပေါ့ကွယ်' လို့မဒမ်စုန့်ကပြောလိုက်တယ်။
နောက်တနေ့မနက်ရောက်တော့စုန့်ထင်ယွီစုရန်ကိုခေါ်ပြီးဆေးရုံမှာcheck-upသွားလုပ်ကြတယ်။
သူအစထဲကဒီနည်းသုံးဖို့စီစဉ်ထားပုံရတယ်။အဲ့ဒါကြောင့်ဒီနေ့ဆေးရုံလဲရောက်ရောသူမကိုဆရာဝန်ရုံးခန်းကိုတခါတည်းခေါ်သွားလိုက်တယ်။
သူနာပြုကသူမတို့ကိုအခန်းထဲမှာခဏစောင့်ခိုင်းထားတယ်။ခဏကြာတော့ရုံးခန်းတံခါးပွင့်လာပြီးအရပ်ရှည်ရှည်နဲ့ငယ်တာ်လို့ထင်ရတဲ့ဆရာဝန်ကုတ်ဝတ်ထားတဲ့လူတယောက်အခန်းထဲကိုဝင်လာပြီးသူမတို့ကိုပြုံးပြပြီးပြောလိုက်တယ်:'မင်းတို့ရောက်နေကြပြီးကိုး'
'အားကျန့်' စုန့်ထင်ယွီပြန်နှုတ်ဆက်လိုက်တယ်။
'ငါappointmentယူထားပြီးပြီ။မင်းတို့အဲ့ဒီကိုသွားလိုက်ရုံဘဲ' လုကျန့်သူ့လက်ထဲကမှတ်စုစာအုပ်ကိုစားပွဲပေါ်တင်လိုက်ပြီး:'မင်းအဖွားသိရင်မင်းတို့နှစ်ယောက်လုံးကိုခွင့်လွှတ်မှာမဟုတ်ဘူးနော်'
'ဒါကြောင့်လျှို့ဝှက်ချက်ကိုထိန်သိမ်းဖို့လိုတာပေါ့' စုန့်ထင်ယွီမျက်ခုံးကိုပင့်ပြီးပြောလိုက်ကာ:'မင်းငါတို့ကိုလိုက်ပို့စရာမလိုပါဘူး။သူနာပြုကိုခေါ်ပြီးပို့ခိုင်းရင်ရတယ်။မင်းအလုပ်များနေတာငါသိပါတယ်။'
ဖန်ပြွန်န္ဓေသားအတွက်ပြင်ဆင်ရတဲ့ပထမဆုံးအဆင့်ကအရမ်းကိုအရေးကြီးတယ်။သူကအောင်မြင်နိုင်တဲ့နှုန်းနဲ့ဆက်စပ်နေတော့ပစ်စလက်ခက်လုပ်လို့မရဘူး။
ဆေးရုံရောက်တော့မှပထမအဆင့်အနေနဲ့ဘာတွေလုပ်ရလဲစုရန်သိတော့စုန့်ထင်ယွီပြောတာကိုလက်ခံမိတာနောင်တရသလိုဖြစ်သွားတယ်။
ဒါပေမယ့်ခုမှနောက်ဆုတ်လို့လဲမရတော့ဘူး။ဒါကိုအောင်မြင်ပါစေလို့ဘဲမျှော်လင့်ရတာဘဲ။မဟုတ်ရင်ခဲလေသမျှသဲရေကျဖြစ်သွားမှာလေ။
ဆေးရုံကထွက်လာတော့စုရန်မျက်နှာ‌ဖြူဖျော့နေတာကိုစုန့်ထင်ယွီကြည့်ပြီး:'ဒီတကြိမ်သာအောင်မြင်သွားရင်ဝမ်ရှီအကြာကြီးစောင့်စရာမလိုတော့ဘူး...'
'ရှင်ထပ်ပြောစရာမလိုပါဘူး'စုရန်သူ့စကားကိုဖြတ်ပြောလိုက်တယ်။စုန့်ထင်ယွီနှလုံးသားထဲမှာဝမ်ရှီကသူ့ချစ်သူပိုင်ချီရွေ့လောက်တောင်နေရာရှိမှာမဟုတ်ဘူးဆိုတာသူမသိတယ်:'ရှင်ကျွန်မကိုမထိချင်ဘူးဆိုတာကျွန်မသိတယ်။ဒါပေမယ့်ကျွန်မအတွက်လဲရှင်ကသူစိမ်းဘဲ။လူတွေအားလုံးကသူစိမ်းနဲ့တော့ဘယ်သူမှတူတူအိပ်ချင်ကြမှာမဟုတ်ဘူးလေ။'
သူမပြောချင်တာကသူမလဲသူ့ကိုသဘောမကျဘူးလို့ဆိုလိုချင်တာလား?
စုန့်ထင်ယွီမျက်နှာအမူအယာအေးစက်သွားပြီး:'လူတိုင်းတော့မဟုတ်နိုင်ပါဘူး။လွန်ခဲ့တဲ့လေးနှစ်တုန်းကတစုံတယောက်ကရောမလုပ်ခဲ့ဘူးလား?'
သူမမျက်နှာသွေးမရှိသလိုဖြူသွားပြီးရှက်သွားကာလှည့်ထွက်လာခဲ့တယ်။လွန်ခဲ့တဲ့လေးနှစ်တုန်းကကိစ္စကအမှန်တော့သူမအဖေရဲ့အစီအစဉ်ပါ။ဒါပေမယ့်သူ့က‌ေတာ့သူမအဖေလုပ်ခဲ့ပေမယ့်သူမလုပ်တယ်လို့ဘဲထင်နေတာ။
စုန့်အိမ်တော်မှာမဒမ်စုန့်နဲ့ဝမ်ရှီဧည့်ခန်းမှာထိုင်ပြီးTVကြည့်နေကြတယ်။သူမတို့နှစ်ယောက်ပြန်လာတာကိုကြည့်ပြီးမဒမ်စုန့်မျက်နှာမှာအပြုံးတခုပေါ်လာတယ်။
စုရန်ဝမ်ရှီကိုဖက်လိုက်ပြီး:'ဝမ်ရှီ သားအပြင်ထွက်ပြီးကစားချင်လား?' ဝမ်ရှီရဲ့ကျန်းမာရေးကြောင့်ဒီတလောသူမူကြိုကိုတောင်မသွားခဲ့ရဘူး။ခုလဲဆေးရုံ‌ဆင်းခဲ့ရ‌ေပမယ့်ရောဂါကအရှင်းမပျောက်သေးတော့မူကြိုသွားလို့မရသေးဘူး။
'ဘွားဘွားကြီး သားအပြင်ထွက်ပြီးကစားလို့ရလား'ဝမ်ရှီသူ့ရဲ့မျက်လုံးဝိုင်းဝိုင်းလေးကိုပုတ်ခက်ပုတ်ခက်လုပ်ရင်းမဒမ်စုန့်ကိုကြည့်လိုက်တယ်။
'သားဖေဖေနဲ့မေမေသားကိုခေါ်သွားလိမ့်မယ်'မဒမ်စုန့်ခုဘဲပြန်ရောက်လာတဲ့စုရန်နဲ့စုန့်ထင်ယွီကိုလက်ညှိုးထိုးပြလိုက်တော့သူမတို့နှစ်ယောက်လုံးကြောင်သွားကြတယ်။
'အဘွားသမီးနဲ့ဝမ်ရှီနှစ်ယောက်တည်းသွားလဲရပါတယ်' စုန့်ထင်ယွီလိုက်ဖို့သဘောမတူဘူးဆိုတာကိုစုရန်သိတယ်။သူမတို့သားအမိနှစ်ယောက်ကလဲသူမပါလဲဘာမှမဖြစ်ဘူးလေ။
'မင်းတို့မိသားစုသုံးယောက်ရှိတာကို တူတူသွားကြပေါ့' မဒမ်စုန့်ကအမိန့်ပေးလိုက်ပြီး:'ဝမ်ရှီအဝတ်အစားသွားလဲသား'
ဝမ်ရှီဆိုဖာပေါ်ကနေဆင်းပြီးမဒမ်စုန့်နားနားကပ်ကာတိုးတိုးလေးပြောလိုက်တယ်:'သားအမှန်တော့ဖေဖေ့ကိုသားတို့နဲ့မသွားစေချင်ဘူး။ဒါပေမယ့်ဘွားဘွားကြီးတောင်းဆိုလို့သားလိုက်ခွင့်ပြုလိုက်ပါ့မယ်'
ဝမ်ရှီ့စကားကိုကြား‌ေတာ့မဒမ်စုန့်ပြုံးလိုက်ပြီးဝမ်ရှီ့ခေါင်းလေးကိုပွတ်ကာတိုးတိုးလေးပြန်ပြောလိုက်တယ်:'ဒါဆိုရင်သားမေမေကိုသေချာဂရုစိုက်နော်။သားဖေဖေကိုအနိုင်ပေးအကျင့်နဲ့'
'စိတ်မပူပါနဲ့။သားတာဝန်ထားလိုက်ပါ။သားမေမေ့ကိုသေချာပေါက်ကာကွယ်မှာပါ' ဝမ်ရှီသူ့ရင်ဘက်လေးကိုပုတ်ရင်းပြောလိုက်တယ်'
မဒမ်စုန့်ရဲ့အမိန့်ကြောင့်စုန့်ထင်ယွီမသွား‌ချင်ပေမယ့်လဲစုရန်တို့သားအမိနှစ်ယောက်အပြင်သွားတာကိုမလိုက်လို့မရဘူးဖြစ်သွားတယ်။
ကားထဲရောက်တော့စုန့်ထင်ယွီသားအမိနှစ်ယောက်ကိုလှည့်ကြည့်ရင်းမေးလိုက်တယ်:'ဘယ်ကိုသွားမှာလဲ'
စုရန်ကဝမ်ရှီ့ကိုမေးလိုက်တယ်:'ဝမ်ရှီ သားဘယ်သွားချင်လဲ'
'တိရိစ္ဆာန်ဥယျာဉ်'စုန့်ဝမ်ရှီမစဉ်းစားဘဲချက်ချင်ဖြေလိုက်တယ်။
စုရန်ဝမ်ရှီ့နှာခေါင်းလေးကိုတို့လိုက်ရင်း:'ခုကဆောင်းရာသီရောက်နေပြီလေ။အပြင်မှာနှင်းတွေကြည့်ပါဦး။အဲ့တာကြောင့်ခုတိရစ္ဆာန်ဥယျာဉ်သွားလဲနှင်းတွေနဲ့ဆိုတော့ဘာမှမြင်ရမှာမဟုတ်ဘူး'
'အဲ့တာဆိုဘယ်သွားရင်ကောင်းမလဲ'ဝမ်ရှီသူ့ရဲ့တောက်ပနေတဲ့မျက်လုံး‌ေလး‌ေတွနဲ့သူမကိုကြည့်ရင်းမေးလိုက်တယ်'
စုရန်ခဏလောက်စဉ်းစားလိုက်ပြီး:'ကစားကွင်းသွားရအောင် ဟုတ်ပြီလား?သားအရင်တုန်းကကစားကွင်းသွားချင်နေတာမဟုတ်လား?'ဒီနေ့ကပိတ်ရက်ဆိုတော့လူများမှာသေချာတယ်။ဝမ်ရှီကလူများ‌တဲ့နေရာကိုသွားရတာကြိုက်တယ်။
'ဟုတ်ပြီ' စုန့်ဝမ်ရှီပျော်ရွှင်စွာပြောလိုက်တယ်။သားအမိနှစ်ယောက်သွားမယ့်နေရာကိုဆုံးဖြတ်ပြီးသွားတော့စုန့်ထင်ယွီကိုပြောလိုက်တယ်:"ဖေဖေသားတို့ကိုကစားကွင်းပို့ပေး'
ရောဂါကြောင့်ဝမ်ရှီကအအေးကြောက်တော့အမြဲအင်္ကျီအထူကြီးတွေ ဦးထုပ်၊မာဖလာ၊လက်အိတ်နဲ့ခြေအိတ်တွေဝတ်ရတယ်။
ဝမ်ရှီစုရန်ရဲ့ရင်ခွင်ထဲဝင်ပြီး:'မေမေ သားကိုသီချင်းဆိုပြ'
'ဘယ်သီချင်းနားထောင်ချင်လဲ?သိုးနဲ့ဝံပုလွေအကြောင်းသီချင်းဆိုရင်ရော?'
စုန့်ဝမ်ရှီနှုတ်ခမ်းလေးဆူပြီးမကြိုက်တဲ့အမူအယာနဲ့:'မေမေကလဲကလေးကျနေတာဘဲ။အဲ့ဒီသီချင်းမကြိုက်ဘူး။*ဒီသီချင်းဆိုပြ'
စုရန်ဝမ်ရှီ့စကားကိုကြားတော့ရှက်သွားမိတယ်။သူမသိုးနဲ့ဝံပုလွေသီချင်းကိုတောင်အကြာကြီးကျက်ခဲ့ရတာလေ။
'မေမေဆိုမတတ်ဘူး'
'လုပ်ပါမေမေကလဲ၊မေမေ့ဖုန်းသားကိုပေး' စုရန်အိတ်ထဲကဖုန်းကိုယူပြီးသူ့လက်သေးသေးလေးတွေနဲ့ရိုက်ရှာလိုက်တယ်။သီချင်းကိုတွေ့တော့:'မေမေ့ဘာသာကြည့်ကြည့်လိုက်။ပြီးရင်သီချင်းစာသားအတိုင်းလိုက်ဆိုရင်ရတယ်'
စုရန်လဲရွေးချယ်စရာမရှိတော့ဘဲဝမ်ရှီပြတဲ့သီချင်းကိုကျယ်ကျယ်ဖွင့်ပြီးနောက်ကလိုက်ဆိုလိုက်ရတယ်။သူမတေးဂီတနဲ့ပတ်သက်ရင်ပါရမီသိပ်မပါပေ။အထူးသဖြင့်သီချင်းဆိုတဲ့နေရာမှာ။ဒါပေမယ့်သူမသီချင်းကီးကိုဖွင့်လိုက်ပိတ်လိုက်လုပ်ပြီးဆိုနေလိုက်တယ်။သူမရှက်ရှက်နဲ့ဆိုနေပေမယ့်ဝမ်ရှီကတော့နားထောင်ကောင်းတဲ့အမူအယာနဲ့နားထောင်နေတယ်။သူမကားမောင်းနေတဲ့စုန့်ထင်ယွီကိုကြည့်လိုက်တော့မျက်မှောင်ကျုတ်ပြီးနားထောင်နေတာ‌ေတွ့လိုက်ရတယ်။
ခက်ခက်ခဲခဲနဲ့သီချင်းဆိုပြီးပြီးသွားတော့ကစားကွင်းကိုရောက်လာကြတယ်။စုရန်ဝမ်ရှီ့အင်္ကျီကိုသေသေချာချာပြန်ဝတ်ပေးလိုက်ပြီးမှကားပေါ်ကဆင်းလိုက်တယ်။အပြင်မှာအေးနေတော့ဝမ်ရှီ့ကိုအအေးမိခံလို့မဖြစ်ဘူးလေ။
စုန့်ထင်ယွီကားကိုပါကင်မထိုးခင်သူမတို့နှစ်ယောက်ကားပေါ်ကဆင်းလိုက်ကြတယ်။စုရန်ဝမ်ရှီ့ကိုချီပြီးလက်မှတ်ဝယ်ကာအဝင်ဝမှာ‌စုန့်ထင်ယွီက်ိုစောင့်နေလိုက်တယ်။ဝမ်ရှီသူမလည်ပင်းကိုဖက်ပြီးနားနားတိုးတိုးလေးကပ်ပြီးပြောလိုက်တယ်:'မေမေသီချင်းဆိုတာက်ုကြာပြီးဖေဖေကြွေသွားတာသေချာတယ်'
'...'စုရန်ငိုရမလားရယ်ရမလားမသိဘူးဖြစ်သွားတယ်။သူမရဲ့အသံကိုဘယ်သူကကြွေမှာလဲ။ကြောက်တောင်သွားဦးမယ်အသံကြားပြီ။
စုန့်ထင်ယွီပါကင်ထိုးထားကိုစောင့်နေရင်းနဲ့သားအမိနှစ်ယောက်တယောက်ကိုတယောက်ဖက်ပြီးစကားတွေပြောနေကြတာတခြားသူကိုတောင်ရှိတယ်လို့တောင်မထင်တဲ့မြင်ကွင်းကိုစုန့်ထင်မြင်လိုက်ရတယ်။
စုန့်ထင်ယွီသူ့ရဲ့နှလုံးသား‌တခုခုဖြစ်သွားတာကိုခံစားလိုက်ရတယ်။
စုန့်ထင်ယွီစုရန်ရှေ့ကိုလျှောက်လာလိုက်ပြီးလက်ထုတ်ကာ:'ဝမ်ရှီ့ကိုပေး။ငါချီပေးလိုက်မယ်'
စုရန်ခဏတော့ကြောင်သွားပေမယ့်သူမခေါင်းညိတ်ပြလိုက်တယ်။စုရန်ဝမ်ရှီ့ကိုစုန့်ထင်ယွီဆီပေးမလို့လုပ်နေတုန်းဝမ်ရှီကမသွားချင်ဘဲရုန်းလိုက်တယ်။ဝမ်ရှီစုန့်ထင်ယွီကိုရင်းနှီးတယ်လို့မခံစားရသေးဘဲ:'သားဘာသာဘဲလျှောက်တော့မယ်'

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now