အပိုင်း(၁၃၅)

2K 172 4
                                    

သူမသူ့ရဲ့ဘယ်ဘက်လက်ကိုကိုင်ပြီးဘူးထဲကနေလက်စွပ်ကိုထုတ်လိုက်တယ်။သူ့လက်ချောင်းတွေကရှည်ရှည်သွယ်သွယ်နဲ့လှတယ်လို့သူမအမြဲထင်ခဲ့တာ။

သူ့ဘယ်ဘက်လက်မှာသူမလက်စွပ်ကိုဝတ်ပေးလိုက်တယ်။ပြီးတော့သူပြောတာကိုကြားလိုက်ရတယ်: 'နောက်ဒီလက်စွပ်ကိုမင်းဘယ်တော့မှမချွတ်နဲ့တော့နော်'

'ကျွန်မသိပါတယ်' စုရန်သူ့လက်ကိုလွှတ်ပေးလိုက်ပြီး သူမလည်ပင်းကဆွဲကြိုးကိုကိုင်လိုက်ကာ: 'ရှင်ဒါကိုလဲမချွတ်နဲ့လို့အမြဲပြောနေတာ။အချိန်တိုင်းနေရာတိုင်းမှာဈေးကြီးတဲ့ပစ္စည်းတွေကိုဘဲကျွန်မကဝတ်ထားရမှာလား?'

'အရေးအကြီးဆုံးကမင်းလှလှပပလေးဝတ်ထားဖို့ဘဲ။ကျန်တာအရေးမကြီးဘူး'

စုရန်လဲသူ့အကြောင်းကိုသိနေတော့သူနဲ့ပြိုင်ငြင်းမနေတော့ဘူး။သူမသူ့ကိုကြည့်လိုက်ပြီး: 'စုန့်ထင်ယွီ ကျွန်မကိုသီချင်းတစ်ပုဒ်တီးပြ'

သူမမွေးနေ့တုန်းကသူတီးပြခဲ့တာကိုမှတ်မိသေးတယ်။သီချင်းစာသားကလှပပြီးချိုသာပေမယ့်နာကျင်စရာလဲကောင်းတယ်။

သူအဲ့ဒီလောက်တောင်တယောကိုကောင်းကောင်းတီးတတ်လိမ့်မယ်လို့သူမမထင်ထားခဲ့ဘူး။သူသာစုန့်ကုမ္ပဏီထဲကိုမဝင်ဖြစ်ခဲ့ရင်တယောပညာရှင်ဖြစ်နေလောက်ပြီ။

'မင်းဘာသီချင်းနားထောင်ချင်လဲ?'

စုရန်ခဏစဉ်းစားလိုက်ပြီးမှပြုံးကာ: 'ကျွန်မကတယောအကြောင်းကိုသိပ်မသိဘူး။ရှင်ဘဲဆုံးဖြတ်လိုက်'

'ကောင်းပြီလေ' စုန့်ထင်ယွီစားပွဲထိုးကိုခေါ်ပြီးတော့တိုးတိုးလေးပြောလိုက်တယ်။ခဏကြာတော့စားပွဲထိုးတယောကိုကိုင်ပြီးပြန်လာပြီးပြောလိုက်တယ်: 'ဥက္ကဌစုန့် ဒီမှာပါတယော'

'ကျေး‌ဇူးဘဲ'

စားပွဲထိုးလဲထွက်သွားရောစုန့်ထင်ယွီတယောကိုကိုင်ပြီးမတ်တပ်ရပ်လိုက်တယ်။ပြီးတော့တယောကိုပုခုံးပေါ်ကိုတင်ပြီးသီချင်းကိုအရင်ဖွင့်လိုက်တယ်။သီချင်းဖွင့်ပြီးတော့မှသူတယောကိုစတီးလိုက်တယ်။

ဒီသီချင်းကအရင်တစ်ခါကသီချင်းနဲ့မတူဘူး။နူးညံ့ပြီးချိုသာတယ်။

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now