အပိုင်း(၃၁)

4.9K 372 10
                                    

သူမနှုတ်ခမ်းတွေကိုကိုက်လိုက်ပြီး တံတောင်ဆစ်နဲ့ သူမအနောက်ကလူကိုထိုးလိုက်တယ်။သူ့ကိုသူမစိုက်ကြည့်လိုက်ပြီး လိုက်မရှုပ်ဖို့ပြောလိုက်တယ်။

ဒါပေမယ့်စုန့်ထင်ယွီကြည့်ရတာ သူမသတိပေးတာကိုဂရုမစိုက်တဲ့ပုံဘဲ။ပိုပြီးရဲတင်းလာကာ သူ့ရဲ့လက်တွေနဲ့သူမဆံပင်တွေကို သူမရဲ့ပုခုံးတစ်ခြမ်းဆီကိုရွှေ့လိုက်ပြီး လော့ကတ်ရှိတဲ့လည်ပင်းဘက်ကိုနမ်းလိုက်တယ်။

ဒီလူကတမင်ကိုလုပ်နေတာဘဲ။

သူလုပ်နေတာတွေကိုစုရန်သည်းမခံနိုင်‌တော့ဘူး။

စုန့်ထင်ယွီကသူမရဲ့ခန္ဓကိုယ်ကိုပိုသိတယ်။အဲ့တာကြောင့်သူမရဲ့အထိမခံနိုင်တဲ့နေရာတွေကိုပိုပြီးစနေတယ်။

စုရန်ရဲ့အသံရှူသံတွေကတဖြေးဖြေးနဲ့မတည်ငြိမ်တော့ဘူး။သူမစိတ်လှုပ်ရှားနေတာကြောင့်ဖုန်းကိုတင်းတင်းဆုပ်ကိုင်ထားလို့ ဖုန်းတောင်လက်ကချွေးကြောင့်စိုနေပြီ။သူ့ကိုကြည့်ပြီးသူမတိုးတိုးလေးပြောလိုက်တယ်: 'ရှင်...လာမရှုပ်နဲ့'

စုန့်ထင်ယွီနှုတ်ခမ်းတွေကိုတွန့်ကောက်လိုက်ပြီး ရပ်ဖို့စိတ်ကူးမရှိတဲ့အပြင် သူ့လက်တွေကသူမညှပ်ရိုးကနေအတွင်းခံဆီကိုရွှေ့သွားတယ်။

'...' စုရန်နှုတ်ခမ်းတွေကိုကိုက်လိုက်ပြီး အသံမထွက်မိအောင် သည်းခံလိုက်တယ်။

လင်ချန်ဟွမ်လဲတစ်ခုခုဖြစ်နေပြီဆိုတာကိုသတိထားမိသွားပြီး: 'ရန်ရန် ဘာဖြစ်လို့လဲ?'

'ဘာမှမဖြစ်ပါဘူး...' သူမအသံကိုအတတ်နိုင်ဆုံးတည်ငြိမ်အောင်ကြိုစားလိုက်ပြီး: 'ချန်ဟွမ် ကျွန်မမနက်ဖြန်ကျရင်ရှင့်ကိုလာရှာလိုက်မယ်‌နော်'

သူမပြောပြီးတာနဲ့ချက်ချင်းဖုန်းချလိုက်တယ်။လင်ချန်ဟွမ်တစ်ခုခုကြားသွားမှာကိုသူမအရမ်းကိုစိုးရိမ်နေတယ်။အဲ့လိုဖြစ်ရင်သူမရှက်လို့သေမှာ။

ဖုန်းချလိုက်ပြီးတော့ သူမရဲ့လက်တွေနဲ့စုန့်ထင်ယွီရင်ဘက်ကိုတွန်းလိုက်ပြီး သူကိုကြည့်ကာ: 'စုန့်ထင်ယွီ ဘာလုပ်နေတာလဲ?'

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now