အပိုင်း(၁၇၈)

1.8K 132 1
                                    

ပိုင်ချီရွေ့စိတ်မရှည်တဲ့ပုံစံနဲ့ခေါင်းညိတ်လိုက်ပြီး: 'ကျွန်မသိပါတယ်'

'ချန်ကျင်ကိုရှာပေးဦး။ကျွန်မသူ့ကိုပြောစရာရှိလို့'

'ဘာပြောမလို့လဲ?'မနက်တုန်းကတော့သူ့ကိုတစ်သက်လုံးမတွေ့ချင်တော့တဲ့ပုံဖြစ်နေပြီးအခုဘာလုပ်မလို့လဲ?' ချန်မိန်းကလေးနားမလည်နိုင်ဘူးဖြစ်နေတယ်။

'ကျွန်မသူ့ဆီကနေအကူအညီတောင်းစရာရှိလို့'  ပိုင်ချီရွေ့ပြန်ပြောလိုက်ပြီးသူ့မျက်လုံးတွေကတောက်ပနေတယ်။

ချန်မိန်းကလေးလဲသူမဘာလုပ်ချင်နေမှန်းမသိပေမယ့်ခေါင်းညိတ်လိုက်ပြီး: 'ငါသူ့ကိုလိုက်ရှာလိုက်မယ်'

ချန်မိန်းကလေးထွက်သွားတော့ ပိုင်ချီရွေ့ဖုန်းကိုထုတ်ပြီးနံပါတ်တစ်ခုကိုဆက်လိုက်တယ်: 'ကျွန်မရှင်နဲ့ပူးပေါင်းဖို့ကိုသဘောတူတယ်။ကျွန်မရှင်ဖြစ်‌စေချင်တဲ့အတိုင်းလုပ်ပေးမယ်။ဒါပေမယ့်ကျွန်မပြောတာကိုတော့သဘောတူပေးရမယ်...'

နေ့လည်စုန့်ထင်ယွီကုမ္ပဏီကိုသွားလိုက်တယ်။သူရုံးခန်းထဲကိုဝင်မလို့လုပ်လိုက်တဲ့အချိန်မှာထန်ဇီချူအလျင်စလိုနဲ့ရောက်လာပြီး: 'ဥက္ကဌစုန့်မနက်ကစုံစမ်းခိုင်းထားတာကိုကျွန်တော်စုံစမ်းလာခဲ့ပြီ'

စုန့်ထင်ယွီကုတ်ကိုချွတ်ပြီးစားပွဲပေါ်မှာတင်ကာသူ့ကိုမော့ကြည့်လိုက်ပြီး: 'ဘာဖြစ်ခဲ့တာတဲ့လဲ?'

'မနေ့တုန်းကချန်မိန်းကလေး ခေါင်းဆောင်ဟွာတို့တွေ့ဆုံပွဲကိုသွားခဲ့တယ်'  ထန်ဇီချူပြောပြီးဓါတ်ပုံတွေကိုစားပွဲပေါ်တင်လိုက်တယ်။

ပိုင်ချီရွေ့စားသောက်ဆိုင်ထဲကိုဝင်သွားတဲ့ပုံနဲ့ပြန်ထွက်လာတဲ့ပုံတွေ။

'ခေါင်းဆောင်ဟွာနဲ့သူ့သူငယ်ချင်းတွေပျော်ပါးခဲ့ကြတယ်။အဲ့ဒါကြောင့်မနေ့ညတုန်းကပိုင်မိန်းကလေးတစ်ခုခုမကောင်းတာဖြစ်သွားတယ်လို့ကျွန်တော်ထင်တယ်...'

ပိုင်ချီရွေ့ကချန်ကျင်ရဲ့သမီးဆိုတာကိုစုန့်မင်ဟွမ်ဆီကနေမဒမ်စုန့်သိပြီးပြီ။အဲ့‌ဒါကြောင့်ချန်ကျင်ကပိုင်ချီရွေ့ကိုစုန့်မိသားစုထဲကိုအရမ်းဝင်စေချင်ခဲ့တာကိုး။သူ့သမီးကိုကောင်းကောင်းနေစေချင်လို့ဒီလိုတွေလုပ်ခဲ့တာကိုး'

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now