အပိုင်း(၁၆၂)

1.8K 160 1
                                    

ချန်ကျင်ကသူ့အမေဘဲလေ။သူမမနေ့ကလုပ်ခဲ့တဲ့ကိစ္စကိုမုန်းပေမယ့်လဲ အခုလိုဒူးထောက်နေတာကိုမြင်ရတော့စုန့်ထင်ယွီရင်နာရတယ်: 'အဖေပြောသလိုဘဲလုပ်လိုက်ပါ'

မဒမ်စုန့်ဒူးထောက်နေတဲ့ချန်ကျင်ကိုကြည့်လိုက်ပြီး: 'နင့်ကိုငါအခွင့်အရေးတစ်ကြိမ်ထပ်ပေးလိုက်မယ်။ဒါကနောက်ဆုံးအကြိမ်ဘဲ။နင့်နေရာကိုနင်မသိရင်ချက်ချင်းအထုပ်တွေကိုသိမ်းပြီးထွက်သွားရမှ။ဒီမှာနင့်ကိုလက်ခံမပေးတော့ဘူး'

'သမီးသိပါပြီအမေ'

ချန်ကျင်ဒူးထောက်တာကြာသွားတော့သူမမတ်တပ်လဲရပ်လိုက်ရောကိုယ်ကယိုင်သွားပြီးကြမ်းပြင်ပေါ်က်ိုပြန်ပြုတ်ကျမလိုဖြစ်သွားတယ်။

'မင်းတို့အားလုံးသွားကြတော့။ရန်ရန် ဒီမှာနေခဲ့ဦး။အဖွားပြောစရာရှိတယ်' မဒမ်စုန့်လက်ယမ်းပြပြီးပြောလိုက်တယ်။

အားလုံးထွက်သွားတာကိုစောင့်ပြီးမှစုရန်မျက်နှာ‌ဖြူဖျော့နေတဲ့မဒမ်စုန့်ကိုကြည့်ပြီးမဒမ်စုန့်အနားကိုသွားလိုက်ကာ: 'အဖွား ပင်ပန်းနေလို့လား?ခေါင်းရောမူးနေလို့လား?သမီးနှိပ်ပေးမယ်လေ'

သူမပြောပြီးမဒမ်စုန့်ရဲ့နားထင်ကိုနှိပ်ပေးလိုက်တယ်။

ခဏကြာတော့မဒမ်စုန့်သက်သာသွားပြီးစုရန်လက်ကိုကိုင်ကာသူ့ဘေးမှာထိုင်ခိုင်းလိုက်တယ်: 'ရန်ရန် အဖွားသမီးကိုပြောစရာရှိတယ်'

'ပြောလေအဖွား'

စုရန်သူမကိုကြည့်ပြီးပြောလိုက်တယ်။

'အဖွားသမီးနဲ့ထင်ယွီတို့ရဲ့ဆက်ဆံရေးကိုသိချင်လို့။အခုတလောဆက်ဆံရေးကောင်းကြတယ်မလား?'

'ဟုတ် အဆင်ပြေပါတယ်' စုရန်ပြုံးပြီးပြောလိုက်တယ်။

'အဲ့လိုဆိုရင်ကောင်း‌တာပေါ့။အခုအဖွားလဲအသက်ကြီးပြီဆိုတော့ဘာဆန္ဒမှမရှိတော့ပါဘူး။အဖွားဝမ်ရှီကိုဘဲစိတ်ပူနေတာ။သမီးတို့အဆင်ပြေတယ်လို့ကြားရတာဝမ်းသာတယ်။ဒုန့်ချန်လဲမကြာခင်မှာလက်ထပ်ရင်ကောင်းမယ်။ကြည့်ရတာသူထျန်မီနဲ့အဆင်ပြေနေတဲ့ပုံဘဲ။ဟုတ်လား?'

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now