အပိုင်း(၁၁၂)

3K 217 2
                                    

စုန့်ထင်ယွီနှုတ်ခမ်းထောင့်လေးတွေကွေးတက်သွားပြီး အညိုရောင်ကုတ်အင်္ကျီကိုဝတ်လိုက်တယ်။ပြီး‌တော့သူမကိုသူ့ဆီကိုဆွဲပြီးနှုတ်ခမ်းလေးကိုနမ်းလိုက်ကာ: 'ညဘက်နှုတ်ဆက်အနမ်း'

ဒါကစုန့်ထင်ယွီသူမအလစ်မှာနမ်းလိုက်တာသုံးခါမြောက်ဘဲ။စုရန်လဲစိတ်ဆိုးသွားပြီး: 'မြန်မြန်သွားတော့'

စုန့်ထင်ယွီပြန်သွားတာကိုကြည့်ပြီးမှစုရန်အပေါ်ထပ်ကိုတက်သွားလိုက်တယ်။ထျန်မီအိပ်ယာပေါ်မှာလှဲနေပေမယ့်အခန်းမီကိုသူမအတွက်ဖွင့်ပေးထားတယ်။

စုရန်အိပ်ယာပေါ်ကိုတက်လိုက်ပြီးမှမီးကိုပိတ်လိုက်တယ်။ထျန်မီသူမလက်‌ကိုကိုင်လိုက်ပြီး: 'နင်အပေါ်ထပ်ကိုတက်လာဖို့ကိုတွန့်ဆုတ်နေတာမဟုတ်လား?ငါကနင်စုန့်ထင်ယွီနဲ့ချက်ချင်းပြန်လိုက်သွားမယ်လို့ထင်နေတာ'

'နင်ဘာမဟုတ်တာတွေပြောနေတာလဲ...' ထျန်မီလက်ကိုစုရန်ရိုက်လိုက်တယ်။အမှောင်ထဲမှာတောင်မှထျန်မီမျက်လုံးတွေကိုစုရန်မကြည့်ရဲဘူး။သူ့မျက်လုံးတွေကသူမကိုရယ်နေသလိုဘဲ။

'ငါမဟုတ်တာပြောနေလို့လား?' ထျန်မီအားရပါးရရယ်လိုက်ပြီး: 'နင်စောစောတုန်းကဘာမှမပြောဘဲနဲ့အောက်ထပ်ကိုဆင်းသွားတာလေ။နင်တစ်ခုခုဖြစ်တယ်ထင်ပြီးငါစိတ်ပူသွားတာ။ငါလဲမြန်မြန်နင့်အနောက်ကနေလိုက်ကြည့်တော့မှနင်ကစုန့်ထင်ယွီကိုစိတ်ပူနေတာကိုး။သူအပြင်မှာရပ်နေရင်းအေးခဲပြီးသေသွားမှာကြောက်လို့မဟုတ်လား?အဲ့ဒါကြောင့်နင်ဝမ်းနည်းနေတာမဟုတ်လား?'

'ငါလဲဘာလို့အဲ့လိုမျိုးကြောက်သွားတာလဲမသိဘူး' စုရန်အသက်ပြင်းပြင်းရှူလိုက်ပြီး: 'နင်ပြောသလိုငါထင်ထားတာထက်ပိုပြီးသူ့ကိုဂရုစိုက်နေမိပြီထင်တယ်'

သူမလက်ကိုထျန်မီလွှတ်လိုက်ပြီး: 'နင်တို့ကဒီလောက်ရင်းရင်းနှီးနှီးနေရတာကိုခံစားချက်မရှိဘူးဆို‌တာမဖြစ်နိုင်ပါဘူး'

'ဟုတ်လောက်မယ်' စုရန်ပြုံးလိုက်ပြီး: 'အိပ်ကြရအောင်'

စုဟုန်သူ့အရှေ့မှာရှိနေတဲ့သမီးကိုကြည့်လိုက်ပြီး: 'မနေ့ညတုန်းကဘယ်လိုလဲ?သမီးနဲ့စုန့်ထင်ယွီတို့လေ?'

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now