အပိုင်း(၁၇၀)

1.8K 121 1
                                    

ကျင်ရှန်းမှာအိမ်တွေအများကြီးရှိတယ်။အကုန်လုံးကသစ်သားတွေနဲ့ဆောက်ထားကြတာ။စုန့်မင်ဟွမ်အိမ်လဲသစ်သားတွေနဲ့ဘဲဆောက်ထားပေမယ့်သူများအိမ်တွေနဲ့နည်းနည်းလှမ်းတယ်။သူသီးသန့်နေရတာကိုကြိုက်လို့ထင်တယ်။

အိမ်ရှေ့ကိုရောက်တော့စုရန်သော့ယူပြီးတံခါးဖွင့်လိုက်တယ်။သူတို့ဟန်ကျင့်ကိုတွေ့ပြီးရင်မနက်ဖြန်ပြန်မှာဆိုတော့ပစ္စည်းနည်းနည်းလေးဘဲယူလာတယ်။

အိမ်ထဲကိုရောက်တော့အိမ်ရဲ့အပြင်အဆင်ကဟန်ကျင့်အကြိုက်ပုံစံဆိုတာကိုစုရန်ခံစားမိတယ်။အဲ့ဒါအပြင်အိမ်ထဲမှာစုန့်ထင်ယွီငယ်ငယ်လေးကနေအခုထိသူဓါတ်ပုံတွေအပြည့်ဘဲ။

ဟန်ကျင့်တွေ့ရအောင်စုန့်မင်ဟွမ်ယူလာပေးပြီးဓါတ်ပုံဘောင်ထဲမှာထည့်ထားပေးတာထင်တယ်။

အိမ်ရဲ့ထောင့်တွေမှာပန်းတွေရှိတယ်။သူတို့အိမ်ထဲက်ိုရောက်တော့ ပန်းနံ့သင်းသင်းလေးကိုရနေတယ်။

ဒီအိမ်ကိုစုန့်မင်ဟွမ်ခိုင်းထားတဲ့လူကနေ့တိုင်းသန့်ရှင်းရေးလုပ်ထားတယ်ထင်တယ်။အိမ်ကသန့်ရှင်းနေတာဘဲ။

ဒီလေးလမှာဒီနေ့ကမိုးရွာနေပေမယ့်ကောင်းကင်ကတော့ကြည်လင်နေတယ်။

စုရန်ရေနွေးနဲ့ချိုးပြီးသွားတော့လန်းဆန်းသွားတယ်လို့ခံစားရတယ်။သူမစုန့်ထင်ယွီကိုကြည့်လိုက်တော့ သူကပြတင်းပေါက်အရှေ့မှာမတ်တပ်ရပ်နေတယ်။သူမသူ့အနားကိုသွားလိုက်ပြီးသူ့လက်မောင်းကိုဖက်လိုက်ကာ: 'ခဏနေကျရင်အမေ့ဆီကိုသွားရအောင်'

စုန့်ထင်ယွီခေါင်းခါပြလိုက်ပြီး: 'မိုးရွာနေတာဆိုတော့လမ်းတွေချောနေမှာ'

ဟန်ကျင့်အုတ်ဂူကိုသွားတဲ့လမ်းကကြမ်းမှာ။တောင်ထိပ်မှာဆိုတော့ရွှံတွေလဲထူမှာ။စုန့်ထင်ယွီစုရန်က်ိုစိတ်ပူတယ်။

သူဘာကိုတွေးနေတာလဲဆိုတာကိုစုရန်သိတော့: 'ရပါတယ်။ရှင်ကျွန်မကိုသေသေချာချာဖက်ထားပေါ့'

ဒီကိုလာတာဆိုတော့စုန့်ထင်ယွီသူ့အမေက်ိုတွေ့ချင်မှာဘဲ။ဒါပေမယ့်ဒီနေ့မှမိုးကရွာနေတယ်။ဒါပေမယ့်မကြာခင်တိတ်မယ့်ပုံဘဲ။

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now