အပိုင်း(၃၇)

4.1K 329 19
                                    

ပြီး‌တော့သူ့ရဲ့ရင်ဘက်နားမှာ‌ရောနီညိုရောင်သွေးတွေနဲ့။

အဲ့ဒါပိုင်ချီရွေ့သွေးတွေဘဲဖြစ်ရမယ်။

စုန့်ထင်ယွီရဲ့မျက်နှာကလူတွေကြောက်ချင်လောက်အောင်အေးစက်နေတယ်။သူတံခါးဖွင့်ပြီးစုရန်ကိုမြင်တာနဲ့ သူမဆီကိုခြေလှမ်းကြဲကြီးတွေနဲ့လျှောက်လာလိုက်တယ်။သူမလက်ကိုလှမ်းဆွဲလိုက်ပြီး ဘာမှာမှမပြောဘဲအပြင်ကိုဆွဲထုတ်လာလိုက်တယ်။

စုရန်လဲလန့်သွားပြီးမေးလိုက်တယ်: 'ရှင်ဘာလုပ်နေတာလဲ?'

သူမအတွင်းခံအင်္ကျီအပါးတစ်ထပ်ဘဲဝတ်ထားတယ်ဆိုတာသူမသိတယ်။သူမတို့နှစ်ယောက်ဆွဲလားရမ်းလားလုပ်နေတုန်းမှာ သူမရဲ့ရင်ဘက်ကိုသူမဖုံးထားလိုက်ရတယ်။စောစောတုန်းကသူမကြိုးမပါတဲ့braကိုလဲဝတ်ထားတော့ နည်းနည်းလေးရုန်းလိုက်တာနဲ့ ပေါ်သွားတော့မှာ။

စုန့်ထင်ယွီ သူမဘက်ကိုလှည့်တောင်မကြည့်ဘဲ သူ့လက်တွေနဲ့သူမလက်ကောက်ဝတ်လေးကိုအတင်းဆွဲလိုက်ပြီး: 'ငါ့နောက်လိုက်ခဲ့'

စုရန်အရမ်းကိုရှက်သွားပြီး သူ့လက်‌ကိုအားနဲ့ရုန်းလိုက်ကာ: 'ကျွန်မကိုရှင်ဘယ်ခေါ်သွားမလို့လဲ?'

သူ့လက်ထဲကနေရုန်းလို့ရသွားတော့ သူမbraကိုပြန်ပြင်ဆင်ချိန်မရလိုက်ဘဲ အပြင်အင်္ကျီအပါး‌လေးကိုဘဲပြန်ဆွဲတင်လိုက်တယ်။သူမအနောက်ကိုဆုတ်သွားပြီး ဒီအချိန်မှာစုန့်ထင်ယွီကအရမ်းကိုကြောက်စရာကောင်းနေတာကိုသူမခံစားမိတယ်။

အကယ်၍ပိုင်ချီရွေ့သာတစ်ခုခုဖြစ်သွားရင် သူမကိုသူသေချာပေါက်ကလဲ့စားချေမှာသေချာတယ်။

'စုရန် မင်းအချင်ယောင်ဆောင်နေတာလား?' စုန့်ထင်ယွီရှေ့တိုးလာပြီး စုရန်ကိုလှမ်းဆွဲလိုက်ကာ သူ့ရဲ့အေးစက်နေတဲ့မျက်လုံးတွေနဲ့ကြည့်လိုက်ပြီး: 'ညတုန်းကဖြစ်ခဲ့တာတွေကိုမေ့သွားပြီလား?ငါမင်းကိုသတိပေးရဦးမှာလား?'

'ကျွန်မကသူ့ကိုတွန်းခဲ့တာလို့ရှင်ကထင်နေတာလား?'

အဖြေကိုစုရန်သိပြီးနေပေမယ့် စုန့်ထင်ယွီပြောတာကိုသူမကြားချင်သေးတယ်။

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now