အပိုင်း(၄၄)

4.1K 299 5
                                    

'ဝမ်ရှီ...'

မဒမ်စုန့်သူ့နာမည်ကိုခေါ်ပြီး အပေါ်ထပ်ကိုမြန်မြန်တက်သွားလိုက်တယ်။

စုန့်ဝမ်ရှီလှေကားအပေါ်မှာထိုင်နေပြီး လှေကားလက်ရန်းကိုကိုင်ကာအောက်ထပ်ကိုကြည့်နေတယ်။

ဒါဆိုစောစောတုန်းကဖြစ်သွားတာတွေကိုသူအကုန်မြင်ပြီးကြာပြီးပြီပေါ့။

သူနိုးပြီးပြီးချင်းဒီမြင်ကွင်းကိုတွေ့လိုက်ရတာပေါ့။

သူ့ကိုမဒမ်စုန့်အားနာသွားပြီး သူမလက်တွေကိုဆန့်လိုက်ပြီး: 'ဝမ်ရှီ အ...'

အရင်တုန်းကသူမခေါ်လို့ရှိရင် သူမဆီကိုသူချက်ချင်းပြေးလာနေကျ။အခုတော့ သူရပ်နေပြီးမှ တဖြေးဖြေးအနောက်ကိုဆုတ်သွားပြီးသူ့အခန်းထဲကိုပြန်ဝင်သွားလိုက်တယ်။

အထီးကျန်နေတဲ့သူ့ရဲ့ပုံစံကလူတွေကိုရင်နာစေတယ်။

'အဘွား သမီးအပေါ်ကိုသွားပြီးသူ့ကိုကြည့်လိုက်ဦးမယ်'

စုရန်ဧည့်ခန်းကနေ အပေါ်ထပ်ကိုတက်ပြီး စုန့်ဝမ်ရှီအခန်းကိုသွားလိုက်တယ်။တံခါးပိတ်ထားလို့ သူမတံခါးဖွင့်ဖို့လုပ်လိုက်တော့ lockကျနေတာကိုသိသွားတယ်။

သူမတံခါးနားကိုကပ်ပြီးနားထောင်ကြည့်တော့ အထဲမှာတိတ်ဆိတ်ပြီးငြိမ်သက်နေတယ်။သူမတံခါးကိုအကြိမ်ကြိမ်ခေါက်လိုက်ပြီး: 'ဝမ်ရှီ မေမေပါ။တံခါးကိုဘာလို့lockချထားတာလဲ?တံခါးဖွင့်ဦးနော် ဟုတ်ပြီလား?မေမေဝင်လာချင်လို့ပါ'

ဒါပေမယ့်အထဲမှာဘာလှုပ်ရှားမှုမမရှိဘူး။

သူအထဲမှာဘာလုပ်နေလဲစုရန်မသိဘူး။ဘာတွေဖြစ်နေတာလဲ။သူမစိတ်ပူသွားပြီး တံခါးကိုဆက်ပြီးခေါက်နေလိုက်တယ်။

စုန့်ဝမ်ရှီတံခါးlockချထားတာဒါပထမဆုံးဘဲ။

'ဝမ်ရှီ တံခါးဖွင့်ပါဦး'

မဒမ်စုန့်လဲစုန့်မင်ဟွမ်ကိုတွဲခိုင်းထားပြီး အပေါ်ထပ်ကိုတက်လာလိုက်တယ်။ 'ဘာဖြစ်လို့လဲ?ဝမ်ရှီတံခါးမဖွင့်ပေးဘူးလား?'

စုရန်ခေါင်းညိတ်ပြလိုက်ပြီး: 'သူအထဲမှာlockချထားတယ်'

စုန့်မင်ဟွမ်မျက်မှောင်ကြီးကြုတ်ပြီးပြောလိုက်တယ်: 'စိတ်မပူပါနဲ့။ဒီအိမ်ရဲ့သော့တွေအားလုံးရှိတယ်'

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now