အပိုင်း(၇၈)

3.2K 230 0
                                    

ဆွဲဆောင်မှုရှိတာ?

စုရန်ပြုံးလိုက်မိတယ်။အဲ့ဒီစကားလုံးကသူမစိတ်ထဲမှာဘာလို့ပေါ်လာမှန်း စုရန်လဲမသိဘူး။

မိန်းကလေးငယ်ငယ်လေး‌အုပ်စုဖြတ်သွားတော့ သူ့ဘက်ကိုသူမသိအောင်လက်ညှိုးလေးတွေထိုးပြီး တစ်ယောက်နဲ့တစ်ယောက်တိုးတိုးလေးပြောသွားကြတယ်။သူတို့တွေဖုန်းတောင်ထုတ်ပြီးသူ့ကိုဓါတ်ပုံရိုက်သွားကြတယ်။

သူလဲသတိထားမိသွားတယ်တယ်။ရုတ်တရက်လှည့်ကြည့်လာတယ်။စုရန်ကိုသူတွေ့သွားတော့စွဲမက်ဖွယ်ကောင်းတဲ့အပြုံးနဲ့ပြုံးပြလိုက်တယ်။

သူစီးကရက်မီးကိုသတ်လိုက်ပြီး သူမဆီကိုလျှောက်လာလိုက်တယ်။သူမကိုင်ထားတဲ့အိတ်ကိုသူကြည့်လိုက်ပြီး: 'မင်းဆိုဒ်အမှန်ကိုဝယ်ခဲ့ရဲ့လား?'

'မှန်တယ်!'

သူမဆိုဒ်ကိုသူဘယ်လိုလုပ်ပြီးသိလဲဆိုတာကိုစုရန်မသိဘူး။ပြီးတော့လဲဆိုဒ်အတိအကျကိုသိနေတာ။အရင်တစ်ခေါက်တုန်းကသူမအတွင်းခံကသေးလို့မဟုတ်ဘဲ သူမတို့တွေတွန်းလားဆွဲလားလုပ်နေကြလို့ကြယ်သီးကပြုတ်သွားရတာ။

'ဒီဇိုင်းကရော?'

'စုန့်ထင်ယွီ တော်လောက်ပြီ!' စုရန် သူ့ကိုအော်လိုက်တယ်။သူမကိုသူတမင်စနေတယ်ဆိုတာကိုစုရန်သိတယ်။သူ့ကိုသူမဂရုမစိုက်တော့ဘဲ သူမမျက်နှာနီရဲနေရက်နဲ့ဘဲထွက်လာလိုက်တယ်။

ညအမှောင်‌မှာတော့ သူမရှက်သွားတဲ့မျက်နှာကိုစုန့်ထင်ယွီမြင်လိုက်တယ်။

စုရန်ဖုန်းကိုကြည့်လိုက်ပြီး: '၁၀နာရီတောင်ရှိနေပြီ။အိမ်ပြန်ကြတော့မလား?'

စုန့်ထင်ယွီတိုးတိုးလေးပြောလိုက်တယ်: 'စောသေးတယ်လေ'

'မနက်ဖြန်ကျရင် ရှင်အလုပ်လုပ်ရဦးမှာလေ'

သူမလက်ကိုစုန်ထင်ယွီကိုင်လိုက်ပြီး မနီးမဝေးနေရာကိုလက်ညှိုးထိုးပြလိုက်ကာ: 'အဲ့ဒီဘားကိုသွားရအောင်။ဒီနေ့ကဟွမ်ဟိုင်မှာတစ်နှစ်မှတစ်ကြိမ်ကျင်းပတဲ့ဘီယာပွဲတော်ရှိတယ်'

'ဘီယာပွဲတော်?'

စုရန်လဲတစ်ခါမှမတွေ့ဖူးတော့သွားဖို့ကိုခေါင်းညိတ်လိုက်တယ်။သူတို့အဲ့ဒီကိုသွားလဲဘဲတစ်နာရီလောက်ဘဲကြာမှာဆိုတော့ ၁၁နာရီဘဲရှိဦးမှာ။

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးDove le storie prendono vita. Scoprilo ora