အပိုင်း(၁၂၆)

2.2K 171 1
                                    

'ရပါတယ်။ပြောစရာလူတွေမှမဟုတ်တာကို' ရှီဟန်လက်ယမ်းပြလိုက်ပြီး အနေခက်နေတယ်။ပြီးတော့သူမတစ်ခုခုကိုစဉ်းစားမိသွားပြီး ဘေးကမိန်းကလေးကိုပြကာ: 'သူကဝေ့လန်တဲ့။ကျင့်ချန်ရဲ့
အမေလေ'

'ဝေ့မိန်းကလေး တွေ့ရတာဝမ်းသာပါတယ်' စုရန်နှုတ်ဆက်လိုက်တယ်။

ဝေ့လန်မျက်နှာကအတွေးတစ်ခုခုမှာနစ်မျောနေသလိုမျိုးကြည့်ရတာထူးဆန်းနေတယ်။သူမလဲစုရန်ကိုမြန်မြန်ပြန်နှုတ်ဆက်လိုက်ပြီးလုကျင့်ချန်ဆီကိုသွားကာ: 'ကျင်ချန် သွားရအောင်'

စုရန်အံ့ဩသွားပြီး: 'ဘာလို့အလျင်လိုနေတာလဲ?ငါကနင်တို့နဲ့ထမင်းစားချင်သေးတာ'

'ကျေးဇူးတင်ပေမယ့်မလိုပါဘူး'

ဝေ့လန်လုကျင့်ချန်ကိုခေါ်ပြီးထွက်သွားတယ်။ရှီဟန်လဲထူးဆန်းနေတယ်လိုခံစားရပြီးစုရန်ကိုပြောလိုက်တယ်: 'ဝေ့လန်ကငါတက္ကသိုလ်တက်တုန်းကသူငယ်ချင်း။သူငါ့ဆီကိုလာလည်တာလေ။ကြည့်ရတာသူ့မှာအရေးကြီးကိစ္စရှိလို့ထင်တယ်။နောက်နင်အားမှဘဲငါတို့အတူတူထမင်းစားကြရအောင်'

စုရန်သူတို့ကိုတံခါးဝထိလိုက်ပို့ပေးပြီးတော့စုန့်ဝမ်ရှီကိုလက်ဆွဲပြီးအခန်းထဲကိုပြန်လာခဲ့တယ်။သူမတို့လဲပြန်လာရော စုန့်ထင်ယွီခေါင်းငုံ့ပြီးတစ်ခုခုကိုလေးလေးနက်နက်စဉ်းစားနေတာကိုတွေ့သွားတယ်။

'ဘာဖြစ်လို့လဲ?'

စုန့်ထင်ယွီခေါင်းမော့လာပြီး: 'စောစော‌တုန်းကမိန်ကလေးရဲ့နာမည်ကဘာလဲ?'

'ရှီဟန်လား?'

'မဟုတ်ဘူး။ကိုယ်ရှီဟန်ကိုဝမ်ရှီမတော်တဆဖြစ်တုန်းကတွေ့ဖူးတယ်လေ။ရှီဟန်မဟုတ်ဘဲတစ်ခြားတစ်ယောက်ကိုပြောတာ'

'ဝေ့လန်လား' စုရန်စဉ်းစားမရဖြစ်သွားပြီး: 'ဘာလို့လဲ?'

'ဟုတ်တယ်။သူ့ရဲ့မျိုးရိုးနာမည်ဝေ့ကိုး'

'ဘာလို့လဲ?'

စုန့်ထင်ယွီသူမကိုကြည့်လိုက်ပြီး: 'မင်းနန်ချန်ကဝေ့မိသားစုကိုသိလား?'

'သိတယ်လေ။ဒါပေမယ့်ကုမ္ပဏီဒေဝါလီခံသွားပြီးကတည်းကသူတို့အကြောင်းကိုမကြားရတော့ဘူးလေ.....' စုရန်ရုတ်တရက်သဘောပေါက်သွားပြီး: 'ဝေ့လန်ကအဲ့ဒီဝေ့မိသားစုကလား?'

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now