အပိုင်း(၁၃၉)

1.8K 172 5
                                    

'ဟုတ်ပါပြီ။ထပ်မပြောကြပါနဲ့တော့' ပိုင်ချီရွေ့သူမရဲ့လက်ထောက်ကိုကြည့်လိုက်ပြီး သူမမျက်ရည်တွေကိုသုတ်လိုက်တယ်။ပြီးတော့ သူမရဲ့ပရိတ်သတ်တွေကိုပြုံးပြလိုက်ပြီး: 'ဒီနေ့ကျွန်မဆီကိုလာလည်ပေးကြတဲ့အတွက်အရမ်းအရမ်းကိုကျေးဇူးတင်ပါတယ်။ဒါပေမယ့်နောက်တစ်ခါလာရင်လက်ဆောက်တွေအများကြီးမယူလာခဲ့နဲ့တော့နော်။အဲ့တာကရှင်တို့တွေပိုက်ဆံနဲ့အချိန်ကုန်လို့ပါ။ရှင်တို့တွေကျွန်မကိုတစ်ခါတလေလာပြီးစကားပြောနေတာနဲ့တင်ဘဲကျွန်မကပျော်နေပါပြီ။ရှင်တို့တွေကကျွန်မအပေါ်ကိုအရမ်းကောင်းကြပါတယ်...'

သူမရဲ့အခုပုံစံကလူတွေကိုရင်ကွဲနာကျစေနိုင်တယ်။ပရိတ်သတ်အယောက်နှစ်ဆယ်လုံးကလက်သီးတွေကိုဆုပ်ထားကြတယ်။

'ရွေ့ရွေ့စိတ်မပူပါနဲ့။ကျွန်မတို့တွေကအမြဲတမ်းရွေ့ရွေ့ဘက်မှာဘဲရှိနေမှာပါ' ပရိတ်သတ်ခေါင်းဆောင်ကပြောလိုက်တယ်။

'ကျေးဇူးတင်ပါတယ်'

ပိုင်ချီရွေ့မတ်တပ်ရပ်ပြီးသူတို့အားလုံးနဲ့အတူတူဓါတ်ပုံရိုက်လိုက်တယ်။သူတို့တစ်ယောက်ချင်းစီနဲ့လဲသူမမငြီးမငြူဘဲရိုက်ပေးလိုက်တယ်။

ရိုက်ပြီးသွားတော့ ပိုင်ချီရွေ့ သူမရဲ့ပရိတ်သတ်တွေကိုကျေးဇူးတင်စကားထပ်ပြောပြီးပြန်သွားလိုက်တယ်။

သူမထွက်သွားတာကိုကြည့်ပြီးပရိတ်သတ်တစ်‌ယောက်ကငိုပြီးပြောလိုက်တယ်: 'ရွေ့ရွေ့ကဘာလို့ဒီလောက်တောင်သနားစရာကောင်းရတာနဲ့။နေမကောင်းဖြစ်နေတာတောင်မှရုပ်ရှင်ရိုက်နေရသေးတယ်။အဲ့ဒီလူတွေကသူမကြိုးစားတာကိုဘာလို့မမြင်ရတာလဲ?သူမကြိုးစားတာကယောက်ျားတစ်ယောက်နဲ့အိပ်ဖို့ဆိုပြီးပြောထွက်ကြတယ်နော်'

'ငါလဲထူးဆန်းတယ်လို့ထင်တယ်။အရင်ကရွေ့ရွေ့မှာမကောင်းသတင်းမရှိခဲ့တာကိုဘာလို့အခုမှပိုပိုပြီးများလာရတာလဲ?' ပရိတ်သတ်တစ်‌ယောက်ကမေးခွန်းထုတ်လိုက်တယ်။

'ဘာကိုပြောချင်နေတာလဲ?' လူတိုင်းကသူ့ကိုကြည့်ပြီးမေးလိုက်တယ်။

'ငါထင်တာကတော့အဲ့ဒီမိန်မစုရန်ကမီဒီယာတွေနဲ့ပေါင်းပြီးရွေ့ရွေ့ကိုဂုဏ်သိက္ခာကျအောင်လုပ်နေတာလားမသိဘူး။ဟောင်ကောင်မှာသူတို့အနောက်ကိုလိုက်တဲ့သတင်းသမားကလဲသူဘဲပိုက်ဆံပေးပြီးခိုင်းထားတာလားမသိဘူး။မဟုတ်ရင်ဟောင်ကောင်အထိသွားတာကိုဘယ်လိုလုပ်ပြီး ဓါတ်ပုံရိုက်ခံရတာလဲ?'

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now