အပိုင်း(၅၂)

4.5K 345 19
                                    

'ကျွန်မ...' ခုချိန်မှာစုရန်ဘာမှမပြောနိုင်ဘူးဖြစ်နေတယ်။အဲ့ဒီတုန်းကဖြစ်သွားတာတွေကမြန်ဆန်လွန်းတယ်။အဲ့ဒီတုန်းကသူမတောင်အသိစိတ်တွေလွတ်နေခဲ့တာကို သူ့ကိုဘယ်လိုလုပ်ပြီးဆက်သွယ်ဖို့အချိန်ရှိခဲ့မှာလဲ?စုန့်ဝမ်ရှီအသက်အန္တရာယ်ကနေလွတ်လာတော့လဲ သူအဝေးကြီးမှာရှိနေလို့ဆိုပြီး စိတ်မပူရ‌အောင်မပြောဘဲနေခဲ့တာ။

'နောက်တစ်ခါပြဿနာတစ်ခုခုဖြစ်ရင် ကိုယ့်ကိုမဖုံးကွယ်ပါနဲ့တော့။ကိုယ့်စိတ်ထဲမှာဝမ်ရှီကအရမ်းကိုအရေးကြီးတယ်'

စုရန်heartထိသွားပြီး ခေါင်းညိတ်ပြလိုက်တယ်။ဒီနှစ်တွေမှာ လင်ချန်ဟွမ်သူမတို့နှစ်ယောက်အပေါ်ကိုတော်တော်‌လေးဂရုစိုက်‌ပေးတယ်။စုန့်ဝမ်ရှီနဲ့လဲအတော်လေးဆက်ဆံရေးကောင်းတယ်။

သူမအမှန်ဆိုရင်စုန့်ဝမ်ရှီအကြောင်းကိုပြောပြခဲ့သင့်တယ်။

'နောက်တစ်ခါကျရင်ကျွန်မသေချာပေါက်ပြောပြပါ့မယ်'

သူမရဲ့အဖြေကိုလင်ချန်ဟွမ်ကျေနပ်သွားပြီး သူမကိုနူးညံ့ညင်သာတဲ့အကြည့်နဲ့ကြည့်လိုက်တယ်။

တစ်ဝက်ပွင့်နေတဲ့တံခါးကနေပြီးတံခါးခေါက်သံနဲ့ချောင်းဟန့်သံကိုကြားလိုက်ရတယ်။

စုရန်နဲ့လင်ချန်ဟွမ်တို့နှစ်ယောက်စလုံးလှည့်ကြည့်လိုက်ကြတယ်။

စောစောတုန်းကထွက်သွားတဲ့စုန့်ထင်ယွီပြန်ရောက်လာတယ်။အခုသူအပြင်မှာမတ်တပ်ရပ်နေတယ်။

ခံစားချက်မဲ့နေတဲ့မျက်နှာနဲ့စုရန်ကိုကြည့်လိုက်ပြီး: 'စုရန် မင်းငါနဲ့ခဏလိုက်ခဲ့ဦး။ဒေါက်တာရှူငါတို့ကိုရှာနေလို့'

ဒေါက်တာရှူသူမတို့ကိုရှာတယ်ဆိုတာစုန့်ဝမ်ရှီကိစ္စဘဲနေမှာမို့လို့ သူမမကျန့်ကြာချင်ဘူး။သူမဘေးမှာရှိနေတဲ့လင်ချန်ဟွမ်ကိုပြောလိုက်တယ်: 'ချန်ဟွမ် ဝမ်ရှီကိုခဏကြည့်ပေးထားဦး။ကျွန်မခဏသွားလိုက်ဦးမယ်'

စောစောတုန်းကလင်ချန်ဟွမ် စုန့်ထင်ယွီကိုကြည့်နေတာ။သူမလဲပြောတော့သူမဘက်ကိုလှည့်လိုက်ပြီး: 'သွားလေ ကိုယ်ဝမ်ရှီကိုကြည့်ထားပေးမယ်'

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးOnde as histórias ganham vida. Descobre agora