အပိုင်း(၁၂၁)

2.5K 182 1
                                    

အဲ့ဒါကြောင့်ဘဲသူခြေချော်သွားပြီးကြမ်းပြင်ပေါ်ကိုပြုတ်ကျတော့မလို့။ဒါပေမယ့်ကံကောင်းလို့ဘေးကထိုင်ခုံကိုကိုင်မိပြီးမပြုတ်ကျသွားဘူး။

စုရန်လဲအသံတွေကိုကြားပြီးအိပ်ရာကနေနိုးလာကာမီးကိုလှမ်းဖွင့်လိုက်တယ်။သူမအရှေ့မှာရှိနေတဲ့သူကတွေ့သွားပြီး သူမမျက်လုံးတွေကိုပွတ်လိုက်ကာ: 'ရှင်ပြန်လာပြီလား'

စုန့်ထင်ယွီခုံမှာထိုင်ပြီး သူ့ဒူးခေါင်းကိုပွတ်နေလိုက်တယ်။သူ့ခြေထောက်အရှည်ကြီးနဲ့အဲ့ဒီအထုပ်ကိုကန်လိုက်ပြီး: 'ဒါကဘာကြီးလဲ?'

စုရန်အိပ်ယာပေါ်ကိုပြန်လှဲလိုက်ပြီးကော်ဇော်ပေါ်ကအထုပ်ကိုကြည့်လိုက်တယ်။အစကသူမအဲ့ဒီအထုပ်ကိုဖွင့်ကြည့်မလို့ဘဲ။ဒါပေမယ့်စုန့်ဝမ်ရှီကိုအဖော်ပြုပြီးကစားပေးရင်းနဲ့သူမလဲမေ့သွားခဲ့တာ။

'ဒါက....' စုရန်အသံကတိုးတိုးလေးဖြစ်နေပြီး: 'ထျန်မီရှင့်အတွက်ဆိုပြီးပို့ပေးလိုက်တာ။အဲ့ဒီမှာကပ်ကြေးရှိတယ်။ရှင့်ဘာသာရှင်ဖွင့်ကြည့်လိုက်'

'ကိုယ့်အတွက်ပေါ့လေ' စုန့်ထင်ယွီအံ့ဩတကြီးနဲ့သူ့ကိုယ်သူလက်ညှိုးထိုးပြလိုက်တယ်။သူမှတ်မိတာမမှားဘူးဆိုလို့ရှိရင် စုရန်အချစ်ဆုံးသူငယ်ချင်းကသူ့ကိုသိပ်ပြီးကြည်တာမဟုတ်ဘူး။

ဟိုညတုန်းကသူမစုရန်ကိုကူညီပြီးသူ့ကို
အေးခဲနေတဲ့အပြင်မှာအကြာကြီးပစ်ထားခဲ့တာ။

'အင်း ထျန်မီကပြောတယ်ရှင့်အတွက်တဲ့။ကျွန်မကိုမဖွင့်ကြည့်ခိုင်းဘူး...' စုရန်လက်ကိုခါပြလိုက်တယ်။သူမအိပ်ချင်လွန်းလို့သူနဲ့ဆက်ပြောချင်စိတ်မရှိတော့ဘဲ: 'ရှင့်ဖွင့်ပြီးကြည့်ကြည့်လိုက်'

စုန့်ထင်ယွီလဲအရမ်းကိုသိချင်နေပြီ။သူကုတ်အင်္ကျီကိုချွတ်လိုက်ပြီးအင်္ကျီလက်ကိုခေါက်တင်လိုက်တယ်။ပြီးတော့ကပ်ကြေးကိုရှာပြီးထုပ်ထားတာတွေကိုဖြတ်လိုက်တယ်။သူတစ်ထပ်ပြီးတစ်ထပ်ဖွင့်နေလိုက်တယ်။သူလဲဒီအထုပ်ကိုဒီလောက်တောင်တစ်ထပ်ပြီးတစ်ထပ်ထုပ်ထားလိမ့်မယ်လို့မထင်ထားဘူး။

နောက်ဆုံးတစ်ထပ်ကိုလဲဖြတ်ပြီးရောအထဲမှာပူပေါင်းပလက်စတစ်အိတ်နဲ့ထုတ်ထားတယ်။
(အဲ့ဒါကလေပစ္စည်းတွေမကွဲရအောင်ထုပ်တဲ့နေရာမှာသုံးတဲ့လက်နဲ့လိုက်ဖောက်လို့ရတဲ့ဟာကိုပြောတာပါ(

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now