အပိုင်း(၁၄၁)

1.7K 136 1
                                    

'ကျွန်တော်တို့ကဂုဏ်ယူရမှာပါ' ခေါင်းဆောင်ဝမ် စုန့်ထင်ယွီနဲ့လက်ဆွဲနှုတ်ဆက်မလို့သူ့ရဲ့လက်ဝဝကိုဆက်ထုတ်လိုက်ပြီး: 'ဥက္ကဌစုန့် မင်္ဂလာပါ'

'မင်္ဂလာပါခေါင်းဆောင်ဝမ်' စုန့်ထင်ယွီလဲသူနဲ့လက်ဆွဲပြီးပြန်နှုတ်ဆက်လိုက်တယ်။

အနုပညာလောကရဲ့စည်းမျဉ်းတွေကိုမုန်းတဲ့ဒါရိုက်တာ‌ကျောက်လဲလာပြီးလက်ဆွဲနှုတ်ဆက်လိုက်တယ်။သူ့မျက်နှာကအပြုံးတွေနဲ့ပြည့်နေကာ မြင့်မြတ်ပြီးသီလသမာဓိနဲ့ပြည့်စုံတဲ့မျက်နှာနဲ့တောင်တူနေတယ်။

သူ့မျက်နှာကိုကြည့်ပြီး ပိုင်ချီရွေ့သူ့အကြောင်းအင်တာဗျူးထားတာကိုသတိရသွားတယ်။အဲ့ဒီအင်တာဗျူးမှာ သူမအမှန်တရားဘက်ကနေရပ်တည်ပြီး အနုပညာလောကရဲ့မကောင်းတဲ့အရာတွေကို ဝေဖန်ခဲ့တယ်။ပြီးတော့လဲပြောသေးတယ် အခုမင်းသားမင်းသမီးတွေကမသမာတဲ့လှည့်ကွက်တွေကိုသုံးပြီးသူတို့ရုပ်ရှင်ရိုက်ရဖို့ကိုလုပ်လာကြတယ်တဲ့ ။သူကတော့မင်းသားမင်းသမီးတွေရဲ့နောက်ခံကိုမကြည့်ဘူးတဲ့။သူတို့တွေရဲ့သရုပ်ဆောင်စွမ်းရည်ကိုဘဲကြည့်တာတဲ့။သူတို့သာသရုပ်ဆောင်မတော်ရင် ပိုက်ဆံရှိပြီးနောက်ခံအင်အားတောင့်တင်းနေလဲသူကတော့မရွေးဘူးတဲ့။

အခုသူ့ပုံစံကိုကြည့်လိုက်ရင်အားလုံးအံ့ဩသွားလိမ့်မယ်။

နှုတ်ဆက်ပြီးသွားတော့ အားလုံးပြန်ထိုင်လိုက်ကြတယ်။ပိုင်ချီရွေ့ကတော့စုန့်ထင်ယွီဘေးမှာထိုင်လိုက်တယ်။

ခေါင်းဆောင်ဝမ်ကပိုင်ချီရွေ့ကိုကြည့်ပြီးပြောလိုက်တယ်: 'စောစောတုန်းကမင်းဘာမှမစားဘဲဘာလို့အပြင်ထွက်သွားတာလဲဆိုပြီးငါစဉ်းစားနေတာ။လက်စသတ်တော့မင်းကသူ့ကိုသွားကြိုနေတာကိုး'

ပိုင်ချီရွေ့ စုန့်ထင်ယွီကိုကြည့်လိုက်ပြီး ရှက်နေတဲ့ပုံစံနဲ့: 'ကျွန်မကဒီအတိုင်းဘဲသူ့ကိုအခန်းထဲခေါ်လာပေးတာပါ...'

အစကတော့ စုန့်ထင်ယွီမျက်နှာပြပြီးတာနဲ့ပြန်မလို့ဘဲ။ဒါပေမယ့်သူမရဲ့မန်နေဂျာရောလက်ထောက်ရောတစ်ယောက်မှမရှိတာကိုသတိထားမိပြီး သူမလဲမူးနေတာနဲ့ သူညစာစားပြီးတဲ့အထိစောင့်ပေးနေလိုက်တယ်။ပြီးတော့ပိုင်ချီရွေ့ကိုခေါ်ပြီးပြန်လာခဲ့တယ်။

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now