သူမအရှေ့မှာ ဓါတ်ပုံဘောင်ကိုတစ်ယောက်ကလာကိုင်လိုက်တယ်။သူမလဲလန့်သွားပြီး ဆိုဖာကနေထလိုက်တယ်။သူမတစ်ခုခုကိုတိုက်မိသွားတယ်လို့ခံစားလိုက်ရပြီး တစ်ခုခုပြုတ်ကျသွားတဲ့အသံကိုကြားလိုက်ရတယ်။သူမလှည့်ကြည့်လိုက်တော့ စုန့်ထင်ယွီ သူ့မေးစေ့ကိုကိုင်ပြီး သူမကိုမျက်မှောင်ကြုတ်ပြီးကြည့်နေတာကိုတွေ့သွားတယ်။
'ရှင်ဘာလုပ်နေတာလဲ?' စုရန်မေးလိုက်တယ်။
သူမေးစေ့ကိုပွတ်နေပြီး ဘာမှပြန်မပြောဘူး။ပြီးတော့ သူ့ရဲ့နက်မှောင်နေတဲ့မျက်လုံးတွေနဲ့သူမကိုဘဲစိုက်ကြည့်နေလိုက်တယ်။
သူကြည့်နေတာကြောင့်စုရန်လဲမနေတတ်တော့ဘဲမျက်နှာလွှဲလိုက်တယ်။သူမထွက်သွားမလို့လုပ်လိုက်တော့ သူမပုခုံးကိုကိုင်ပြီး သူနဲ့မျက်နှာချင်းဆိုင်ရအောင်လုပ်လိုက်ပြီး စောစောကလိုဘဲကြည့်လိုက်ကာ: 'မင်းစောစောကငိုထားတာလား?'
စုရန်မျက်လုံးတွေကိုပွတ်လိုက်ပြီးဝန်မခံဘဲ: 'မဟုတ်ပါဘူး'
သူမလက်ထဲကဓါတ်ပုံကိုစုန့်ထင်ယွီယူပြီး သေချာကြည့်လိုက်ကာ: 'မင်းcelloတီးတတ်တာကိုယ်မသိပါလား?'
'အရင်တုန်းကကျွန်မအမေကcelloပညာရှင်လေ။ကျွန်မကတော့ ကောင်းကောင်းမတီးနိုင်ခဲ့ပါဘူး။ကျွန်မကတော်တော်တုံးတာ။ကျွန်မအချိန်အကြာကြီးသင်ခဲ့တာတောင်ကောင်းကောင်းမတီးတတ်ခဲ့ဘူး'
သူမစကားတွေကိုစုန့်ထင်ယွီဂရုတစိုက်နဲ့နားထောင်ပေးနေတယ်။သူမကိုယ်သူမရယ်လိုက်နေပြီး ရင်နာနေတဲ့ပုံနဲ့ပြောနေတယ်။
သူ့နှလုံးသားတွေကိုထိုးနှက်နေသလိုမျိုးခံစားလိုက်ရတယ်။
သူဆိုဖာပေါ်မှာထိုင်လိုက်ပြီးသူမကိုလဲဆွဲလိုက်တယ်။သူမကမတ်တပ်ရပ်နေပြီ သူကထိုင်နေတယ်။သူမရဲ့မျက်နှာလေးကိုပွတ်ပေးလိုက်ပြီး: 'လူတိုင်းမှာသူကျွမ်းကျင်တဲ့အရာကရှိပါတယ်'
ဒါကသူမကိုနှစ်သိမ့်ပေးနေတာလား?
စုရန်ပြုံးပြီးခေါင်းညိတ်ပြလိုက်တယ်။
ပြီးတော့စုန့်ထင်ယွီ သူမကိုလွှတ်ပေးလိုက်တယ်။နောက်ပြီးသူ့ရဲ့နက်ခတိုင်ကိုချွတ်ပြီးဆိုဖာပေါ်ကိုပစ်တင်လိုက်တယ်။သူ့လက်ကြယ်သီးတွေကိုဖြုတ်ရင်းသူမကိုမေးလိုက်တယ်: 'ဒီနေ့ဝမ်ရှီကိုမင်းဘယ်ခေါ်သွားတာလဲ?'
BẠN ĐANG ĐỌC
နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူး
Lãng mạnSummary လေးနှစ်ကြာလက်ထပ်ပြီးတဲ့နောက် စုရန်နဲ့စုန့်ထင်ယွီတို့ကြားမှာအချစ်ဆိုတာမရှိခဲ့ပါဘူး။စုရန်ရဲ့ကိုယ်ဝန်ကြောင့်အတင်းအကျပ်လက်ထပ်ပေးခြင်းခံခဲ့ရတာပါ။စုန့်ထင်ယွီထင်ခဲ့တာကစုရန်ကစုန့်အိမ်ကိုဝင်လာဖို့အတွက်ရည်ရွယ်ချက်ရှိရှိနဲ့လှည့်စားခဲ့တဲ့မြေခွေးလိုမိန်း...