အပိုင်း(၁၅၀)

2.3K 193 5
                                    

သူ့အသံကကွဲအက်နေပြီး: 'စုရန် ကိုယ်သူနဲ့ဘာမှမလုပ်ခဲ့ဘူး။ကိုယ်သူနဲ့လမ်းခွဲလိုက်ပြီဆိုတာကိုအားလုံးကိုပြောလိုက်တော့မယ်။နောက်လဲသူနဲ့ဘယ်တော့မှမတွေ့တော့ဘူး ဟုတ်ပြီလား။ကိုယ်နဲ့မကွာရှင်းပါနဲ့။မကွာရှင်းပါနဲ့နော်...'

စုန့်ထင်ယွီဘဝမှာဒါကပထမဆုံးအကြိမ်နှိမ့်ချပြီးတောင်းပန်ခြင်းဘဲ။

သူ့ဘဝတစ်လျှောက်လုံးသက်တောင့်သက်သာပျော်ပျော်ရွှင်ရွှင်နဲ့ဘဲနေလာခဲ့ရတာ။စုရန်နဲ့မတွေ့ခင်အချိန်အထိ သူလူတစ်ယောက်က်ိုသူ့ဘေးနားကနေထွက်မသွားဖို့တောင်းပန်ရလိမ့်မယ်လို့ထင်မထားခဲ့ဘူး။

စုရန်ဘာမှပြန်မပြောဘူး။သူမရင်နာနေတာဘဲသိတယ်။

'ကိုယ့်ကိုအခွင့်အရေးတစ်ကြိမ်လောက်ထပ်ပေးပါ။နောက်ဆုံးအကြိမ်‌အနေနဲ့...'

စုရန်တိတ်နေတာကိုတွေ့တော့သူ့လက်ကိုသူမဗိုက်ပေါ်မှာတင်ပြီးပွတ်ပေးလိုက်ရင်းနဲ့: 'မင်းလဲကလေးကိုသူမွေးလာတဲ့အချိန်မှာအဖေမရှိမဖြစ်စေချင်ဘူးမဟုတ်လား?အဲ့ဒါအပြင်ကိုယ်တို့ကွာရှင်းလိုက်ရင်ဝမ်ရှီကိုရောဘယ်လိုလုပ်မလဲ?သူကအဖေရောအမေရောအတူတူရှိစေချင်မှာဘဲ။မင်း
ကိုယ့်က်ိုအခွင့်အရေးမပေးချင်ရင်တောင် ဝမ်ရှီနဲ့ကလေးလေးကိုပြန်ကြည့်ပေးနော် ကျေးဇူးပြုပြီး?'

'စုရန်...' သူမကြောင်နေတုန်းမှာသူခေါင်းငုံ့ပြီးနားကိုသူမဗိုက်နားမှာကပ်ထားလိုက်ကာ: 'ကလေးကလဲကိုယ့်ကိုမကွာရှင်းနဲ့လို့ပြောနေတာကိုကိုယ်ကြားတယ်...'

စုရန်သူ့ပုခုံးကိုတွန်းလိုက်ပြီး: 'မဟုတ်တာတွေပြောနေတယ်။ကလေးကငယ်ငယ်လေးရှိသေးတာကိုဘယ်လိုလုပ်ပြီးအဲ့လိုပြောနိုင်မှာလဲ?'

'သူပြောတာကိုကိုယ်နားလည်တယ်' စုန့်ထင်ယွီသူမဗိုက်ကနေခေါင်းကိုဖယ်လိုက်ပြီးသူမမျက်နှာလေးကိုကိုင်ကာ: 'စုရန် ကိုယ့်ကိုအခွင့်အရေးတစ်ကြိမ်လောက်ထပ်ပေးပါ။ကျေးဇူးပြုပြီးတစ်ကြိမ်လောက်ထပ်ပေး‌ပါနော်...'

သူပြောပြီးသူမပုခုံးနားကိုကပ်လာကာသူမလည်ပင်းကိုနမ်းလိုက်တယ်။

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now