အပိုင်း(၈၂)

3.1K 202 0
                                    

စုန့်ထင်ယွီလက်တွေကသူမညှပ်ရိုးပေါ်မှာရှိနေပြီး ဘယ်မှမရွေ့တော့ဘူး။သူညင်ညင်သာသာလေးပွတ်သက်ပေးနေတယ်။သူလက်တွေကတဖြည်းဖြည်းအောက်ကိုရောက်လာပြီး သူမရဲ့ရေကူးဝတ်စုံထဲကိုဝင်တော့မယ်ဆိုတာစုရန်သိနေပြီ။

သူ့လက်ကိုသူမဖမ်းဆွဲထားလိုက်ပြီး: 'အတင့်မရဲလာနဲ့။ဒီမှာလူတွေအများကြီးဘဲ'

'မီးကသိပ်မလင်းတော့ သူတို့သတိထားမိမှာမဟုတ်ဘူး'

'.....'

သူ့မှာမဟုတ်တဲ့အကြံအစဉ်ရှိနေတာကိုသိတော့ သူ့လက်ကိုလွှတ်ပြီး သူနဲ့ဝေးဝေးကိုသွားမလို့လုပ်လိုက်တယ်။သူ့နားမှာသာကြာကြာနေရင် သူမအစိမ်းလိုက်ဝါးစားခံထိတော့မှာ။

ဒါပေမယ့်သူမခါးကိုသူလှမ်းဖက်လိုက်တယ်။အခုအချိန်မှာသူမတင်ပါးကသူ့ခါးမှာကပ်နေပြီး သူမတို့ရဲ့ပုံစံကလူအထင်လွဲစရာဖြစ်နေတယ်: 'စုန့်ထင်ယွီ ကျွန်မကိုလွှတ်'

စုန့်ထင်ယွီရဲ့နှုတ်ခမ်းပါးလေးကသူမနားနားမှာကပ်ပြီး: 'ကိုယ်တို့အခန်းကိုပြန်ကြရင်ကောင်းမလား?'

သူအခန်းပြန်ဖို့ဘာလို့အကြံပေးတာလဲဆိုတာကိုစုရန်သိတော့ သူမစဉ်းတောင်မစဉ်းစားဘဲငြင်းလိုက်တယ်: 'ကျွန်မမပြန်ချင်သေးဘူး။ဝမ်ရှီကို‌အဖော်ပြုပေးချင်သေးတယ်'

'ဇီချူပြန်ပို့ပေးလိမ့်မယ်။အန်တီဖန်လဲသူ့ကိုကြည့်ထားပေးလိမ့်မယ်' စုန့်ထင်ယွီအသံကပိုပိုပြီးလေးနက်လာကာ: 'မင်းသတင်းကောင်းမကြားရသေးတာသိသင့်တာ်။အခုတလောမင်းအလုပ်ကြီးဘဲလုပ်နေတာ။ဝမ်ရှီကိုကုဖို့မင်းကလေးမြန်မြန်မရချင်ဘူးလား?'

ဒီလူကစုရန်ငြင်းလို့မရအောင်ပြောတဲ့နေရာမှာတော်တော်လေးကိုတော်‌တာဘဲ။

'ဒါဆိုရင်လဲခဏလောက်နေမှဘဲ။အခုက...' ဒီလိုကိစ္စမျိုးကိုလူမြင်ကွင်းမှာဆွေးနွေးရတာကောင်းတဲ့ကိစ္စမဟုတ်တော့ စုရန်တံတွေးမျိုချလိုက်ပြီး: ' အရမ်းစောသေးတယ်လေ...'

'ည၈နာရီတောင်ရှိနေပြီကိုဘယ်လိုလုပ်ပြီးစောတော့မှာလဲ?ပြီးတော့ အချိန်ရှိတုန်းဘာလို့အမြန်မလုပ်ဘဲနေမှာလဲ?'

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now