အပိုင်း(၄၆)

4.4K 338 11
                                    

'အင်း'  စုန့်ဝမ်ရှီအများကြီးမပြောချင်တဲ့ပုံနဲ့ပြောလိုက်တယ်။

ရှီနွမ်နွမ်လဲဘူးကိုဖွင့်ပြီး တီမီဆူရာကိုစားလိုက်တယ်။အရမ်းစားကောင်းလွန်းလို့ထင်တယ် သူမစိတ်ကျေနပ်သွားပြီး ဝမ်ရှီအနားသွားကာ သူ့ပါးလေးကိုနမ်းလိုက်တယ်: 'ဝမ်ရှီ နင်ကငါ့အပေါ်ကိုတော်တော်လေးကြင်နာတာဘဲ'

စုန့်ဝမ်ရှီလက်တွေနဲ့ပါးကိုသုတ်လိုက်ပြီး ရှီနွမ်နွမ်တံတွေးတွေကျန်နေသေးလို့ထပ်ပြီးသုတ်လိုက်တယ်။

ရှီဟန်လဲအားကိုးရာမဲ့စွာနဲ့ပြောလိုက်တယ်: 'နွမ်နွမ် သမီးကမိန်းကလေးနော်'

'အဲ့ဒီတော့?'

ရှီဟန်လဲသုံးနှစ်သမီးလေးကဒီလိုမျိုးပြန်ဖြေတာကိုဆွံ့အသွားမိတယ်။ကိုယ့်ကိုကိုယ်ထိန်းထိန်းသိမ်းသိမ်းနေရမယ်ဆိုတာကိုသူမသိသေးလို့နေမှာ။စုန့်ဝမ်ရှီနဲ့ရှီနွမ်နွမ်တွေ့ရင် အဲ့ဒီစကားကဒီကမ္ဘာပေါ်မှာတောင်မရှိတဲ့ပုံဘဲ။

ကလေးနှစ်ယောကိုကြည့်ပြီး စုရန်စိတ်အခြေအနေပြန်ကောင်းလာတယ်။

ရှီဟန်ကလူတစ်ဖက်သားကိုဂရုစိုက်တတ်တဲ့လူဆိုတော့ စုရန်ရဲ့အခြေအနေကိုနားလည်တယ်။ဒီရက်တွေအတွင်းမှာလဲသတင်းတွေကထွက်နေပြီးတော့ စုရန်မျက်နှာမကောင်းပုံနဲ့ မျက်လုံးတွေယောင်နေတာကိုကြည့်ပြီး စိတ်ပူပြီးမေးလိုက်တယ်: 'ရန်ရန် အဆင်ပြေရဲ့လား?'

'ကျွန်မအဆင်ပြေပါတယ်'

သူမကိုစုရန်ရယ်ပြလိုက်တယ်။စုန့်ထင်ယွီနဲ့သူမရဲ့ပြဿနာကို သူမတောင်‌ရှင်းရှင်းလင်းလင်းမပြောနိုင်သေးတော့ ဒီအကြောင်းကိုရှီဟန်နဲ့ သူမမပြောချင်သေးဘူး။

ရှီဟန်လဲသူမအခြေအနေကိုနားလည်တော့ ထပ်ပြီးမမေးချင်တော့တာနဲ့ ကလေးတွေအကြောင်းကိုဘဲစကားလမ်းကြောင်းလွှဲလိုက်တယ်။

နွမ်နွမ်ကသွက်လက်တက်ကြွတဲ့ကလေးဆိုတော့ သူမအကြာကြီးမထိုင်နိုင်ဘူး။သူမအခန်းထဲ‌မှာနေရတာပျင်းလာတော့ စုန့်ဝမ်ရှီကိုခေါ်ပြီးအပြင်မှာသွားကစားကြတယ်။

ဒီစားသောက်ဆိုင်ကကလေးတွေအတွက်အဆင်ပြေအောင်လုပ်‌ပေးထားတဲ့ဆိုင်ဆိုတော့ အထဲမှာပန်းခြံအသေးလေးရှိတယ်။အဲ့ဒါအပြင်လုံခြုံရေးလဲစိတ်ချရပြီးကလေးတွေကိုအပြင်မပေးထွက်ဘူး။အဲ့ဒါကြောင့်မသိတဲ့သူစိမ်းတစ်ယောက်ယောက်ကကလေး‌တွေကိုပြန်ပေးဆွဲမှာပူစရာမလိုဘူး။

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now