အပိုင်း(၁၃-၂)

4.6K 366 3
                                    

စုန့်ဝမ်ရှီအောက်ထပ်ကနေဆူညံသံတွေကိုကြားတော့အပေါ်ထပ်ကိုမြန်မြန်ပြေးတက်လာပြီး ဟနေတဲ့တံခါးကြားကနေ အဲ့ဒီမြင်ကွင်းကိုတွေ့တော့ သူလန့်သွားကာ:'မေမေ'
သူအခန်းထဲကိုပြေးဝင်မလို့လုပ်လိုက်တယ်။ဘာလို့သူ့အဘွားသူ့အမေကိုအဲ့လိုလုပ်နေလဲသူမသိပေမယ့် သူသိတာကတော့သူ့အမေကိုသူကယ်ဖို့လိုနေပြီဆိုတာဘဲ။ဒါပေမယ့်အိမ်အကူတယောက်ကသူ့ကိုမြန်မြန်ပြန်ချီထားလိုက်ပြီး:'သခင်လေး အထဲမဝင်ပါနဲ့'
စုမိသားစုကဒါမျိုးတွေကိုတွေ့နေကျဆိုပေမယ့်စုန့်ဝမ်ရှီကတော့မတွေ့ဖူးဘူးလေ။
စုရန် စုန့်ဝမ်ရှီကိုတွေ့တော့ သူမကျော‌နာနေတာကိုအောင့်ပြီးအသံအကျယ်ကြီးနဲ့အိမ်အကူကိုလှမ်းပြောလိုက်တယ်:'သူ့ကိုအရင်အောက်ခေါ်သွားလိုက်'
စုန့်ထင်ယွီကားပေါ်မှာထိုင်ပြီး သူ့လက်ချောင်းရှည်ကြီးတွေနဲ့နက်ခတိုင်ကိုဖြေလျှော့လိုက်တယ်။
စုရန်ကုမ္ပဏီကိုလာပြီးစုအိမ်ကိုသွားမလို့ခေါ်တာကိုမဒမ်စုန့်ဘယ်လိုသိသွားလဲသူမသိဘူး။ညသူအိမ်ကိုတစ်ယောက်တည်းပြန်လာတော့ သူကို့ မဒမ်စုန့် သူမတို့သားအမိကိုအတင်းသွားပြန်ကြိုခိုင်းတယ်။မကြိုရင်သူလဲအိမ်ပြန်မလာရဘူးဆိုပြီး။
စုရန်ရဲ့ကောင်းကွက်ကဘာလဲဆိုတာကိုသူတကယ်ကိုနားမလည်နိုင်ဘူး?ဘာလို့မဒမ်စုန့်သူမကိုကာကွယ်နေတာလဲ?
မဒမ်စုန့်ဘဲအသက်ကြီးလို့ယုံလွယ်သွားတာလား။စုရန်ရဲ့လှည့်စားမှုကဘဲအရမ်းတော်နေတာလားသူမသိတော့ဘူး။ဒါပေမယ့်ဒီလေးနှစ်လုံးသူမစုရန်ကိုကာကွယ်ပေးနေခဲ့တယ်။အရင်တုန်းကပိုင်ချီရွေ့အကောင်းလုပ်ပြတာတောင်မှမဒမ်စုန့်သဘောမကျခဲ့ဘူး။
ဘာဘဲဖြစ်ဖြစ် စုန့်ထင်ယွီကတော့သူမတို့ကိုသွားမကြိုချင်ဘူး။သူအိမ်ပြန်ဖို့အတွက်သွားမကြိုလို့လဲမရပြန်ဘူး။
သူဖုန်းကိုထုတ်လိုက်ပြီးစုရန့်ဖုန်းနံပါတ်ကိုနှိပ်လိုက်တယ်။
ဖုန်းကမြည်နေပေမယ့်ကိုင်မယ့်သူမရှိဘူးဖြစ်နေတယ်။သူဖုန်းချမလို့လုပ်လိုက်တော့မှရုတ်တရက်ပြန်ဖြေလာပြီး:'စုရန်လား...'
ဖုန်းကိုင်တဲ့လူကစုရန်မဟုတ်ဘဲ ငိုသံနဲ့စကားပြောနေတဲ့ကလေးသံလေးဖြစ်နေပြီး:'ဖေဖေ ဘယ်မှာလဲ?မြန်မြန်လာပြီး...'
စုန့်ဝမ်ရှီအသံက ကြားလိုက်မကြားလိုက်ဖြစ်နေပြီး အသံတွေလုံးနေတဲ့အထိကိုသူငိုနေတယ်။
စုန့်ထင်ယွီရင်တုန်သွားပြီး:'ဝမ်ရှီ သားဘယ်မှာလဲ?သားမေမေရော?ဘာတွေဖြစ်နေတာလဲ?'
သားဘွားဘွားတို့အိမ်မှာ။သူမေမေ့ကိုရိုက်နေတယ်။သူမေမေ့ကို မသေမချင်းကိုရိုက်ချင်နေတာ။ဖေဖေ မြန်မြန်လာပြီးမေမေ့ကိုကယ်ပါဦး...'
စုန့်ထင်ယွီဘာတွေဖြစ်နေလဲဆိုတာမသိပေမယ့် စုန့်ဝမ်ရှီငိုနေတဲ့အသံကိုကြားပြီးသူ့ဘေးမှာလဲစုရန်မရှိတော့ပြဿနာတစ်ခုခုဖြစ်တော့ဖြစ်နေပြီ။
'ဝမ်ရှီ တိတ်နော် ဖေဖေခုအဲ့ဒီကိုလာနေပြီ'
စုန့်ထင်ယွီ ဝမ်ရှီကိုချော့ပြောလိုက်ပြီး ဖုန်းချလိုက်ကာ စုအိမ်ကိုကားအမြန်မောင်းလာခဲ့တယ်။
သူ စုအိမ်ကို‌လွန်ခဲ့တဲ့လေးနှစ်တုန်းကတစ်ကြိမ်ဘဲသွားဖူးတယ်။
သူ စုအိမ်ရဲ့တည်နေရာကိုပြန်စဉ်းစားပြီးအမြန်ဆုံးအရှိန်နဲ့မောင်းလာလိုက်တယ်။အိမ်အကူ သူ့ကိုတံခါးဖွင့်ပေးတာနဲ့ ချက်ချင်းသူအထဲကိုဝင်လာလိုက်တယ်။
ဧည့်ခန်းထဲမှာ စုဟုန်က ကော်ဖီသောက်ပြီးသတင်းစာထိုင်ဖတ်နေတယ်။စုန့်ထင်ယွီရောက်လာတာကိုတွေ့တော့သူလန့်သွားပြီးသတင်းစာကိုပစ်ချလိုက်ပြီး ရင်နှီးတဲ့အပြုံးဖြင့်ပြုံးပြကာ:'ထင်ယွီ ဘယ်လိုလုပ်ပြီးရောက်လာတာလဲ?မလာခင်ဖုန်းလေးတောင်ကြိုမဆက်ဘူး'
စုန့်ထင်ယွီသူ့ကိုအေးစက်စွာကြည့်လိုက်ပြီး:'စုရန်ရော?'
စုဟုန်မျက်နှာပျက်သွားပြီး:'ရန်ရန် အပေါ်မှာ။သူ....'
စုန့်ဝမ်ရှီအပေါ်ထပ်ကနေချက်ချင်းဆင်းလာပြီး:'ဖေဖေ'
စုန့်ထင်ယွီခါးကုန်းပြီးသူ့ကိုချီလိုက်ကာ ငိုထားလို့နီရဲနေတဲ့ကလေးရဲ့မျက်လုံးတွေကိုကြည့်လိုက်ပြီးသူ့ရဲ့လက်တွေနဲ့မျက်ရည်တွေကိုသုတ်ပေးရင်း:'မငိုနဲ့တော့နော် ဟုတ်ပြီလား'
'ဖေဖေ မေမေ့ကိုကယ်ပေးရမယ်နော်...'
'ဟုတ်ပြီ' စုန့်ထင်ယွီ သူ့ကိုချီပြီးအပေါ်ထပ်ကိုတက်သွားလိုက်တော့စုန့်ဝမ်ရှီအခန်းတစ်ခုကိုညွှန်ပြလိုက်တယ်။စုန့်ထင်ယွီထူးဆန်းတဲ့အသံတွေကိုကြားနေရတယ်။သူတံခါးဖွင့်မလို့လုပ်တော့အထဲကနေတံခါးသော့ခတ်ထားတယ်။
'စုရန်' သူတံခါးကိုခေါက်ပြီးခေါ်နေပေမယ့်အထဲကနေဘာမှပြန်မပြောလာဘူး။
သူတို့အနောက်ကနေစုဟုန်မျက်နှာပျက်ပြီးလိုက်လာကာ:'ဒါစုရန်အမေရဲ့အခန်းဘဲ။သူတို့သားအမိနှစ်ယောက်စကားပြောနေကြတာနေမှာ'
စကားပြောနေတာ?ရိုးရိုးစကားပြောရင်စုန့်ဝမ်ရှီဒီလိုငိုနေမလား?

နောက်တခါလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးWhere stories live. Discover now